သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်ဘယ်တန် အမျိုးသား တင်းနစ်ချန်ပီယံပွဲ Alcaraz က Djokovic ကိုအနိုင်ရ


ဝင်ဘယ်တန် အမျိုးသားတင်းနစ်ချန်ပီယံပွဲအနိုင်ရသူ Carlos Alcaraz ၊ ဂျူလိုင် ၁၆၊ ၂၀၂၃
ဝင်ဘယ်တန် အမျိုးသားတင်းနစ်ချန်ပီယံပွဲအနိုင်ရသူ Carlos Alcaraz ၊ ဂျူလိုင် ၁၆၊ ၂၀၂၃

ဝင်ဘယ်တန်ချန်ပီယံဆု ကိုစပိန်နိုင်ငံက အသက် ၂၀ အရွယ်လူငယ် Carlos Alcaraz က Novak Djokovic ကို အနိုင်ရရှိ ဗိုလ်စွဲသွားပါတယ်။ Alcaraz ဟာ ဝင်ဘယ်ဒန် မှာ Djokovic ရဲ့ ဆယ်နှစ်ကြာ လွှမ်းမိုးထားမှုကို အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။ အသက် ၃၇ အရွယ်ရှိပြီဖြစ်တဲ့ Djokovic ဟာ ဒီပွဲမှာ ပိုက်တန်းတိုင်ကို တင်းနစ်ဘက်တန်နဲ့ ရိုက်ပစ်မိခဲ့တဲ့အတွက် ဒိုင်ကဒုတိယအကြိမ် သတိပေးခဲ့ရ လောက်အောင် အနိုင်ရလိုစိတ်ပြင်းပြင်းနဲ့ယှဥ်ပြိုင်တဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကျင်းပတဲ့ ပွဲမှာ Alcaraz က Djokovic ကို ၁-၆၊ ၇-၆၊ ၆-၁၊ ၃-၆၊ ၆-၄ နဲ့ အနိုင်ရရှိ သွားတာပါ။ ဒီ ပွဲဟာအကြိတ်အနယ်ရှိလှပြီး အလွန်ကြည့်ကောင်းတဲ့ ဗိုလ်လုပွဲ ဖြစ်တယ်လို့ သုံးသပ်သူ တွေကဆိုကြပါတယ်။

Djokovic ဟာဒီနှစ်မှာ သြစတြေးလျအိုးပင်းနဲ့ ပြင်သစ်အိုးပင်း ဖလားတွေကို ရရှိထားပြီးဖြစ်ပြီး ဂရင်းစလင်မ်လို့ ပြောတဲ့ အဓိကဆုကြီးပေါင်း ၂၃ ဆု နဲ့သမိုင်းစံချိန်တင်ထားခဲ့တဲ့ အမျိုးသား တင်းနစ်သမားလည်း ဖြစ်တာကြောင့် ဒီဝင်ဘယ်တန်မှာပါ ချန်ပီယံ ဖြစ်သွားခဲ့ရင် အဓိကဂရင်းစလင်မ် ဆုကြီးပေါင်း ၂၄ ဆု နဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ဩစတြေးလျတင်းနစ်မယ် Margaret Court နဲ့ ဆုအ‌ရေအတွက် တူသွားမှာ ဖြစ်ပါတယ်။

Alcaraz နဲ့ Djokovic တို့ ဟာ အမျိုးသားတင်းနစ် နံပတ် ၁ နေရာ ကို တလှည့်စီယူနေကြသူတွေ ဖြစ်ပြီး၊ ခု ပွဲနိုင်သွားတဲ့အတွက် Alcaraz ဟာကမ္ဘာ့ နံပတ် ၁ နေရာကို ပြန်လည်ရရှိသွားပြီ ဖြစ်ပါတယ်။ သူဟာ ၁၉၈၆ ခုနှစ်ကတည်းကဆိုရင် ဝင်ဘယ်တန် ဆုဖလားကိုရရှိတဲ့ အသက်အငယ်ဆုံး အမျိုးသား တင်းနစ်သမားလည်း ဖြစ်ပါတယ်။

ဝင်ဘယ်တန် အမျိုးသား တင်းနစ်ချန်ပီယံပွဲ Alcaraz က Djokovic ကိုအနိုင်ရ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG