သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ် THAAD ဒုံးခွင်းဒုံး အပြည့်အဝချထားရေးဆောင်ရွက်


ကိုရီးယားကျွန်းဆွယ်မှာ THAAD ဒုံးခွင်းဒုံး စနစ် အပြည့်အ၀ ချထားနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကိစ္စရပ် တချို့ကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ဆောင်ရွက်နေတယ်လို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးက ပြောဆိုလိုက်ပါတယ်။

အမေရိကန် စစ်ဦးစီး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joe Dunford က သတင်းထောက်တွေကို အခုလို ပြောဆိုတာပါ။ ဆိုလ်းမြို့တော်မှာ ဒီကနေ့ တနလာၤနေ့ တောင်ကိုရီးယား သမ္မတ Moon Jai-In နဲ့ တွေ့ဆုံတာမှာလည်း THADD ဒုံးခွင်းဒုံး စနစ်အပြည့်အ၀ ချထားရေး အချိန်ကာလ သတ်မှတ်ချက်နဲ့ ပတ်သက်လို့တော့ အသေးစိတ် ဆွေးနွေခဲ့တာ မရှိဘူးလို့လည်း ဗိုလ်ချုပ်ကြီး Dunford က ပြောပါတယ်။

တနင်္ဂနွေ့နှောင်ပိုင်းက ထုတ်ပြန်တဲ့ Wall Street ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ ပူးတွဲ ရေးသားတဲ့ အတွေးအမြင်ဆောင်းပါး တပုဒ်မှာတော့ အမေရိကန် THAAD ဒုံးခွင်းဒုံး စနစ်ချထားရေးကို ဆက်လက် ဆောင်ရွက်နေတဲ့ အတွက်လည်း တောင်ကိုရီးယား အစိုးရသစ်ကို ချီးကျူးရေးသားထားပါတယ်။

ကိုရီးယားကျွန်းဆွယ် THAAD ဒုံးခွင်းဒုံး အပြည့်အဝချထားရေးဆောင်ရွက်
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG