သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

3D ပုံနှိပ် နည်းပညာ


An Airbus employee presents three model airplanes in blue, white and red, made from starch using a 3D printing technique during the opening of 50th Paris Air Show, at the Le Bourget airport near Paris, June 17, 2013. In the future the company hopes to use
An Airbus employee presents three model airplanes in blue, white and red, made from starch using a 3D printing technique during the opening of 50th Paris Air Show, at the Le Bourget airport near Paris, June 17, 2013. In the future the company hopes to use

3D printing သုံးဖက်မြင် ပုံနှိပ်တာကို Additive Manufacturing လို့လည်း ခေါ်ကြပါတယ်။ ဒါဟာ စက်ထဲသွင်းထားတဲ့ အချက်အလက်တွေကနေ တဆင့် အလျား၊ အနံ၊ အမြင့် ဘက်သုံးဘက် စလုံးကို မြင်နိုင်တဲ့ ပုံတူ ရုပ်ကြွတွေကို ထုတ်ပေးတာလို့ 3D printing နည်းပညာနဲ့ အမေရိကန် အာကာသ စူးစမ်းရေးအဖွဲ့ နာဆာမှာ သုတေသန လုပ်တဲ့ ဒေါက်တာပဒေသာတင်က ပြောပါတယ်။

ပေါင်မုန့်တလုံးကို အလွှာလိုက်ဖြတ်ပြီး တချပ်ချင်း ပြန်ထပ်တဲ့ သဘောမျိုးလို့ ပြောရင် 3D printing မှာ လုပ်ဆောင်တဲ့ အနေထားကို မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်နိုင်ပါတယ်။ တချပ်နဲ့ တချပ်ကို ဆက်တဲ့အခါ ပုံနှိပ်စက်ထဲ မှင်အစား တွဲဆက်ပစ္စည်း အဖြစ် ပလပ်စတိတ်တို့၊ သတ္တုအမှုန်တို့ကို သုံးပါတယ်။

ဒီနည်းပညာကို သုံးပြီး ပန်းပုဆရာတွေက ပုံတူရုပ်တုတွေထုတ်ကြသလို၊ ကားပုံစံ ဒီဇိုင်း အသစ်တွေ၊ ဖန်ထည်ပစ္စည်းတွေ၊ ရွှေငွေနဲ့ လက်ဝတ်ရတနာတွေ အပြင် တခြား ကိုယ်လိုချင်တဲ့ ပုံစံမျိုးစုံကို ထုတ်နိုင်တဲ့ စက်အရွယ်အစား အမျိုးမျိုး ပေါ်နေပြီဖြစ်ပါတယ်။

နာဆာမှာတော့ အာကာသထဲသွားတဲ့ ယာဉ်တွေက စက်တွေအတွက် အာကာသထဲမှာတင် ပျက်တဲ့စက်ရဲ့ ပုံစံတူပစ္စည်းကို ထုတ်ပြီး အစားထိုး သုံးတာမျိုးလုပ်နေကြတယ်လို့ ဆိုပါတယ်။

ဆေးပညာလောကမှာလည်း ဒီနည်းပညာကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီဖြစ်ပါတယ်။ bio printing technology နဲ့ သွေးကလပ်စည်းတွေရဲ့ ပုံတူတွေနဲ့ သွေးဥတွေ အထိ ထုတ်နိုင်သလို ခြေတု လက်တုလို ကိုယ်အင်္ဂါ အစိတ်အပိုင်း အတုတွေ ပုံစံတူ ထုတ်ပြီး လက်တွေ့ သုံးနေကြပြီဖြစ်ပါတယ်။

XS
SM
MD
LG