သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္ယာဥယ်ာဥ္ စိုက္ပ်ိဳးေရးနဲ႔ ေစ်းကြက္အေရာက္ စီမံခန္႔ခြဲမႈ နည္းပညာ


တ႐ုတ္ဘက္ပို႔မရ၍ မူဆယ္ၿမိဳ႕နားတြင္ စြန္႔ပစ္လိုက္ရသည့္ ေျပာင္းဖူးမ်ား။ (ေမ ၁၅၊ ၂၀၂၀)

ျမန္မာ့စိုက္ပ်ိဳးေရးက႑ တိုးတက္လာေအာင္ ေရအစီအမံ ေကာင္းေကာင္းနဲ႔႔ စက္မႈလယ္ယာ ျဖစ္လာဖုိ႔ အျပင္ စိုက္ပ်ိဳးတာကေန ေစ်းကြက္ေရာက္တဲ့အထိ အဆင့္ဆင့္စံနစ္တက် စီမံခန္႔ခြဲတဲ့ နည္းပညာနဲ႔ ေစ်းကြက္အစီအမံပါ လိုအပ္ေနတယ္လို႔ စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာထြန္းဝင္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Zawgyi / Unicode

(Zawgyi)

ျမန္မာ့စိုက္ပ်ိဳးေရးက႑ တိုးတက္လာေအာင္ ေရအစီအမံ ေကာင္းေကာင္းနဲ႔႔ စက္မႈလယ္ယာ ျဖစ္လာဖုိ႔ အျပင္ စိုက္ပ်ိဳးတာကေန ေစ်းကြက္ေရာက္တဲ့အထိ အဆင့္ဆင့္စံနစ္တက် စီမံခန္႔ခြဲတဲ့ နည္းပညာနဲ႔ ေစ်းကြက္အစီအမံပါ လိုအပ္ေနတယ္လို႔ စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာထြန္းဝင္းက ေျပာပါတယ္။

ဒီလို နည္းစံနစ္က်က် စီမံခန္႔ခြဲ ႏိုင္မယ္ ဆိုရင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ကယ္ဆယ္ကူညီေရး ရံပံုေငြနဲ႔ home garden လို႔ေခၚတဲ့ အိမ္ယာဥယာဥ္ စိုက္ပ်ိဳးေရးကို အားေပးဖို႔ လုပ္ေနတာအတြက္ အက်ိဳး ျဖစ္ထြန္းႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီအိမ္ယာဥယာဥ္ စိုက္ပ်ိဳးေရးကို ဘယ္အတိုင္းတာအထိ လုပ္ႏိုင္မွာပါလဲ။

ေဒါက္တာထြန္းဝင္း။. ။“က်ေနာ္တို႔ ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းက အိမ္ေနာက္ေဖးေစ်းဆိုင္တည္ - သူကစၿပီး ဒီအဆိုကို လုပ္ခိုင္းတာ။ အခုက ဘာျဖစ္လို႔ ဒီလိုမ်ိဳး မလုပ္ၾကသလဲ ဆိုရင္ ေရအကန္႔အသတ္ ရွိတယ္။ စိုက္ပ်ိဳးေရက အခ်ိန္မေရြး မရႏိုင္ဘူး။ စိုက္ပ်ိဳးေရရႏိုင္ေအာင္ စီမံေပးဖို႔ လိုတယ္။ေနာက္ၿပီး သူတို႔လုပ္တဲ့လူေတြအတြက္ ေစ်းကြက္ေပါ့ေနာ္။ ထြက္လာတဲ့ ကုန္ပစၥည္းကို၊သူသူငါငါ ငရုတ္ လုပ္မယ္၊ ရံုးပတီလုပ္မယ္၊ ခ်ဥ္ေပါင္လုပ္မယ္၊ ဖရံု၊ သခြါး၊ အားလံုးတၿပိဳင္နက္ ထြက္လာ၊ ေတာင္ပံုရာပံု။ ဒါေတြက က်ေနာ္ အင္းေလးမွာ ႀကံဳရတယ္။ အင္းေလးမွာ ခရမ္းခ်ဥ္သီးေတြ တရုတ္ျပည္ ပို႔လို႔ မရတဲ့ အခါက်ေတာ့ တပံုတေခါင္းနဲ႔ ဒီအတိုင္းပဲ ပုပ္သိုး ပ်က္စီးသြားတယ္ေလ။

အဲဒီေတာ့ လုပ္ၿပီးေတာ့ အရာမေရာက္တဲ့ဟာေတြ ဒီလိုမ်ိဳး ျဖစ္သြားမယ့္ ဟာအတြက္ value chain ျဖစ္တဲ့ စၿပီးစိုက္တာကေနၿပီးေတာ့ ေစ်းကြက္ အစီအမံ လိုတာေပါ့။ အခု ေစ်းကြက္ ေတြကလည္း ျပင္ပမွာပိတ္ေနေတာ့၊ border ပိတ္ေနေတာ့ ထြက္လာတဲ့ ဟာကို ျမန္မာျပည္ကလူေတြ ဝေအာင္ စားရမွာေနာ္။ ဒါေပမယ့္ ေရရွည္မွာေတာ့ ထြက္လာတာကို ႏိုင္ငံတကာလိုအပ္ခ်က္ standard စံနဲ႔ residual ေခၚတဲ့ အဆိပ္အေတာက္ ကင္းတဲ့ အသီးႏွံေတြ ထုတ္ႏိုင္မယ္ ဆိုရင္ေတာ့၊ ေစ်းကြက္ ရွာႏိုင္မယ္ ဆိုရင္ေတာ့၊ ေတာ္ေတာ္ အလားအလာေကာင္းတဲ့ စိုက္ပ်ိဳးထုတ္လုပ္ေရး လုပ္ငန္း တခုပါပဲ။ ဒါေပမယ့္ ဒါကို ဘယ္သူက လုပ္မွာလဲ ဆိိုရင္ေတာ့ ေစ်းကြက္ အေနအထား ၾကည့္လိုက္ရင္ေတာ့ အားရစရာ မရွိပါဘူး။”

ေမး။.။“ဘာေၾကာင့္ အားမရစရာ ျဖစ္ေနတာပါလဲ။”

ေဒါက္တာထြန္းဝင္း။. ။“အသီးအႏွံအားလံုးက bilateral ေခၚတဲ့ ၂ ဦး ၂ ဖက္ စာခ်ဳပ္ခ်ဳပ္ ထားတဲ့ ေစ်းကြက္မွ မဟုတ္ရပါပဲနဲ႔။ သူတုိ႔ က်ရာေစ်းကို သူတို႔ ေပးတဲ့ ေစ်းမွာ ယူေနရတဲ့ ေစ်းကြက္ နဲ႔ သြားၿပီး အလုပ္လုပ္ေနရတဲ့ အတြက္ ဒီေစ်းကြက္ မေသခ်ာ မေရရာမႈ ေအာက္မွာ ဒီစိုက္ပ်ိဳးေရးက မတိုးတက္တာလည္း ရွိတယ္။ အဲဒီေတာ့ ေစာေစာက ေရနဲ႔ စက္ကရိယာ လိုသလို ေစ်းကြက္ကလည္း အဓိကပဲ။

ဒီ ထြက္လာမယ့္ ပစၥည္းေတြ အတြက္ ေစ်းကြက္ကိုလည္း ႏိုင္ငံေတာ္ကေန သူတို႔ေပးသမ ွ်ယူ ေရာင္းရမယ့္ စံနစ္ထက္ အျပန္အလွန္ အခ်ိန္မေရြးကို က်ေနာ္တို႔က အခ်ိန္နဲ႔ကိုက္ စိုက္ပ်ိဳး ထုတ္လုပ္ႏိုင္မယ့္၊ သူတို႔လိုခ်င္တဲ့ ပစၥည္းကို က်ေနာ္တို႔က အခ်ိန္နဲ႔ကိုက္ စီမံ စိုက္ပ်ိဳး ထုတ္လုပ္ႏိုင္မယ့္ စံနစ္မေရာက္မခ်င္း ဒီကေန႔ အထိပဲ တရုတ္နယ္စပ္မွာ တရုတ္စီးပြါးေရးသမားေတြ ေပးသမ ွ် ယူၿပီးေတာ့ လုပ္ေနရတဲ့ အေနထားကေန လြတ္မယ္။”

ေမး။.။“ဒီ အိမ္ေနာက္ေဖး ေစ်းဆိုင္တည္ တာကို ဥပမာေလးေျပာျပေပးပါဆရာ။ ဘယ္ႏိုင္ငံမွာ လုပ္ေနသလဲ ဆိုတာ”

ေဒါက္တာထြန္းဝင္း။.။“အိႏၵိယ အစိုးရက ဒါကို သူူတို႔ လယ္သမားေတြကို ေပးလုပ္တာ ေတာ္ေတာ္ ၾကာၿပီ။ တျခား ႏိုင္ငံေတြ ထဲမွာေတာ့ NGO ေတြ ျဖစ္တဲ့ အေမရိကန္ႏိုင္ငံ စီရဲလ္တာ က Lentessasဆိုတဲ့ NGO ကုမၸဏီႀကီကလည္း အဲဒီ သမဝါယမ အိမ္ၿခံhome garden ေတြကို တိုးခ်ဲ႕စိုက္ဖို႔ အခုထိ လုပ္တုန္းပဲ။ သူတို႔က ႏိုင္ငံတကာမွာ လုပ္တယ္။ ပံ့ပိုးမႈ ေပးတယ္။ သီးႏွံေတြကို အိမ္ၿခံေတြ မွာ စိုက္ပ်ိဳးေစတယ္။ အိႏၵိယႏိုင္ငံႀကီးရဲ့ ေခါင္းေဆာင္ေတြဟာ အလြန္ကို ဦးေႏွာက္ ေျပးတယ္။ သူတို႔က အားလံုး ေရရေအာင္ လုပ္ေပးတယ္။ သိပ္ႀကီးမားတဲ့ ႏိုင္ငံမွာေတာင္ ေရေတြ အားလံုးေရာက္တယ္။ ေရာက္ေတာ့ လူေတြက အိမ္ဝင္း ထဲမွာ သီးႏွံေတြ စိုက္ၾကတယ္။ ေနာက္ စားသံုးတဲ့ demand ကလည္း သူတို႔သည္ အားလံုးက ဟင္းသီးဟင္းရြက္ စားသံုးတဲ့ ျပည္သူျပည္သားမ်ား ျဖစ္တဲ့အတြက္ သူတို႔ ျပည္ထဲမွာ အဆင္ေျပတယ္။

ကၽြန္ေတာ္တို႔ျပည္ကေတာ့ ပိုလ ွ်ံတဲ့ ဟာေတြကို၊ ပိုတဲ့ဟာကို ဘယ္လို အက်ိဳးရွိေအာင္ ထြက္ကုန္ အေနနဲ႔ ဘယ္လိုလုပ္မလဲ ဆိုတာပဲ အေရးႀကီးပါတယ္။”

ေမး။.။ “ဟုတ္ကဲ့ပါ။ home garden စီမံကိန္းေတြနဲ႔ စိုက္ၿပီး ထြက္လာတဲ့ ပိုလ ွ်ံတဲ့ ပစၥည္းေတြကို ဘယ္လို လုပ္ရင္ ေကာင္းမလဲ ဆရာ”

ေဒါက္တာထြန္းဝင္း။။“ေလာေလာဆယ္မွာေတာ့ ရွမ္းျပည္မွာ ေဂၚဖီခင္းေတြ။ ဒီေဂၚဖီခင္းေတြ အားလံုးဟာ ယေန႔ ရင့္မွည့္လို႔ ရိတ္သိမ္းတဲ့ အခါ က်ေတာ့့ ေစ်းကြက္မရွိဘူး။တရုတ္ေစ်းကြက္ ပိတ္လိုက္တဲ့ အတြက္။ ကိုဗစ္ ဒါနအလွဴေတြနဲ႔ ျပည္တြင္က ရွားပါးတဲ့ ေဒသေတြမွာ လွဴေနရတဲ့ အေနထားေပါ့ေနာ္။ အခု ေနာက္ပိုင္းမွာ သူ႔လိုပဲ တန္ဖိုးရွိတဲ့ သီးႏွံ၊ ဥပမာ သရက္သီး။ က်ေနာ္တို႔ ဆီက သရက္သီးသည္ တလံုးကို အနည္းဆံုး ၅၀၀ ေလာက္ရွိတာ။ နဲတာမဟုတ္ဖူး သီးတာမွ။ ဒီ ရပ္ေစာက္တို႔ ဆီဆိုင္တို႔၊ ေတာင္ႀကီး ပတ္လည္၊ ဟိုပုန္းပတ္လည္၊ ျမင္မဆံုး သရက္ၿခံႀကီးေတြ၊ မႏၱေလး ပတ္ဝန္းက်င္၊ မတၱရာ ေက်ာက္ဆည္၊ စဥ္႔ကိုင္၊ ျမစ္သား၊ အဲဒီမွာ သရက္ၿခံေတြ၊ ေလယာဥ္ေပၚက ၾကည့္ရင္ အျပည့္ပဲ။ ျမင္လို႔မဆံုး။ အခု ရင့္မွည့္ ရိတ္သိမ္းၿပီ။ ဒါေပမယ့္ ဒီသရက္သီးေတြသည္ တရုတ္ျပည္က ေစ်းကြက္ ပိတ္ထားတဲ့ အတြက္ ယေန႔ သူတုိ႔မွာ ဒီသရက္သီးေတြကို ျပည္တြင္းပဲ လွည့္ေရာင္းရတယ္။ က်န္တဲ့ ဟာကေတာ့ ေလလြင့္ ဆံုးရံႈးေပါ့ေနာ္။

အဲဒီလို အမ်ားႀကီးေပါ့၊ ဖရဲ၊ သခြါး၊ ဒီအတုိင္းပါပဲ။ အာလူးေတြ ရွမ္းျပည္မွာ ရိတ္ေတာ့မယ္။ အမ်ားႀကီး ထြက္ေတာ့မယ္။ ခရမ္းခ်ဥ္ေတြ အင္းေလးကန္ထဲက ထြက္ေတာ့မယ္။ အထားမခံတဲ့ သီးႏွံေတြ ျဖစ္တဲ့အတြက္ ဒီအသီးအႏွံေတြ ဒီလို ရိတ္သိမ္းၿပီးေတာ့ ေစ်းကြက္မွာ အေျခမလွ လို႔ရွိရင္ ႏိုင္ငံေတာ္ အစိုးရ အေနနဲ႔ ဘာလုပ္မလဲဆိုတာ က်ေနာ္တို႔ အစိုးရတာဝန္ ျဖစ္သြားၿပီ။ အဆံုး အထိ က်ေနာ္တို႔ တိုင္းျပည္ရဲ့ ထုတ္ကုန္ေတြ၊ အက်ိဳးရွိေအာင္ မစီမံ ေသးဘူး။

ဂ်ပန္က ဘယ္လို စီမံ သလဲ။ ဒီ prefecture ေခၚတဲ့ တုိင္းနဲ႔ျပည္နယ္ ေဒသတခုမွာလြန္ခဲ့တဲ့ ႏွစ္ေပါင္း ရာေက်ာ္ ကတည္းက အစုအဖြဲ႔ လယ္သမား task force ေတြ ဖြဲ႔ၿပီးေတာ့ အေအးခန္း ကုန္ေလွာင္စခန္း - cold storage facility တခု ေဒသတိုင္းမွာ prefecture တိုင္းမွာ ေဆာက္ေပးတယ္။ ေဒသ ၅၀ ဆို အခု ၅၀။

အဲဒါ တလံုးကေတာ့ ေစ်းေတာ့ ႀကီးတာေပါ့။ ဒါ က်ေနာ္တို႔ အေနနဲ႔ မတတ္ႏိုင္ဘူး။ ယြမ္ သန္းေလးေထာင္ တန္တယ္။ ေဒသတိုင္းမွာ တလံုးစီေဆာက္ေပးတဲ့ အတြက္ လယ္သမားသည္ အခ်ိန္ မေရြး သူက ထြက္လာတဲ့ သီးႏွံ၊ အခု က်ေနာ္တို႔ ေျပာေနတဲ့ ရွမ္းျပည္က ထြက္တဲ့ မုန္လာ၊ ေဂၚဖီ၊ ဂ်င္း၊ ၾကက္သြန္၊ အာလူး၊ အခု လို ထြက္သမ ွ်ကို အားလံုး ဌာနကို သြားေပး။ ဌာနက အားလံုး သိမ္းဆည္း၊ ေဆးေက်ာ၊ သန္႔စင္၊ အဆင့္ခြဲ grading ခြဲ၊ ထုပ္ပိုး ၿပီးေတာ့ ေစ်းကြက္ market အေရာက္ ပိုု႔ေပးတယ္။”

ေမး။.။“စိုက္ပ်ိဳးထြက္ကုန္ေတြကို သိမ္းဆည္းေပးမယ့္ cold storage အေအးခန္း ကုန္ေလွာင္္ စခန္းႀကီးေတြ ကို ဂ်ပန္မွာ ေဆာက္လုပ္ႏိုင္ေပမယ့္ မေဆာက္လုပ္ႏုိင္တဲ့ ျမန္မာႏိုင္ငံမွာ ေရာ ဘယ္လို လုပ္ႏ”ုိင္ပါသလဲ။

ေဒါက္တာထြန္းဝင္း။. ။“သူ႔ေလာက္ အကုန္မခံႏိုင္ေပမယ့္ အကုန္အက် နည္းတဲ့ cold facility အေအးခန္း ကုန္ေလွာင္ရံု ေပါ့ဗ်ာ။ in let – out let ေလာက္ရွိတဲ့ aircon ေလေအးစက္ေတြ၊ တခုက အဲကြန္း ေတြကို သီးႏွံခင္းတဲ့ ၾကမ္းခင္းကေန in let တခု သြင္းေပးမယ္။ ဂိုေဒါင္ရဲ့ အလယ္ေခါင္ ကေန out let နဲ႔ ထြက္မယ္။ ဒီလို cold storage မ်ိဳးေတြ အမ်ားႀကီးလုပ္ႏိုင္တယ္။

ေနာက္ ဒီလို အေအးမခံ နိုင္ဘူး။ ပမာဏက သိပ္မ်ားမယ္ ဆိုရင္ အေျခာက္ခံမယ္။ ရွမ္ျပည္က ေနေရာင္က ၂၄ နာရီ။ အေျခာက္ခံ ၿပီးေတာ့ အေျခာက္ခံ ပစၥည္းေတြကို က်ေနာ္တို႔က ဘယ္လို ထိန္းသိမ္းၿပီး ဘယ္လို ေစ်ကြက္မွာ သြားမလဲ ဆိုတာ က်ေနာ္တို႔ စဥ္းစားမယ္။ ဒါက ဒုတိယ နည္းေပါ့ေနာ္။

တတိယနည္းကေတာ့ လံုးဝ juice အရည္ျဖစ္ႏိုင္တဲ့ သရက္သီးလိုဟာမ်ိဳးေတြ ခရမ္းခ်ဥ္သီးလို ဟာမ်ိဳးေတြ က်ေတာ့ juice ေဖ်ာ္ရည္ ထုတ္လို႔ ရတယ္။ အေရွ႕ေတာင္အာရွမွာ က်ေနာ္တို႔ ေကာင္းေကာင္းကို supply လုပ္လို႔ တင္သြင္းလို႔ရတယ္။ သရက္သီးကို။ အခု အေနထားမွာ ဆိုရင္ သူေဌးျဖစ္ေလာက္တယ္။ သရက္ကို အႏွစ္လုပ္ၿပီးေတာ့ အေအးခံၿပီးေတာ့ အထားခံေအာင္ preserved လုပ္ၿပီးေတာ့ ပိုးသတ္ေဆး ဘာညာ၊ preservation လုပ္ၿပီးေတာ့မ်ား လုပ္ႏိုင္မယ္ ဆိုရင္ေတာ့ ဒါက ေရွ႕မွာ အလားအလာ ရွိတဲ့ဟာ။

ခရမ္းခ်ဥ္လည္း ဒီအတို္င္းပဲ။ ခရမ္းခ်ဥ္ကို ျပဳတ္ၿပီးေတာ့ Ketchup ေပါ့ ခရမ္းခ်ဥ္ ေဆာ့စ္ sauce လုပ္ၿပီးေတာ့ ႏိုင္ငံတကာ ပို႔ႏိုင္တယ္။

ေနာက္ ပဲေတြ ဆို ျမန္မာျပည္မွာက ပဲက ၁၁ သန္းေလာက္ စိုက္တယ္။ ဆီထြက္သီးႏွံက ၁၄ သန္းေလာက္ စိုက္တယ္။ အားလံုးေပါင္း ၂၅ သန္းေလာက္ စိုက္တယ္။၂၅ သန္းေလာက္ရွိတဲ့ ပဲသီးႏွံေတြ၊ ဒီဟာေတြကို စည္သြပ္ဘူး ေလးေတြ can ဘူးေလးေတြ၊ ႏို႔ဆီဘူး နဲ႔ ပဲေတြကို ျပဳတ္ၿပီးေတာ့ ေသခ်ာ သိမ္းဆည္းၿပီး ပဲေတြကို ေရာင္းတာေလ။ ဒီမွာက ပဲ ရံႈးၿပီ ဆိုရင္လည္း ဆက္တိုက္ကို ရႈံးတဲ့ အတိုင္းပဲ ခံရတာ ေပါ့ေနာ္။ ဘယ္သူမွ ကယ္မယ့္ အေနထား မရွိပဲ ျဖစ္ေနတယ္။”

စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာထြန္းဝင္းရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နား လိုက္ပါရေစ။

(Unicode)

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာအောင် ရေအစီအမံ ကောင်းကောင်းနဲ့ စက်မှုလယ်ယာ ဖြစ်လာဖို့ အပြင် စိုက်ပျိုးတာကနေ ဈေးကွက်ရောက်တဲ့အထိ အဆင့်ဆင့်စံနစ်တကျ စီမံခန့်ခွဲတဲ့ နည်းပညာနဲ့ ဈေးကွက်အစီအမံပါ လိုအပ်နေတယ်လို့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

ဒီလို နည်းစံနစ်ကျကျ စီမံခန့်ခွဲ နိုင်မယ် ဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကယ်ဆယ်ကူညီရေး ရံပုံငွေနဲ့ home garden လို့ခေါ်တဲ့ အိမ်ယာဥယာဉ် စိုက်ပျိုးရေးကို အားပေးဖို့ လုပ်နေတာအတွက် အကျိုး ဖြစ်ထွန်းနိုင်တယ်လို့ ဆိုပါတယ်။

ဒီအိမ်ယာဥယာဉ် စိုက်ပျိုးရေးကို ဘယ်အတိုင်းတာအထိ လုပ်နိုင်မှာပါလဲ။

ဒေါက်တာထွန်းဝင်း။. ။“ကျနော်တို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အိမ်နောက်ဖေးဈေးဆိုင်တည် - သူကစပြီး ဒီအဆိုကို လုပ်ခိုင်းတာ။ အခုက ဘာဖြစ်လို့ ဒီလိုမျိုး မလုပ်ကြသလဲ ဆိုရင် ရေအကန့်အသတ် ရှိတယ်။ စိုက်ပျိုးရေက အချိန်မရွေး မရနိုင်ဘူး။ စိုက်ပျိုးရေရနိုင်အောင် စီမံပေးဖို့ လိုတယ်။နောက်ပြီး သူတို့လုပ်တဲ့လူတွေအတွက် ဈေးကွက်ပေါ့နော်။ ထွက်လာတဲ့ ကုန်ပစ္စည်းကို၊သူသူငါငါ ငရုတ် လုပ်မယ်၊ ရုံးပတီလုပ်မယ်၊ ချဉ်ပေါင်လုပ်မယ်၊ ဖရုံ၊ သခွါး၊ အားလုံးတပြိုင်နက် ထွက်လာ၊ တောင်ပုံရာပုံ။ ဒါတွေက ကျနော် အင်းလေးမှာ ကြုံရတယ်။ အင်းလေးမှာ ခရမ်းချဉ်သီးတွေ တရုတ်ပြည် ပို့လို့ မရတဲ့ အခါကျတော့ တပုံတခေါင်းနဲ့ ဒီအတိုင်းပဲ ပုပ်သိုး ပျက်စီးသွားတယ်လေ။

အဲဒီတော့ လုပ်ပြီးတော့ အရာမရောက်တဲ့ဟာတွေ ဒီလိုမျိုး ဖြစ်သွားမယ့် ဟာအတွက် value chain ဖြစ်တဲ့ စပြီးစိုက်တာကနေပြီးတော့ ဈေးကွက် အစီအမံ လိုတာပေါ့။ အခု ဈေးကွက် တွေကလည်း ပြင်ပမှာပိတ်နေတော့၊ border ပိတ်နေတော့ ထွက်လာတဲ့ ဟာကို မြန်မာပြည်ကလူတွေ ဝအောင် စားရမှာနော်။ ဒါပေမယ့် ရေရှည်မှာတော့ ထွက်လာတာကို နိုင်ငံတကာလိုအပ်ချက် standard စံနဲ့ residual ခေါ်တဲ့ အဆိပ်အတောက် ကင်းတဲ့ အသီးနှံတွေ ထုတ်နိုင်မယ် ဆိုရင်တော့၊ ဈေးကွက် ရှာနိုင်မယ် ဆိုရင်တော့၊ တော်တော် အလားအလာကောင်းတဲ့ စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်း တခုပါပဲ။ ဒါပေမယ့် ဒါကို ဘယ်သူက လုပ်မှာလဲ ဆိုရင်တော့ ဈေးကွက် အနေအထား ကြည့်လိုက်ရင်တော့ အားရစရာ မရှိပါဘူး။”

မေး။.။“ဘာကြောင့် အားမရစရာ ဖြစ်နေတာပါလဲ။”

ဒေါက်တာထွန်းဝင်း။. ။“အသီးအနှံအားလုံးက bilateral ခေါ်တဲ့ ၂ ဦး ၂ ဖက် စာချုပ်ချုပ် ထားတဲ့ ဈေးကွက်မှ မဟုတ်ရပါပဲနဲ့။ သူတို့ ကျရာဈေးကို သူတို့ ပေးတဲ့ ဈေးမှာ ယူနေရတဲ့ ဈေးကွက် နဲ့ သွားပြီး အလုပ်လုပ်နေရတဲ့ အတွက် ဒီဈေးကွက် မသေချာ မရေရာမှု အောက်မှာ ဒီစိုက်ပျိုးရေးက မတိုးတက်တာလည်း ရှိတယ်။ အဲဒီတော့ စောစောက ရေနဲ့ စက်ကရိယာ လိုသလို ဈေးကွက်ကလည်း အဓိကပဲ။

ဒီ ထွက်လာမယ့် ပစ္စည်းတွေ အတွက် ဈေးကွက်ကိုလည်း နိုင်ငံတော်ကနေ သူတို့ပေးသမ ျှယူ ရောင်းရမယ့် စံနစ်ထက် အပြန်အလှန် အချိန်မရွေးကို ကျနော်တို့က အချိန်နဲ့ကိုက် စိုက်ပျိုး ထုတ်လုပ်နိုင်မယ့်၊ သူတို့လိုချင်တဲ့ ပစ္စည်းကို ကျနော်တို့က အချိန်နဲ့ကိုက် စီမံ စိုက်ပျိုး ထုတ်လုပ်နိုင်မယ့် စံနစ်မရောက်မချင်း ဒီကနေ့ အထိပဲ တရုတ်နယ်စပ်မှာ တရုတ်စီးပွါးရေးသမားတွေ ပေးသမ ျှ ယူပြီးတော့ လုပ်နေရတဲ့ အနေထားကနေ လွတ်မယ်။”

မေး။.။“ဒီ အိမ်နောက်ဖေး ဈေးဆိုင်တည် တာကို ဥပမာလေးပြောပြပေးပါဆရာ။ ဘယ်နိုင်ငံမှာ လုပ်နေသလဲ ဆိုတာ”

ဒေါက်တာထွန်းဝင်း။.။“အိန္ဒိယ အစိုးရက ဒါကို သူူတို့ လယ်သမားတွေကို ပေးလုပ်တာ တော်တော် ကြာပြီ။ တခြား နိုင်ငံတွေ ထဲမှာတော့ NGO တွေ ဖြစ်တဲ့ အမေရိကန်နိုင်ငံ စီရဲလ်တာ က Lentessasဆိုတဲ့ NGO ကုမ္ပဏီကြီကလည်း အဲဒီ သမဝါယမ အိမ်ခြံhome garden တွေကို တိုးချဲ့စိုက်ဖို့ အခုထိ လုပ်တုန်းပဲ။ သူတို့က နိုင်ငံတကာမှာ လုပ်တယ်။ ပံ့ပိုးမှု ပေးတယ်။ သီးနှံတွေကို အိမ်ခြံတွေ မှာ စိုက်ပျိုးစေတယ်။ အိန္ဒိယနိုင်ငံကြီးရဲ့ ခေါင်းဆောင်တွေဟာ အလွန်ကို ဦးနှောက် ပြေးတယ်။ သူတို့က အားလုံး ရေရအောင် လုပ်ပေးတယ်။ သိပ်ကြီးမားတဲ့ နိုင်ငံမှာတောင် ရေတွေ အားလုံးရောက်တယ်။ ရောက်တော့ လူတွေက အိမ်ဝင်း ထဲမှာ သီးနှံတွေ စိုက်ကြတယ်။ နောက် စားသုံးတဲ့ demand ကလည်း သူတို့သည် အားလုံးက ဟင်းသီးဟင်းရွက် စားသုံးတဲ့ ပြည်သူပြည်သားများ ဖြစ်တဲ့အတွက် သူတို့ ပြည်ထဲမှာ အဆင်ပြေတယ်။

ကျွန်တော်တို့ပြည်ကတော့ ပိုလ ျှံတဲ့ ဟာတွေကို၊ ပိုတဲ့ဟာကို ဘယ်လို အကျိုးရှိအောင် ထွက်ကုန် အနေနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာပဲ အရေးကြီးပါတယ်။”

မေး။.။ “ဟုတ်ကဲ့ပါ။ home garden စီမံကိန်းတွေနဲ့ စိုက်ပြီး ထွက်လာတဲ့ ပိုလ ျှံတဲ့ ပစ္စည်းတွေကို ဘယ်လို လုပ်ရင် ကောင်းမလဲ ဆရာ”

ဒေါက်တာထွန်းဝင်း။။“လောလောဆယ်မှာတော့ ရှမ်းပြည်မှာ ဂေါ်ဖီခင်းတွေ။ ဒီဂေါ်ဖီခင်းတွေ အားလုံးဟာ ယနေ့ ရင့်မှည့်လို့ ရိတ်သိမ်းတဲ့ အခါ ကျတော့ ဈေးကွက်မရှိဘူး။တရုတ်ဈေးကွက် ပိတ်လိုက်တဲ့ အတွက်။ ကိုဗစ် ဒါနအလှူတွေနဲ့ ပြည်တွင်က ရှားပါးတဲ့ ဒေသတွေမှာ လှူနေရတဲ့ အနေထားပေါ့နော်။ အခု နောက်ပိုင်းမှာ သူ့လိုပဲ တန်ဖိုးရှိတဲ့ သီးနှံ၊ ဥပမာ သရက်သီး။ ကျနော်တို့ ဆီက သရက်သီးသည် တလုံးကို အနည်းဆုံး ၅၀၀ လောက်ရှိတာ။ နဲတာမဟုတ်ဖူး သီးတာမှ။ ဒီ ရပ်စောက်တို့ ဆီဆိုင်တို့၊ တောင်ကြီး ပတ်လည်၊ ဟိုပုန်းပတ်လည်၊ မြင်မဆုံး သရက်ခြံကြီးတွေ၊ မန္တလေး ပတ်ဝန်းကျင်၊ မတ္တရာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ အဲဒီမှာ သရက်ခြံတွေ၊ လေယာဉ်ပေါ်က ကြည့်ရင် အပြည့်ပဲ။ မြင်လို့မဆုံး။ အခု ရင့်မှည့် ရိတ်သိမ်းပြီ။ ဒါပေမယ့် ဒီသရက်သီးတွေသည် တရုတ်ပြည်က ဈေးကွက် ပိတ်ထားတဲ့ အတွက် ယနေ့ သူတို့မှာ ဒီသရက်သီးတွေကို ပြည်တွင်းပဲ လှည့်ရောင်းရတယ်။ ကျန်တဲ့ ဟာကတော့ လေလွင့် ဆုံးရှုံးပေါ့နော်။

အဲဒီလို အများကြီးပေါ့၊ ဖရဲ၊ သခွါး၊ ဒီအတိုင်းပါပဲ။ အာလူးတွေ ရှမ်းပြည်မှာ ရိတ်တော့မယ်။ အများကြီး ထွက်တော့မယ်။ ခရမ်းချဉ်တွေ အင်းလေးကန်ထဲက ထွက်တော့မယ်။ အထားမခံတဲ့ သီးနှံတွေ ဖြစ်တဲ့အတွက် ဒီအသီးအနှံတွေ ဒီလို ရိတ်သိမ်းပြီးတော့ ဈေးကွက်မှာ အခြေမလှ လို့ရှိရင် နိုင်ငံတော် အစိုးရ အနေနဲ့ ဘာလုပ်မလဲဆိုတာ ကျနော်တို့ အစိုးရတာဝန် ဖြစ်သွားပြီ။ အဆုံး အထိ ကျနော်တို့ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေ၊ အကျိုးရှိအောင် မစီမံ သေးဘူး။

ဂျပန်က ဘယ်လို စီမံ သလဲ။ ဒီ prefecture ခေါ်တဲ့ တိုင်းနဲ့ပြည်နယ် ဒေသတခုမှာလွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော် ကတည်းက အစုအဖွဲ့ လယ်သမား task force တွေ ဖွဲ့ပြီးတော့ အအေးခန်း ကုန်လှောင်စခန်း - cold storage facility တခု ဒေသတိုင်းမှာ prefecture တိုင်းမှာ ဆောက်ပေးတယ်။ ဒေသ ၅၀ ဆို အခု ၅၀။

အဲဒါ တလုံးကတော့ ဈေးတော့ ကြီးတာပေါ့။ ဒါ ကျနော်တို့ အနေနဲ့ မတတ်နိုင်ဘူး။ ယွမ် သန်းလေးထောင် တန်တယ်။ ဒေသတိုင်းမှာ တလုံးစီဆောက်ပေးတဲ့ အတွက် လယ်သမားသည် အချိန် မရွေး သူက ထွက်လာတဲ့ သီးနှံ၊ အခု ကျနော်တို့ ပြောနေတဲ့ ရှမ်းပြည်က ထွက်တဲ့ မုန်လာ၊ ဂေါ်ဖီ၊ ဂျင်း၊ ကြက်သွန်၊ အာလူး၊ အခု လို ထွက်သမ ျှကို အားလုံး ဌာနကို သွားပေး။ ဌာနက အားလုံး သိမ်းဆည်း၊ ဆေးကျော၊ သန့်စင်၊ အဆင့်ခွဲ grading ခွဲ၊ ထုပ်ပိုး ပြီးတော့ ဈေးကွက် market အရောက် ပို့ပေးတယ်။”

မေး။.။“စိုက်ပျိုးထွက်ကုန်တွေကို သိမ်းဆည်းပေးမယ့် cold storage အအေးခန်း ကုန်လှောင် စခန်းကြီးတွေ ကို ဂျပန်မှာ ဆောက်လုပ်နိုင်ပေမယ့် မဆောက်လုပ်နိုင်တဲ့ မြန်မာနိုင်ငံမှာ ရော ဘယ်လို လုပ်န”ိုင်ပါသလဲ။

ဒေါက်တာထွန်းဝင်း။. ။“သူ့လောက် အကုန်မခံနိုင်ပေမယ့် အကုန်အကျ နည်းတဲ့ cold facility အအေးခန်း ကုန်လှောင်ရုံ ပေါ့ဗျာ။ in let – out let လောက်ရှိတဲ့ aircon လေအေးစက်တွေ၊ တခုက အဲကွန်း တွေကို သီးနှံခင်းတဲ့ ကြမ်းခင်းကနေ in let တခု သွင်းပေးမယ်။ ဂိုဒေါင်ရဲ့ အလယ်ခေါင် ကနေ out let နဲ့ ထွက်မယ်။ ဒီလို cold storage မျိုးတွေ အများကြီးလုပ်နိုင်တယ်။

နောက် ဒီလို အအေးမခံ နိုင်ဘူး။ ပမာဏက သိပ်များမယ် ဆိုရင် အခြောက်ခံမယ်။ ရှမ်ပြည်က နေရောင်က ၂၄ နာရီ။ အခြောက်ခံ ပြီးတော့ အခြောက်ခံ ပစ္စည်းတွေကို ကျနော်တို့က ဘယ်လို ထိန်းသိမ်းပြီး ဘယ်လို ဈေကွက်မှာ သွားမလဲ ဆိုတာ ကျနော်တို့ စဉ်းစားမယ်။ ဒါက ဒုတိယ နည်းပေါ့နော်။

တတိယနည်းကတော့ လုံးဝ juice အရည်ဖြစ်နိုင်တဲ့ သရက်သီးလိုဟာမျိုးတွေ ခရမ်းချဉ်သီးလို ဟာမျိုးတွေ ကျတော့ juice ဖျော်ရည် ထုတ်လို့ ရတယ်။ အရှေ့တောင်အာရှမှာ ကျနော်တို့ ကောင်းကောင်းကို supply လုပ်လို့ တင်သွင်းလို့ရတယ်။ သရက်သီးကို။ အခု အနေထားမှာ ဆိုရင် သူဌေးဖြစ်လောက်တယ်။ သရက်ကို အနှစ်လုပ်ပြီးတော့ အအေးခံပြီးတော့ အထားခံအောင် preserved လုပ်ပြီးတော့ ပိုးသတ်ဆေး ဘာညာ၊ preservation လုပ်ပြီးတော့များ လုပ်နိုင်မယ် ဆိုရင်တော့ ဒါက ရှေ့မှာ အလားအလာ ရှိတဲ့ဟာ။

ခရမ်းချဉ်လည်း ဒီအတိုင်းပဲ။ ခရမ်းချဉ်ကို ပြုတ်ပြီးတော့ Ketchup ပေါ့ ခရမ်းချဉ် ဆော့စ် sauce လုပ်ပြီးတော့ နိုင်ငံတကာ ပို့နိုင်တယ်။

နောက် ပဲတွေ ဆို မြန်မာပြည်မှာက ပဲက ၁၁ သန်းလောက် စိုက်တယ်။ ဆီထွက်သီးနှံက ၁၄ သန်းလောက် စိုက်တယ်။ အားလုံးပေါင်း ၂၅ သန်းလောက် စိုက်တယ်။၂၅ သန်းလောက်ရှိတဲ့ ပဲသီးနှံတွေ၊ ဒီဟာတွေကို စည်သွပ်ဘူး လေးတွေ can ဘူးလေးတွေ၊ နို့ဆီဘူး နဲ့ ပဲတွေကို ပြုတ်ပြီးတော့ သေချာ သိမ်းဆည်းပြီး ပဲတွေကို ရောင်းတာလေ။ ဒီမှာက ပဲ ရှုံးပြီ ဆိုရင်လည်း ဆက်တိုက်ကို ရှုံးတဲ့ အတိုင်းပဲ ခံရတာ ပေါ့နော်။ ဘယ်သူမှ ကယ်မယ့် အနေထား မရှိပဲ ဖြစ်နေတယ်။”

စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နား လိုက်ပါရစေ။

XS
SM
MD
LG