သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်ခေါင်းဆောင်ရဲ့သားသုံးဦးသေဆုံးမှု အစ္စရေးအတည်ပြု


ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh ရဲ့သား၃ ဦးသေဆုံးသွားတယ်ဆိုတဲ့ ဂါဇာဒေသ၊ al-Shati စခန်းက အခင်းဖြစ်ရာနေရာ၊ ဧပြီ ၁၀၊ ၂၀၂၄
ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh ရဲ့သား၃ ဦးသေဆုံးသွားတယ်ဆိုတဲ့ ဂါဇာဒေသ၊ al-Shati စခန်းက အခင်းဖြစ်ရာနေရာ၊ ဧပြီ ၁၀၊ ၂၀၂၄

ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟာမတ်စ်ခေါင်းဆောင် တဦးဖြစ်သူ အစ္စမေးလ် ဟာနီယေး (Ismail Haniyeh) ရဲ့ သား သုံးဦးသေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်နဲ့ ဟားမတ်စ်အဖွဲ့ရဲ့ တရားဝင်မီဒီယာတွေက ကြာသပတေးနေ့က အတည်ပြုပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာအလယ်ပိုင်းမှာ ဗုဒ္ဓဟူးနေ့မှာ ဟာနီယေးရဲ့ သားဖြစ်သူတွေ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတုန်း တိုက်ခိုက်ခဲ့တာလို့ပြောပေမယ့် အသေးစိတ်ကို မထုတ်ပြန်ပါဘူး။ ဟာမတ်စ်ဘက်ကတော့ ဒါဟာ အစ္စရေးရဲ့ လက်စားချေ၊ သတ်ဖြတ်တဲ့ လုပ်ရပ်လို့ စွပ်စွဲထားပြီး တိုက်ခိုက်မှုအတွင်း ခေါင်းဆောင် ဟာနီယေးရဲ့ မြေး (၄) ဦးလည်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒီလို သတ်ဖြတ်မှုတွေက အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေမှာ ဟာမတ်စ်ဘက်က ရပ်တည် ချက်တွေကို ပျော့ပျောင်းလာအောင် ဖိအားပေးနိုင်မှာ မဟုတ်ဘူးလို့ Al Jazeera သတင်းဌာနနဲ့ အင်တာဗျူးမှာ ဟာမတ်စ် ခေါင်းဆောင် ဟာနီယေးက တုံ့ပြန်ပါတယ်။ ဟာနီယေးဟာ ၂၀၁၉ ခုနှစ်ကတည်းက ဂါဇာကနေ ထွက်ခွာပြီး ကာတာနိုင်ငံမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ ဂါဇာမှာ လက်ရှိရှိနေတဲ့ ဟာမတ်စ် ထိပ်တန်းခေါင်းဆောင်ကတော့ ယာရာ ဆင်ဝါ (Yehya Sinwar) ဖြစ်ပြီး သူဟာ ဂါဇာစစ်ပွဲစတင်စေခဲ့တဲ့ အစ္စရေး အပေါ် ဟာမတ်စ်က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို စီစဥ်ညွန်ကြားခဲ့သူ ဖြစ်ပါတယ်။

တပြိုင်တည်းမှာ အစ္စရေးနဲ့ အီရန် ကြားမှာလည်း နှစ်ဖက်တင်းမာ နေပါတယ်။ ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်က အီရန်ကောင်စစ်ဝန်ရုံးကို ထိခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အီရန် ဗိုလ်ချုပ်နှစ်ဦးအပါအဝင် တော်လှန်ရေးအစောင့်တပ်သား ခုနစ်ဦး သေဆုံးခဲ့အပြီးမှာ နှစ်နိုင်ငံ ထိပ်တိုက်တွေ့ နေတာပါ။

အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဧပြီ ၁ ရက် တိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်ပေး အရေးယူရမှာလို့ ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။ ဒါဟာ သူရဲ့ လက်ထောက် အကြံပေးတဦးက အရင်ရက်ပိုင်းတုန်းက “အစ္စရေး သံရုံးတွေ ဘေးကင်းတော့မှာ မဟုတ်ကြောင်း” ထုတ်ပြောအပြီး အီရန် ထိပ်တန်းခေါင်းဆောင်က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ “အီရန်က သူ့ပိုင်နက်ကနေ တိုက်ခိုက်မယ်ဆိုရင် အစ္စရေးကလည်း တုံ့ပြန်ပြီး အီရန်ကို တိုက်ခိုက်မှာ” ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဆိုရှယ်မီဒီယာ X မှာ ချက်ချင်း တုံ့ပြန်ထားပါတယ်။

ဟာမတ်စ်ခေါင်းဆောင်ရဲ့သားသုံးဦးသေဆုံးမှု အစ္စရေးအတည်ပြု
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG