သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ် အစိုးရဌာနတွေမှာ DeepSeek မသုံးဖို့တားမြစ်


တိုင်ဝမ်ကျွန်းက အစိုးရရုံးတွေမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တု (AI) နည်းပညာကို မသုံးကြဖို့ ဒီကနေ့ တနင်္လာနေ့မှာ တားမြစ်လိုက်ပါတယ်။ အစောပိုင်းမှာ အသုံးမပြုသင့်ဘူးလို့ သတိပေးခဲ့ရာက အခုနောက်ဆုံး လုံခြုံရေးအတွက်အန္တရာယ်ရှိတယ်ဆိုပြီး တားမြစ်လိုက်တာပါ။

ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ တိုင်ဝမ်ကျွန်းကို လက်အောက်ခံအဖြစ်သဘောထားပြီး စစ်ရေး၊ နိုင်ငံရေးအရခြိမ်းခြောက်နေတဲ့ တရုတ်နိုင်ငံကနည်းပညာတွေအသုံးပြုရာမှာ အရင်ကတည်းက စိုးရိမ်မှုတွ ရှိနေပါတယ်။

တိုင်ဝမ်ရဲ့ သတင်းအချက်အလက်တွေလုံခြုံရေးအတွက် အစိုးရဌာနတွေမှာ DeepSeek အသုံးပြုမှု တားမြစ်ရတာဖြစ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ လို့လည်း ဝန်ကြီးချုပ် Cho Jung-tai ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ DeepSeek ရဲ့ ဆင်ဆာ ဖြတ်တောက်မှုနဲ့ အချက်အလက်တွေ တရုတ်အစိုးရလက်ထဲရောက်သွားမှာ စိုးရိမ်ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားတာပါ။ တိုင်ဝမ်ရဲ့ ဒစ်ဂျစ်တယ်ဝန်ကြီးဌာနကတော့ အစိုးရဌာနတွေမှာ DeepSeek ကို အသုံးမပြုသင့်ကြောင်း သောကြာနေ့ကပြောထားပေမဲ့ တားမြစ်ကြောင်းတော့ အတိအကျ ပြောမထားပါဘူး။

တောင်ကိုရီးယား၊ ပြင်သစ်၊ အီတလီနဲ့ အိုင်ယာလန်အပါအဝင် တခြားနိုင်ငံတွေက တာဝန်ရှိသူတွေကလည်း DeepSeek အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကုမ္ပဏီက ဘယ်နေရာတွေမှာ အသုံးချနေသလဲဆိုတာ စစ်ဆေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG