သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အာကာသစခန်းကို SpaceX ရဲ့ Crew Dragon အာကာသယာဉ် စေလွှတ်


SpaceX အာကာသယာဉ်လွှတ်တင်(နိုဝင်ဘာလ၊၁၄၊၂ဝ၂ဝ)
SpaceX အာကာသယာဉ်လွှတ်တင်(နိုဝင်ဘာလ၊၁၄၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

အမေရိကန်လူမျိုး အာကာသသူရဲကောင်း ၃ ဦးနဲ့ ဂျပန်လူမျိုး အာကာသသူရဲကောင်း ၁ ဦး လိုက်ပါသွားတဲ့ SpaceX ကုမ္မဏီရဲ့ Crew Dragon ဒုံးပျံယာဉ်ကို တနင်္ဂနွေနေ့က ဖလော်ရီဒါပြည်နယ် kennedy အာကာသစခန်းကနေ နိုင်ငံတကာအာကာသစခန်းဆီကို အောင်အောင်မြင်မြင် လွှတ်တင်လိုက်ပါတယ်။ ဒါဟာ ပြင်ပစီးပွါးရေးကုမ္မဏီတခုရဲ့ အာကာသယာဉ်ကိုသုံးပြီး နိုင်ငံတကာအာကာသစခန်းက အာကာသသူရဲကောင်း တွေ ဝန်ထမ်းအပြောင်းအလဲလုပ်ဖို့အတွက် ပထမဆုံးအကြိမ် စေလွှတ်တာဖြစ်ပါတယ်။

သူတို့ ၄ ဦးဟာ နိုင်ငံတကာ အာကာသစခန်းကို ဒီကနေ့ တနင်္လာနေ့နှောင်းပိုင်းလောက်မှာ ရောက်ရှိမှာဖြစ်ပြီး အာကာသစခန်းထဲကို ပြီးခဲ့တဲ့ လအတွင်းကရောက်နေတဲ့ အာကာသူရဲကောင်းတွေနဲ့ သွားရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက Kazakhstan နိုင်ငံကနေ ရုရှား အာကာသူရဲကောင်း ၂ ဦးနဲ့ အမေရိကန် အာကာသူရဲကောင်း ၁ ဦး အာကာသစခန်းကို စေလွှတ်ထားတာပါ။

သူတို့အနေနဲ့ အာကာသထဲရောက်နေတဲ့ အချိန်မှာ မုန်လာပင်တွေစိုက်ပျိုးဖို့နဲ့ ကမ္ဘာ့ဆွဲအားမဲ့အခြေအနေကို အသုံးချပြီးသွေးကင်ဆာကုသဆေးစမ်းသပ်မှုတွေအပါအဝင် သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ နောင် လကမ္ဘာနဲ့ အင်္ဂါဂြိုလ်စူးစမ်းလေ့လာရေး ခရီးစဉ်တွေမှာ အာကာသယာဉ်မှုးတွေ အသုံးပြုနိုင်ဖို့ ဒီဇိုင်းအသစ်ထုတ်လုပ်ထားတဲ့ အိမ်သာကိုလည်း စမ်းသပ်ဖို့ သူတို့နဲ့အတူ သယ်ဆောင်သွားခဲ့တာပါ။

တနင်္ဂနွေနေ့တုန်းက ဖလော်ရီဒါပြည်နယ်ကို ဒုတိယသမ္မတ Mike Pence သွားရောက်ပြီး အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA အုပ်ချုပ်ရေးမှုး Jim Bridenstine နဲ့အတူ Crew Dragon ဒုံးပျံယာဉ်လွှတ်တင်တာကို စောင့်ကြည့်ခဲ့သလို ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအကာသစခန်းကို SpaceX ရဲ့ Crew Dragon အကာသယဉ် စေလွှတ်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

..............................................





XS
SM
MD
LG