သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလိမ်ဂိုဏ်းတွေလက်က သီရိလင်္ကာ ၂၀ ကယ်ထုတ်


မြန်မာအွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံနေရတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို ကယ်ထုတ်ပြီး ဘန်ကောက်လေဆိပ်မှာတွေ့ရစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)
မြန်မာအွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံနေရတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို ကယ်ထုတ်ပြီး ဘန်ကောက်လေဆိပ်မှာတွေ့ရစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)

မြန်မာနိုင်ငံထဲမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အဓမ္မ ဖမ်းဆီး ခိုင်းစေခံနေရတဲ့ သီရိလင်္ကာနိုင်ငံသား ၂၀ ဒီနေ့ သိရိလင်္ကာကို ပြန်ရောက်သွားကြပါပြီ။ ရန်ကုန်မြို့က သီရိလင်္ကာသံရုံးနဲ့ မြန်မာတာဝန်ရှိသူတွေရဲ့ ကြိုးပမ်းမှုနဲ့ နိုင်ငံသား အယောက် ၂၀ ကို နေရပ်ပြန်ပို့နိုင်ခဲ့တယ်လို့ သီရိလင်္ကာသံရုံးက ဒီနေ့ သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ပြန်ရောက်လာကြတယ်လို့ သီရိလင်္ကာသတင်းတွေမှာ ဖော်ပြပါတယ်။ သူတို့ကို ထိုင်းနိုင်ငံဘက်ကယ်ထုတ်ပြီး ထိုင်းလေဆိပ်ကတဆင့် သိရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်မှာရှိတဲ့ Katunayake လေဆိပ်ကို မနေ့ညက ရောက်ရှိလာကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေး၊ လူမှောင်ခိုကူးမှုနဲ့ ပင်လယ်ရေကြောင်း ရာဇဝတ်မှုတိုက်ဖျက်ရေးဌာက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ကောက်ယူပြီးတဲ့နောက် နေအိမ်အသီးသီးကို ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ အခြေစိုက်ငွေလိမ်နေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ လိမ်လည်ဖျားယောင်တဲ့ ထောင်ချောက်မိပြီး အဓမ္မ အလုပ်စေခိုင်းခံနေရသူ ဒေသတွင်းနိုင်ငံတွေက နိုင်ငံသား အများအပြား ရှိနေပါတယ်။

အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေကြတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ်တွေအတွင်း အပြင်းအထန် နှိမ်နင်းခဲ့တာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေစိုက် လှုပ်ရှားသူ ၅ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်အစိုးရကလည်း မကြာသေးခင်ကဘဲ ကြေညာခဲ့ပါတယ်။

၂၀၂၃ ဩဂုတ်လမှာ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်ခိုင်းခံရတဲ့သူ တသိန်းနှစ်သောင်းလောက် ရှိမယ်လို့ ဖော်ပြထားပြီး အများစုဟာ ထိုင်း၊ တရုတ်၊​ အိန္ဒိယ၊ ဖိလစ်ပိုင်၊​ မလေးရှားနဲ့ သီရိလင်္ကာစတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေက နိုင်ငံသား အများစု ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG