(Zawgyi / Unicode)
အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ လာမယ့် ကြာသပတေးနေ့မှာ အင်ဒိုနီးရှား နိုင်ငံမှာ အထူးအစည်းအဝေး ကျင်းပပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးကြမယ့် အကြောင်း ကမေ ္ဘာဒီးယား နိုင်ငံခြားရေး ဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဂျာကာတာမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ အဆုံးသတ်ရေး ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ နှစ် အတွင်း မြန်မာ စစ်တပ် အုပ်ချုပ်သူတွေနဲ့ သဘောတူထားတဲ့ အာဆီယံရဲ့ ဘုံသဘောသတူညီချက် ၅ ရပ်ကို ကျင့်သုံးဆောင်ရွက်မှုတွေကို ဆွေးနွေးမယ့် အကြောင်း ကမေ ္ဘာဒီးယား နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Chum Sounry က ရိုက်တာ သတင်းအေဂျင်စီကို ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်း နိုဘဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချ၊ နောက် သူမနဲ့ အတူ ထောင်ချီတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး၊ သဘောထား ကွဲပြားသူတွေနဲ့ ဆန့်ကျင် ဆန္ဒပြသူတွေကို သွေးထွက်သံယို ဖြိုခွဲမှုတွေ နောက်ပိုင်း မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု သံသရာထဲ ပိတ်မိနေတာ ဖြစ်ပါတယ်။
နောက်လထဲ ကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုး ဆောင်ရွက်နိုင်ရေး ဘယ်လို တွန်းအားပေးနိုင်မလဲ ဆိုတဲ့ အကြံပြုချက်တွေ ထွက်ပေါ်လာအောင် အခု အဆာဆီယံ ဆွေးနွေးပွဲမှာ ကြိုးစားကြမယ့် အကြောင်းလည်း ကမေ ္ဘာဒီးယား နိုင်ငံခြားရေး ဌာန ပြောခွင့်ရက စာတို ပေးပို့ အကြောင်းပြန်ချက်မှာ ပြောဆိုထားပါတယ်။ ကမေ ္ဘာဒီးယားက လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်ပါတယ်။
(Unicode)