သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုအတွက် ဂရက်ဖိန်း


Burundi Political Tensions
Burundi Political Tensions
ဗြိတိန်နိုင်ငံ မန်ချက်စတာ တက္ကသိုလ်က Andre Geim နဲ့ Konstantin Novoselov တို့ ၂ ဦးကို ၂၁ ရာစုအတွက် အံ့ဘွယ်ပစ္စည်းတခုဖြစ်တဲ့ graphene ကို ခွဲထုတ်ဆောင်ကျဉ်းပေးနိုင်သူ အဖြစ် ၂၀၁၀မှာ ရူပဗေဒ နိုဘယ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ခဲတံထိပ်ဖျားကို တိတ် tape နဲ့ ကပ်ရင်း ခွါရင်း ဂရက်ဖိန်းကို မမျှော်လင့်ပဲ ရခဲ့တာဖြစ်ပါတယ်။

အရာဝတ္တုတွေမှာ အလျား၊ အနံ၊ အမြင့် တိုင်းတာလို့ ရပေမယ့် ဂရက်ဖိန်းကတော့ အက်တမ်လို့ခေါ်တဲ့ အနုမြူတမှုန်စာပဲ ထူတဲ့ကာဗွန်သက်သက်ပဲ ပါတဲ့ ပစ္စည်းဖြစ်တာမို့ အလျားနဲ့ အနံပဲ ရှိတဲ့ လူလုပ်ပစ္စည်းတခုဖြစ်ပါတယ်။

ဒီဂရက်ဖိန်းနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေဟာ အနာဂတ်မှာ လူသားတွေ အတွက် အသုံးအဆောင်ကအစ အမြင် ပုံစံတွေကိုပါ ပြောင်းလာစေနိုင်တယ်လို့ ရူပဗေဒ ပညာရှင်ဒေါက်တာ ဝင်းသာထွေးကပြောပါတယ်။

ထူူးခြားတဲ့ ဂုဏ်သတ္တိတွေရှိတဲ့ ဂရက်ဖိန်းသုံးကွန်ပြူတာတွေဟာ သိပ်ပါးလာနိုင်တဲ့အတွက် အိပ်ထဲလိပ်ပြီး ခေါက်ထည့်သွားနိုင်တဲ့အထိဖြစ်လာ နိုင်သလို အဝတ်အစားမှာဆိုရင်လည်း ဂရက်ဖိန်းသုံးနည်းပညာနဲ့ လုပ်ထားရင် ဒီဇိုင်းမျိုးစုံကို ဒေါင်းလုပ်လုပ်ပြီး တနေ့ထဲမှာပဲ ဥပမာ တီရှပ်တခုထဲမှာ ဒီဇိုင်းမျိုးစုံနဲ့ ဝတ်လို့ ရလာနိုင်တယ်လို့ ဆိုပါတယ်။ နောင်မှာ ကွန်ပြူတာအင်တာနက် တို့ စမတ်ဖုံးတို့မှာ သုံးတာအပြင် ကျန်းမာရေး။ ကာကွယ်ရေးတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်မှာဖြစ်ပါတယ်။

သိပ်ကိုပါးလွှာတဲ့
ဂရက်ဖိန်းက ခဲတံထဲက ဂရက်ဖိုက် ခဲသားနဲ့ တူပေမယ့် သူ့ အက်တမ်တွေကို သေသေသပ်သက်စီပြီး သိပ်သိပ်သည်းသည်း ယက်လိုက်ရင် သူနဲ့ရွယ်တူ သံမဏိပြား တပြားထက် အဆပေါင်း ၂၀၀ ပိုပြီးခိုင်မာတာကိုတွေ့နိုင်ပါတယ်။ သူ့ကို ကွေးလို့ ဆန့်လို့ ရသလို ဖေါက်ထွင်းမြင်နိုင်ပြီး တကယ့်ကို ပေါ့ပါးတဲ့ အရာပါ။ တကယ်ကောင်းတဲ့ အပူလျှောက်ပစ္စည်းဖြစ်သလို သိပ်ကောင်းတဲ့ လျှပ်ကူးပစ္စည်းလည်းဖြစ်ပါတယ်။

အခု ဂရက်ဖိန်းအတွက် ဗြိတိသျှနဲ့ အီးယူ ဥရာပသမဂ္ဂကနေ မန်ချက်စတာမှာ ဒေါ်လာသန်းပေါင်း ၁၄၀ အကုန်ကျခံပြီး Natural Graphene Institute သုတေသန ဌာနကိုတည်ဆောက်နေပြီး ဒီ ဂရက်ဖိန်းနဲ့ ဆက်နွယ်ပြီး ကမ္ဘာတလွှား မှတ်ပုံတင်လာကြသူပေါင်းက တသောင်း နီးပါး ရှိနေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG