သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် သီရိလင်္ကာနဲ့ ပူးပေါင်းဆောင်ရွက်မည်


Japanese foreign minister Yoshimasa Hayashi, left, meets with his Sri Lankan counterpart, Ali Sabry, in Colombo, Sri Lanka, July 29, 2023.
Japanese foreign minister Yoshimasa Hayashi, left, meets with his Sri Lankan counterpart, Ali Sabry, in Colombo, Sri Lanka, July 29, 2023.

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ဟာ သီရိလင်္ကာနိုင်ငံကိုရောက်ရှိနေပြီး၊ သီရိလင်္ကာနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာအတွင်း မဟာဗျူဟာကျတဲ့ နေရာမှာရှိတဲ့အတွက် ဂျပန်ဦးဆောင်တဲ့ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အတွင်း သီရိလင်္ကာကို အဓိကျတဲ့ မဟာမိတ်အဖြစ် လက်တွဲသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျပန် သီရိလင်္ကာနဲ့ ပူးပေါင်းဆောင်ရွက်မည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ဟာ သီရိလင်္ကာနိုင်ငံကို ရောက်ရှိနေပြီး၊ သီရိလင်္ကာနိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာအတွင်း မဟာဗျူဟာကျတဲ့ နေရာမှာရှိတဲ့အတွက် ဂျပန်ဦးဆောင်တဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အတွင်း သီရိလင်္ကာကို အဓိကျတဲ့ မဟာမိတ်အဖြစ် လက်တွဲသွားမှာဖြစ်ကြောင်းနဲ့၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ စနေနေ့တုန်းက ကိုလံဘိုမြို့တော်မှာ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး Ali Sabry နဲ့တွေ့ဆုံအပြီးမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဂျပန်ဦးဆောင်တဲ့ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ဝန်ကြီးချုပ် Fumio Kishida က မတ်လအတွင်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ဦးဆောင်တဲ့ အစီစဉ်အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပင်လယ်ပြင်လုံခြုံရေး၊ ကမ်းခြေစောင့် သင်္ဘောတွေနဲ့ အခြား အခြေခံအဆောက်အဦးတွေအတွက် ဂျပန်က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သီရီလင်္ကာဟာ နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၅၁ ဘီလီယံ တင်ရှိနေပြီး၊ စီးပွားရေးအကျပ်အတည်းကြောင့် ပြီးခဲ့တဲ့နှစ်ထဲတုန်းက နိုင်ငံရေး မတည်မငြိမ်ဖြစ်ခဲ့ကာ၊ သမ္မတ Gotabaya Rajapaksa ပြုတ်ကျခဲ့ပါတယ်။ ကြွေးမြီတွေထဲက ၁၀% နှုန်းဟာ တရုတ်ကို ပြန်ဆပ်ရမှာဖြစ်ပြီး၊ တရုတ်က ကြွေးပြန်ဆပ်ဖို့ကို ၂ နှစ် ရွှေ့ဆိုင်းပေးထားပါတယ်။ ဂျပန်ဟာ သီရိလင်္ကာကို ချေးငွေ အများဆုံးထုတ်ချေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတတို့က ဂျပန်အနေနဲ့ ယခင်ရှိပြီးသား စီမံကိန်းတွေအတွက်ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် စတင်ဖို့နဲ့ နောက်ထပ်ရင်းနှီးမြှုပ်နှံမှု အသစ်တွေလုပ်ဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။ ဂျပန်ဟာ ဆယ်စုနှစ်ပေါင်းများစွာ သီရိလင်္ကာရဲ့ အများဆုံး အလှူရှင်နဲ့ ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်ထဲတုန်းက ရထားလမ်းစီမံကိန်းကို သမ္မတ Gotabaya က တဖက်သတ် ပယ်ဖျက်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေ ဖြစ်နေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG