သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အညိုေရာင္ ေက်ာက္ပြင့္ Sargassum


sargassum, Tulum, Cancun, Mexico

အတၱလန္တိတ္ သမုဒၵရာျပင္မွာ ေမ်ာေနတတ္တဲ့ Sargassum အညိုေရာင္ပင္လယ္ေရညွိ ေက်ာက္ပြင့္ေတြရဲ့ အေရးပါပံုကို ဒီတပတ္မွာ ေျပာျပေပးမွာပါ။

အညိုေရာင္ ေက်ာက္ပြင့္ Sargassum
please wait

No media source currently available

0:00 0:07:14 0:00
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

Zawgyi

ဒီတပတ္ေတာ့ အတၱလန္တိတ္ သမုဒၵရာထဲမွာ ေမ်ာေနတတ္ၿပီး အေမရိကတိုက္ ကေရဘီယံပင္လယ္ကမ္းရိုးတန္း ေဒသေတြကို ေရာက္လာေလ့ရွိတဲ့ Sargassum လို႔ေခၚတဲ့ အညိုေရာင္ ပင္လယ္ေရညွိတမ်ိဳး ျဖစ္တဲ့ ေက်ာက္ပြင့္ေတြရဲ့ အေရးပါပံု အေၾကာင္း ေျပာျပေပးမွာပါ။

ေတာင္အေမရိကတိုက္၊ မက္ဆီကိုႏိုင္ငံ အေရွ႕ပိုင္းက ယူကတန္း Yucatán ကၽြန္းဆြယ္ ဟာ မက္ဆီကိုပင္လယ္ေကြ႕နဲ႔ ကေရဘီယံပင္လယ္ ၾကားမွာ ရွိၿပီး ကၽြန္းဆြယ္အေရွ႕ဘက္ Quintana Roo ျပည္နယ္ ထဲမွာ Cancun လို လွပတဲ့ နံမယ္ႀကီး အပမ္းေျဖကမ္းေျခေတြ အမ်ားအျပားေၾကာင့္ ခရီးသြားေတြနဲ႔ ျပည့္ေနတတ္ပါတယ္။

စိမ္းျပာေရာင္ တာကြိဳက္စ္ turquoise ေက်ာက္သားလို ၾကည္လင္လွပတဲ့ ေရျပင္နဲ႔ ျဖဴလြလြ သဲေသာင္ဟာ ခရီးသြားေတြကို ဆြဲေဆာင္ေလ့ရွိ ေပမယ့္ အခု ေနာက္ပိုင္းမွာ Sargassum ေက်ာက္ပြင့္ညိုေတြ အစုလိုက္ အၿပံဳလိုက္ ေရာက္လာေလ့ ရွိတယ္လို႔ သီးျခားလြတ္လပ္တဲ့ မက္ဆီကို အမ်ိဳးသား တကၠသိုလ္ UNAM (Autonomous National University of Mexico) အဏဝါ သိပၸံနဲ႔ ကုန္းတြင္းေရထု ဆိုင္ရာ ေလ့လာတဲ့ ဌာနက သုေတသနပညာရွင္ ေဒါက္တာ Rosa Elisa Rodriguez ရိုဒရီဂါ ကေျပာပါတယ္။

" ေက်ာက္ပြင့္လို႔ေခၚတဲ့ ပင္လယ္ေရၫွိ ေတြက ဒီကမ္းေျခကို တႏွစ္ကို တႀကိမ္ေလာက္ေတာ့ ႏွစ္စဥ္လာ စုေလ့ ရွိတတ္ေပမယ့္ တခ်ိဳ႕ႏွစ္ေတြမွာဆိုရင္ ေတာ့ အႀကိမ္ေရပိုမ်ားမ်ား လာစုတတ္ပါတယ္။ ဒီကမ္း႐ိုးတန္းတေလွ်ာက္မွာလည္း လာၿပီးစုတဲ့ ပင္လယ္ေရၫွိ ပမာဏက အနည္းအမ်ားမတူတတ္ပါဘူး။ ႏွစ္တိုင္းအဲဒီလိုပါပဲ တေနရာနဲ႔ တေနရာ သူတို႔လာစုတဲ့ ပမာဏ အနည္းအမ်ားေတာ့ ကြာေလ့ရွိပါတယ္။ ဒါေပမယ့္ က်မကေတာ့ ဒီေက်ာက္ပြင့္ေတြ မၾကာခင္ ထပ္ေရာက္လာအံုးမယ္လို႔ ထင္ပါတယ္။ သူတို႔ အဲဒီလို ပမာဏမ်ိဳးစံုနဲ႔ ဘာေၾကာင့္ ေရာက္လာတတ္တယ္ ဆိုတာ က်မတို႔ နားလည္ဖို႔ ႏွစ္အေတာ္ၾကာအံုးမွာပါ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ သူတို႔မလာပဲကို မေနဘူးလို႔ ထင္ပါတယ္။”

အညိုေရာင္ algea တမ်ိဳးျဖစ္တဲ့ Sargassum ေတြဟာ အတၱလန္တိတ္ သမုဒၵရာထဲမွာ ေအာက္ၾကမ္းျပင္နဲ႔မထိပဲ ေရျပင္ေပၚမွာပဲ ေပါေလာေမ်ာေနေလ့ရွိပါတယ္။ ငါးမ်ိဳးစိတ္ေပါင္း ၁၂၀ ေလာက္နဲ႔ ေက်ာရိုးမဲ့သတၱဝါမ်ိဳးစိတ္ ၁၂၀ ေက်ာ္ဟာ သူတုိ႔ကို မွီတင္းေနထိုင္ ပါတယ္။ ပင္လယ္လိပ္လို မ်ိဳးတုန္းခါနီး ရွားပါးမ်ိဳးစိတ္ေတြ၊ Tuna ငါးလို စီးပြါးျဖစ္အေရးပါတဲ့ ငါးမ်ိဳးစိတ္ေတြရဲ့ ခိုနားေနထိုင္ရာနဲ႔ အဟာရျဖည့္တင္းရာ ေနရာလည္း ျဖစ္ပါတယ္။

ဒီေက်ာက္ပြင့္မ်ိဳးေတြဟာ သမုဒၵရာ ေရစီးေၾကာင္းနဲ႔ အတူ လိုက္ပါၿပ ီး တေနရာကေန တေနရာကို ေရာက္သြားေလ့ရွိပါတယ္။ အတၱလန္တိတ္သမုဒၵရာ ထဲမွာ ရွိတဲ့ အီေကြတာရပ္ဝန္းက ပူေႏြးၿပီး အဟာရဓါတ္ ေပါၾကြယ္တဲ့ Sargasso ပင္လယ္ျပင္မွာ ေတြ႔ရေလ့ရွိတာေၾကာင့္ သူတို႔ကို Sargassum မ်ိဳးစိတ္အျဖစ္ နံမယ္ေပးထားတာပါ။ ဒီေက်ာက္ပြင့္ေလးေတြ စုစည္းၿပီး ျမက္ဖ်ာလို အခ်ပ္ႀကီးေတြ ျဖစ္လာတဲ့အခါ ေလနဲ႔ေရာ ေရစီးေၾကာင္းနဲ႔ပါ ေမ်ာပါၿပီး ကေရဘီယံ ပင္လယ္ျပင္ထဲ ေရာက္သြားတာေၾကာင့္ ကေရဘီယံ ကၽြန္းႏိုင္ငံေတြဆီ ေရာက္သြားေလ့ရွိသလို တခါတရံ အေနာက္အာဖရိက အထိပါ ေရာက္သြားတတ္ပါတယ္။ ဒါေပမယ့္ သဘာဝအားျဖင့္ အနည္းအက်ဥ္းေလာက္သာ ပင္လယ္ကမ္းစပ္ေတြမွာ တင္ေနေလ့ရွိတာပါ။

ဒီေက်ာက္ပြင့္ေတြဟာ ပင္လယ္ကမ္းရိုးတန္း တည္ၿမဲေရးအတြက္ေရာ ကမ္းေျခတေလ ွ်ာက္ ေျမဆီ ၾသဇာၾကြယ္ဝ ေစဖို႔အတြက္ပါ သိပ္အေရးပါတယ္လို႔ အေမရိကန္ႏုိင္ငံ ကေရဘီယံေဒသက Virgin Island အစိုးရ ဒုဝန္ႀကီးခ်ဳပ္လည္းျဖစ္ သယံဇာတနဲ႔ အလုပ္သမားဝန္ႀကီးလည္း ျဖစ္တဲ့ Dr Kedrick Pickering က ေျပာပါတယ္။ ေက်ာက္ပြင့္ေတြဟာ ငွက္ေတြအပါအဝင္ သဲေသာင္ျပင္မွာ က်က္စားတဲ့ သတၱဝါငယ္ေလးေတြရဲ့ အစာျဖစ္သလို သဲေသာင္ကမ္းေျခတဝိုက္ ေပါက္ေရာက္တဲ့ အပင္ေတြအတြက္လည္း ေျမၾသဇာျဖစ္ေစတာပါ။ ဒါေပမယ့္ ေက်ာက္ပြင့္ေတြ ေဆြးေျမ့တဲ့အခါ ထြက္လာတဲ့ ဟိုက္ဒရိုဂ်င္ ဆာလ္ဖိုဒ္က အနံ႔သိပ္ဆိုးပါတယ္။ အေရာင္ဆင္း မရွိေပမယ့္ မီးေလာင္လြယ္ၿပီး အႏၱရာယ္ႀကီးတဲ့ အဆိပ္ေငြ႔ျဖစ္ပါတယ္။

ဒီေဆြးေျမ႕ေနတဲ့ ေက်ာက္ပြင့္ေတြဟာ အနည္းအက်ဥ္းေလာက္ပဲ ဆိုရင္ သူတို႔ကိုမိုးေရက သန္႔စင္ေပးတတ္သလို ေနာက္တခါ မုန္တိုင္းဝင္ရင္ ေမ်ာပါသြားတာ ဒါမွမဟုတ္ သဲေသာင္ေအာက္ ေရာက္သြားတာမ်ိဳးေၾကာင့္ ကမ္းေျခအတြက္ ေျမဆီၾသဇာျဖည့္တင္း ေပးတဲ့ အျပင္ ကမ္းေျခထိန္းသိမ္းေရး အတြက္ပါ အေရးပါပါတယ္။

ေက်ာက္ပြင့္ေတြဟာ ေရထဲမွာဆိုရင္ေတာ့ဘာ အႏၱရာယ္မွ မေပးတတ္ပါဘူး ဒါေပမယ့္ ကမ္းေျခမွာ တကယ္လို႔ ေက်ာက္ပြင့္ဖ်ာႀကီးေတြ ၃ ေပေလာက္ ထူလာရင္ေတာ့ ဖယ္ရွားေပးဖို႔ လုိပါတယ္။ မဖယ္ရွားပစ္ရင္ေတာ့ ဝန္းက်င္တခုလံုး ဆိုးဝါးတဲ့ အနံ႔အသက္ ေတြ လႊမ္းလာႏုိင္သလို ဘက္တီးရီးယားေတြေပါက္ပြါးၿပီး ေအာက္ဆီဂ်င္နဲပါးသြားတဲ့အတြက္ ေရသတၱဝါေတြရွင္သန္ဖို႔ ခက္ခဲလာႏိုင္ပါတယ္။

ဒီႏွစ္မွာေတာ့ မက္ဆီကို ေရတပ္က ကမ္းေျခမွာ ရွင္းလင္းေပးရတဲ့ အထိ အညိဳေရာင္ေက်ာက္ပြင့္ ပင္လယ္ေရၫွိေတြ သိပ္မ်ားေနတယ္လို႔ ေဒါက္တာရိုဇာက ေျပာပါတယ္။

" တကယ္လို႔ မုန္တိုင္း ေကာင္းေကာင္းဝင္မယ္ ဆိုရင္ ကမ္းေျခကို ေက်ာက္ပြင့္ေတြ ေရာက္လာပါတယ္။ အဲဒီမွာ အဟာရဓါတ္ သိပ္ႂကြယ္ဝသလို ေရကလည္း ေႏြးေနေတာ့ ေက်ာက္ပြင့္ေတြ ပြါးဖို႔ အေျခေန သိပ္ေကာင္းပါတယ္။ ဒီႏွစ္မွာ အေျခေနသိပ္ေကာင္းတဲ့အတြက္ ေက်ာက္ပြင့္ပြါးႏႈန္းက သိပ္ျမန္ၿပီး ရက္ေပါင္း ၂၀ အတြင္း သူက ၂ ဆေလာက္ကို ပြါးႏိုင္တဲ့ အျပင္ ဆက္ဆက္ၿပီး ပြါးေနတဲ့အတြက္ ဒီႏွစ္မွာ ေက်ာက္ပြင့္ေတြ အမ်ားႀကီးေတြ႕ရပါတယ္။”

ဒီေက်ာက္ပြင့္ေတြဟာ ၂၀၁၁ ခုႏွစ္ကစၿပီး ကေရဘီယံပင္လယ္တေၾကာ တေျဖးေျဖးမ်ားလာေနၿပီး ဒါဟာ ဥတုရာသီေျပာင္းလဲမႈ နဲ႔ ဆက္ႏြယ္ေနမယ္လို႔ ခန္႔မွန္းရေပမယ့္ ေသေသခ်ာခ်ာ ေတာ့ သုေတသန မလုပ္ႏုိင္ၾကေသးပါဘူး။

Quintana Roo ျပည္နယ္တခုထဲမွာတင္ ၂၀၂၁ မတ္လကစၿပီး မက္ဆီကိုေရတပ္က ဖယ္ရွားပစ္ရတဲ့ ေက်ာက္ပြင့္က တန္ခ်ိန္ ၃ ေသာင္း ၇ ေထာင္ ေက်ာ္ရွိေနတာပါ။

ဒီေရညွိေတြကို ေဆာက္လုပ္ေရး အတြက္သာမက တိရိဆန္အစာေတြ ထုတ္လုပ္ရာမွာေရာ ဓါတ္ေျမၾသဇာ အတြက္ပါ သံုးႏိုင္တာေၾကာင့္ ေဒသတြင္း စီးပြါးေရး လုပ္ငန္းရွင္ေတြက အသံုးခ်ဖုိ႔ႀကံဆ ေနၾကဆဲ ျဖစ္ပါတယ္။

"အခုေတာ့ ေက်ာက္ပြင့္ေတြ အမ်ားႀကီး ရေနေပမယ့္ ေက်ာက္ပြင့္ကို စီးပြါးျဖစ္ အသံုးခ်ဖို႔ တကယ္တမ္းမွာ သိပ္မလုပ္ႏိုင္ေသးပါဘူး။ က်မတို႔ကေတာ့ အခုအခ်ိန္အထိဆို ႏွစ္စဥ္ႏွစ္တိုင္း ဒီကမ္းေျခကို ေရာက္လာတဲ့ ေက်ာက္ပြင့္ေတြကို တန္နဲ႔ခ်ီၿပီး စက္မႈလုပ္ငန္းအတြက္ေတာ့ သံုးေနပါတယ္။ တကယ္ဆို ဒါကို အသံုးခ်ဖို႔ စက္မႈလုပ္ငန္းေတြကို ပထမဆံုး ထူေထာင္ဖို႔ လိုပါတယ္။ လက္ရွိမွာေတာ့ သိပ္မရွိေသးပါဘူး။ ရွိတဲ့ဟာေတြ ကလည္း နဲနဲေလးပါ။ အမ်ားအားျဖင့္က စမ္းသပ္တဲ့ အဆင့္မွာပဲ ရွိပါေသးတယ္။ က်မတို႔မွာ လိုေနတာက ဒီေက်ာက္ပြင့္ေတြကို စုေဆာင္းေပးမယ့္ စံနစ္ပါ။ ဒါ့အျပင္ ဥပမာ ဒီေက်ာက္ပြင့္ေတြကို ျပည္ပတင္ပို႔ ႏိုင္တဲ့ အထိ စီးပြါးျဖစ္ လုပ္ႏိုင္တာမ်ိဳး မက္ဆီကိုမွာ မရွိေသးပါဘူး။

၂၀၁၁ ခုႏွစ္မွာတုန္းက ကေရဘီယံပင္လယ္တေက်ာမွာ ဒီေက်ာက္ပြင့္ေတြကို မိုင္ ၅၅၀၀ ေက်ာ္ အရွည္ေလာက္ အထိ ျပန္႔ႏွံေနတာကို နာဆာ ေကာင္းကင္ၿဂိဳဟ္တု ဓါတ္ပံုမွာ ေတြ႔ခဲ့ရၿပီး အဲဒီအခ်ိန္က ဒီေက်ာက္ပြင့္ဖ်ာႀကီးေတြေၾကာင့္ ေရေအာက္က သႏၱာေက်ာက္တန္းေတြ ေနေရာင္မရပဲ ျဖစ္ခဲ့ရတယ္ ဆိုတာကို တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔ နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

ဒီတပတ်တော့ အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ မျောနေတတ်ပြီး အမေရိကတိုက် ကရေဘီယံပင်လယ်ကမ်းရိုးတန်း ဒေသတွေကို ရောက်လာလေ့ရှိတဲ့ Sargassum လို့ခေါ်တဲ့ အညိုရောင် ပင်လယ်ရေညှိတမျိုး ဖြစ်တဲ့ ကျောက်ပွင့်တွေရဲ့ အရေးပါပုံ အကြောင်း ပြောပြပေးမှာပါ။
တောင်အမေရိကတိုက်၊ မက်ဆီကိုနိုင်ငံ အရှေ့ပိုင်းက ယူကတန်း Yucatán ကျွန်းဆွယ် ဟာ မက်ဆီကိုပင်လယ်ကွေ့နဲ့ ကရေဘီယံပင်လယ် ကြားမှာ ရှိပြီး ကျွန်းဆွယ်အရှေ့ဘက် Quintana Roo ပြည်နယ် ထဲမှာ Cancun လို လှပတဲ့ နံမယ်ကြီး အပမ်းဖြေကမ်းခြေတွေ အများအပြားကြောင့် ခရီးသွားတွေနဲ့ ပြည့်နေတတ်ပါတယ်။

စိမ်းပြာရောင် တာကွိုက်စ် turquoise ကျောက်သားလို ကြည်လင်လှပတဲ့ ရေပြင်နဲ့ ဖြူလွလွ သဲသောင်ဟာ ခရီးသွားတွေကို ဆွဲဆောင်လေ့ရှိ ပေမယ့် အခု နောက်ပိုင်းမှာ Sargassum ကျောက်ပွင့်ညိုတွေ အစုလိုက် အပြုံလိုက် ရောက်လာလေ့ ရှိတယ်လို့ သီးခြားလွတ်လပ်တဲ့ မက်ဆီကို အမျိုးသား တက္ကသိုလ် UNAM (Autonomous National University of Mexico) အဏဝါ သိပ္ပံနဲ့ ကုန်းတွင်းရေထု ဆိုင်ရာ လေ့လာတဲ့ ဌာနက သုတေသနပညာရှင် ဒေါက်တာ Rosa Elisa Rodriguez ရိုဒရီဂါ ကပြောပါတယ်။ " ကျောက်ပွင့်လို့ခေါ်တဲ့ ပင်လယ်ရေညှိ တွေက ဒီကမ်းခြေကို တနှစ်ကို တကြိမ်လောက်တော့ နှစ်စဉ်လာ စုလေ့ ရှိတတ်ပေမယ့် တချို့နှစ်တွေမှာဆိုရင် တော့ အကြိမ်ရေပိုများများ လာစုတတ်ပါတယ်။ ဒီကမ်းရိုးတန်းတလျှောက်မှာလည်း လာပြီးစုတဲ့ ပင်လယ်ရေညှိ ပမာဏက အနည်းအများမတူတတ်ပါဘူး။ နှစ်တိုင်းအဲဒီလိုပါပဲ တနေရာနဲ့ တနေရာ သူတို့လာစုတဲ့ ပမာဏ အနည်းအများတော့ ကွာလေ့ရှိပါတယ်။ ဒါပေမယ့် ကျမကတော့ ဒီကျောက်ပွင့်တွေ မကြာခင် ထပ်ရောက်လာအုံးမယ်လို့ ထင်ပါတယ်။ သူတို့ အဲဒီလို ပမာဏမျိုးစုံနဲ့ ဘာကြောင့် ရောက်လာတတ်တယ် ဆိုတာ ကျမတို့ နားလည်ဖို့ နှစ်အတော်ကြာအုံးမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့မလာပဲကို မနေဘူးလို့ ထင်ပါတယ်။”

အညိုရောင် algea တမျိုးဖြစ်တဲ့ Sargassum တွေဟာ အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ အောက်ကြမ်းပြင်နဲ့မထိပဲ ရေပြင်ပေါ်မှာပဲ ပေါလောမျောနေလေ့ရှိပါတယ်။ ငါးမျိုးစိတ်ပေါင်း ၁၂၀ လောက်နဲ့ ကျောရိုးမဲ့သတ္တဝါမျိုးစိတ် ၁၂၀ ကျော်ဟာ သူတို့ကို မှီတင်းနေထိုင် ပါတယ်။ ပင်လယ်လိပ်လို မျိုးတုန်းခါနီး ရှားပါးမျိုးစိတ်တွေ၊ Tuna ငါးလို စီးပွါးဖြစ်အရေးပါတဲ့ ငါးမျိုးစိတ်တွေရဲ့ ခိုနားနေထိုင်ရာနဲ့ အဟာရဖြည့်တင်းရာ နေရာလည်း ဖြစ်ပါတယ်။
ဒီကျောက်ပွင့်မျိုးတွေဟာ သမုဒ္ဒရာ ရေစီးကြောင်းနဲ့ အတူ လိုက်ပါပြ ီး တနေရာကနေ တနေရာကို ရောက်သွားလေ့ရှိပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာ ထဲမှာ ရှိတဲ့ အီကွေတာရပ်ဝန်းက ပူနွေးပြီး အဟာရဓါတ် ပေါကြွယ်တဲ့ Sargasso ပင်လယ်ပြင်မှာ တွေ့ရလေ့ရှိတာကြောင့် သူတို့ကို Sargassum မျိုးစိတ်အဖြစ် နံမယ်ပေးထားတာပါ။ ဒီကျောက်ပွင့်လေးတွေ စုစည်းပြီး မြက်ဖျာလို အချပ်ကြီးတွေ ဖြစ်လာတဲ့အခါ လေနဲ့ရော ရေစီးကြောင်းနဲ့ပါ မျောပါပြီး ကရေဘီယံ ပင်လယ်ပြင်ထဲ ရောက်သွားတာကြောင့် ကရေဘီယံ ကျွန်းနိုင်ငံတွေဆီ ရောက်သွားလေ့ရှိသလို တခါတရံ အနောက်အာဖရိက အထိပါ ရောက်သွားတတ်ပါတယ်။ ဒါပေမယ့် သဘာဝအားဖြင့် အနည်းအကျဉ်းလောက်သာ ပင်လယ်ကမ်းစပ်တွေမှာ တင်နေလေ့ရှိတာပါ။

ဒီကျောက်ပွင့်တွေဟာ ပင်လယ်ကမ်းရိုးတန်း တည်မြဲရေးအတွက်ရော ကမ်းခြေတလေ ျှာက် မြေဆီ သြဇာကြွယ်ဝ စေဖို့အတွက်ပါ သိပ်အရေးပါတယ်လို့ အမေရိကန်နိုင်ငံ ကရေဘီယံဒေသက Virgin Island အစိုးရ ဒုဝန်ကြီးချုပ်လည်းဖြစ် သယံဇာတနဲ့ အလုပ်သမားဝန်ကြီးလည်း ဖြစ်တဲ့ Dr Kedrick Pickering က ပြောပါတယ်။ ကျောက်ပွင့်တွေဟာ ငှက်တွေအပါအဝင် သဲသောင်ပြင်မှာ ကျက်စားတဲ့ သတ္တဝါငယ်လေးတွေရဲ့ အစာဖြစ်သလို သဲသောင်ကမ်းခြေတဝိုက် ပေါက်ရောက်တဲ့ အပင်တွေအတွက်လည်း မြေသြဇာဖြစ်စေတာပါ။ ဒါပေမယ့် ကျောက်ပွင့်တွေ ဆွေးမြေ့တဲ့အခါ ထွက်လာတဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ်က အနံ့သိပ်ဆိုးပါတယ်။ အရောင်ဆင်း မရှိပေမယ့် မီးလောင်လွယ်ပြီး အန္တရာယ်ကြီးတဲ့ အဆိပ်ငွေ့ဖြစ်ပါတယ်။

ဒီဆွေးမြေ့နေတဲ့ ကျောက်ပွင့်တွေဟာ အနည်းအကျဉ်းလောက်ပဲ ဆိုရင် သူတို့ကို
မိုးရေက သန့်စင်ပေးတတ်သလို နောက်တခါ မုန်တိုင်းဝင်ရင် မျောပါသွားတာ ဒါမှမဟုတ် သဲသောင်အောက် ရောက်သွားတာမျိုးကြောင့် ကမ်းခြေအတွက် မြေဆီသြဇာဖြည့်တင်း ပေးတဲ့ အပြင် ကမ်းခြေထိန်းသိမ်းရေး အတွက်ပါ အရေးပါပါတယ်။

ကျောက်ပွင့်တွေဟာ ရေထဲမှာဆိုရင်တော့ဘာ အန္တရာယ်မှ မပေးတတ်ပါဘူး ဒါပေမယ့် ကမ်းခြေမှာ တကယ်လို့ ကျောက်ပွင့်ဖျာကြီးတွေ ၃ ပေလောက် ထူလာရင်တော့ ဖယ်ရှားပေးဖို့ လိုပါတယ်။ မဖယ်ရှားပစ်ရင်တော့ ဝန်းကျင်တခုလုံး ဆိုးဝါးတဲ့ အနံ့အသက် တွေ လွှမ်းလာနိုင်သလို ဘက်တီးရီးယားတွေပေါက်ပွါးပြီး အောက်ဆီဂျင်နဲပါးသွားတဲ့အတွက် ရေသတ္တဝါတွေရှင်သန်ဖို့ ခက်ခဲလာနိုင်ပါတယ်။
ဒီနှစ်မှာတော့ မက်ဆီကို ရေတပ်က ကမ်းခြေမှာ ရှင်းလင်းပေးရတဲ့ အထိ အညိုရောင်ကျောက်ပွင့် ပင်လယ်ရေညှိတွေ သိပ်များနေတယ်လို့ ဒေါက်တာရိုဇာက ပြောပါတယ်။

" တကယ်လို့ မုန်တိုင်း ကောင်းကောင်းဝင်မယ် ဆိုရင် ကမ်းခြေကို ကျောက်ပွင့်တွေ ရောက်လာပါတယ်။ အဲဒီမှာ အဟာရဓါတ် သိပ်ကြွယ်ဝသလို ရေကလည်း နွေးနေတော့ ကျောက်ပွင့်တွေ ပွါးဖို့ အခြေနေ သိပ်ကောင်းပါတယ်။ ဒီနှစ်မှာ အခြေနေသိပ်ကောင်းတဲ့အတွက် ကျောက်ပွင့်ပွါးနှုန်းက သိပ်မြန်ပြီး ရက်ပေါင်း ၂၀ အတွင်း သူက ၂ ဆလောက်ကို ပွါးနိုင်တဲ့ အပြင် ဆက်ဆက်ပြီး ပွါးနေတဲ့အတွက် ဒီနှစ်မှာ ကျောက်ပွင့်တွေ အများကြီးတွေ့ရပါတယ်။”

ဒီကျောက်ပွင့်တွေဟာ ၂၀၁၁ ခုနှစ်ကစပြီး ကရေဘီယံပင်လယ်တကြော တဖြေးဖြေးများလာနေပြီး ဒါဟာ ဥတုရာသီပြောင်းလဲမှု နဲ့ ဆက်နွယ်နေမယ်လို့ ခန့်မှန်းရပေမယ့် သေသေချာချာ တော့ သုတေသန မလုပ်နိုင်ကြသေးပါဘူး။
Quintana Roo ပြည်နယ်တခုထဲမှာတင် ၂၀၂၁ မတ်လကစပြီး မက်ဆီကိုရေတပ်က ဖယ်ရှားပစ်ရတဲ့ ကျောက်ပွင့်က တန်ချိန် ၃ သောင်း ၇ ထောင် ကျော်ရှိနေတာပါ။

ဒီရေညှိတွေကို ဆောက်လုပ်ရေး အတွက်သာမက တိရိဆန်အစာတွေ ထုတ်လုပ်ရာမှာရော ဓါတ်မြေသြဇာ အတွက်ပါ သုံးနိုင်တာကြောင့် ဒေသတွင်း စီးပွါးရေး လုပ်ငန်းရှင်တွေက အသုံးချဖို့ကြံဆ နေကြဆဲ ဖြစ်ပါတယ်။

"အခုတော့ ကျောက်ပွင့်တွေ အများကြီး ရနေပေမယ့် ကျောက်ပွင့်ကို စီးပွါးဖြစ် အသုံးချဖို့ တကယ်တမ်းမှာ သိပ်မလုပ်နိုင်သေးပါဘူး။ ကျမတို့ကတော့ အခုအချိန်အထိဆို နှစ်စဉ်နှစ်တိုင်း ဒီကမ်းခြေကို ရောက်လာတဲ့ ကျောက်ပွင့်တွေကို တန်နဲ့ချီပြီး စက်မှုလုပ်ငန်းအတွက်တော့ သုံးနေပါတယ်။ တကယ်ဆို ဒါကို အသုံးချဖို့ စက်မှုလုပ်ငန်းတွေကို ပထမဆုံး ထူထောင်ဖို့ လိုပါတယ်။ လက်ရှိမှာတော့ သိပ်မရှိသေးပါဘူး။ ရှိတဲ့ဟာတွေ ကလည်း နဲနဲလေးပါ။ အများအားဖြင့်က စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ကျမတို့မှာ လိုနေတာက ဒီကျောက်ပွင့်တွေကို စုဆောင်းပေးမယ့် စံနစ်ပါ။ ဒါ့အပြင် ဥပမာ ဒီကျောက်ပွင့်တွေကို ပြည်ပတင်ပို့ နိုင်တဲ့ အထိ စီးပွါးဖြစ် လုပ်နိုင်တာမျိုး မက်ဆီကိုမှာ မရှိသေးပါဘူး။
၂၀၁၁ ခုနှစ်မှာတုန်းက ကရေဘီယံပင်လယ်တကျောမှာ ဒီကျောက်ပွင့်တွေကို မိုင် ၅၅၀၀ ကျော် အရှည်လောက် အထိ ပြန့်နှံနေတာကို နာဆာ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံမှာ တွေ့ခဲ့ရပြီး အဲဒီအချိန်က ဒီကျောက်ပွင့်ဖျာကြီးတွေကြောင့် ရေအောက်က သန္တာကျောက်တန်းတွေ နေရောင်မရပဲ ဖြစ်ခဲ့ရတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG