သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံနယ် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ ခိုင်းစေခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို ကယ်ထုတ်


တရုတ်ပိုင် အွန်လိုင်းလုပ်ငန်းတခုကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ (ဩဂုတ် ၂၂၊ ၂၀၂၄)
တရုတ်ပိုင် အွန်လိုင်းလုပ်ငန်းတခုကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ (ဩဂုတ် ၂၂၊ ၂၀၂၄)

မြန်မာနဲ့ ထိုင်းနယ်စပ်အနီး ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှာ အွန်လိုင်းဆိုက်ဘာလိမ်လည်မှုတွေကျုးလွန်ဖို့ မတရားခိုင်းစေခံထားရတဲ့ ဖိလစ်ပိုင်အလုပ်သမားတွေကို ဒီကနေ့စပြီး လာအိုနိုင်ငံကနေ နေရပ်ကို ပြန်ခေါ်နေပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။ ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှာ ဩဂုတ်လ ၁၂ ရက်က ဝင်ရောက် ရှာဖွေ စီးနင်းစဉ် နိုင်ငံပေါင်း ၁၅ နိုင်ငံက လူပေါင်း ၇၇၁ ယောက်ကို ဖမ်းမိတယ်လို့ လာအိုသတင်းက ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်သံရုံးကို ကူညီဖို့ဆက်သွယ်လာတဲ့အထဲက ၁၂၉ ယောက်အတွက် ကူညီနေပြီး ဒီနေ့ သောကြာနေ့မှာ ၇ ယောက်ကို နေရပ်ပြန်ခေါ်ပေးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

နောက်ထပ် ၇၅ ယောက်ကိုလည်း ပြန်ခေါ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ လာအိုသတင်းမှာ ဖော်ပြချက်အရ ဩဂုတ်လ ၁၂ ရက်က ဖမ်းမိသူအများစုဟာ လာအို၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေက ဖြစ်ကြပြီး အဲဒီသူတွေကို သက်ဆိုင်တဲ့ သံရုံးတွေလက် လွှဲပေးခဲ့ပြီလို့ ပြောထားပါတယ်။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူနီးသျှား၊ ကိုလံဘီယာ၊ အီသီယိုပီးယား၊ ဂျော်ဂျီယာ၊ မိုဇံဘစ်ခ်၊ ယူဂန်ဒါ စတဲ့နိုင်ငံတွေကနိုင်ငံသားတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

တချိန်ထဲမှာပဲ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ တရုတ်လည်ပတ်နေတဲ့ အွန်လိုင်းငွေလိမ်နေရာတခုကို ဖိလစ်ပိုင်ရဲတွေက ဩဂုတ်လ ၂၂ ရက် ကြာသပတေးနေ့က ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အွန်လိုင်းဂိမ်းစင်တာအဖြစ် တရားဝင်လိုင်စင်ယူပြီး အွန်လိုင်း ငွေလိမ်တဲ့လုပ်ငန်းတွေလုပ်နေတဲ့နေရာလို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဝင်ရောက် ရှာဖွေ ဖမ်းဆီးစဉ် နိုင်ငံခြားသား ၆၇ ယောက် ဖမ်မိခဲ့တာမှာ တရုတ်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်လူမျိုးတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အများဆုံးက တရုတ်တွေဖြစ်ပြီး ဖိလစ်ပိုင်လူမျိုးတွေလည်း ပါတယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Forum

XS
SM
MD
LG