သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်နဲ့ ဆလုံတိုင်းရင်းသား


Lampi Island
Lampi Island
မြန်မာနိုင်ငံ တောင်ပိုင်းက မြိတ်ကျွန်းစုတွေကို လူကြောင့်ပျက်စီးရတဲ့ ဝန်းကျင်ပြုန်းတီးမှု သိပ်ကိုနဲပါးတဲ့ ဒေသလို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။ ဒီအထဲမှာ တောင်မြောက်ရေမိုင် ၂၀ လောက်ရှည်ပြီး အရှေ့အနောက် ရေမိုင် ဆယ်မိုင်ထက်မပိုတဲ့ လမ်ပိကျွန်း (Lampi) ကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ၁၉၉၆ ခုနှစ်ကစပြီး နိုင်ငံတော်က အဏ္ဏဝါအမျိုးသားဥယာဉ်အဖြစ် သတ်မှတ်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်ကစပြီး အာဆီယံ Heritage Park တခုအဖြစ် သဘာဝအမွေအနှစ်ကို ထိမ်းသိမ်းဖို့ သတ်မှတ်ခဲ့တဲ့ ကျွန်းလည်းဖြစ်ပါတယ်။

တမိုင်ကျော်ရှည်လျားတဲ့ လှပတဲ့ သဲဖြူသောင်တွေနဲ့ မပျက်စီးသေးတဲ့ ကောင်းမွန်တဲ့ သန္တာကျောက်တန်းတွေ၊ ကညင်ပင်လို ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်လုနီး ရှားပါးတဲ့ မျိုးစိတ်တွေနဲ့အတူ သက်တမ်းအရင့်ဆုံး လမုတောတွေနဲ့ မိုးသစ်တောပေါက်ရောက်ပင် အတော်များများ စုံစုံလင်လင် ရှိနေတာ၊ sea grass လို့ခေါ်တဲ့ ပင်လယ်မျက်ခင်းတွေအပြင် ဒီဒေသကို မှီခိုနေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေနေထိုင်တာလိုမျိုး ထူးခြားချက်တွေကြောင့် အင်းလေးတို့၊ အင်းတော်ကြီးတို့၊ အလောင်းတော်ကဿဖ ဥယာဉ်တို့လို နိုင်ငံတော်အဆင့် ထိမ်းသိမ်းဖို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုထိ ထိမ်းသိမ်းစောင့်ရှောက်ရေးအတွက် အားနဲနေသလို ရှားပါးသစ်ခိုးထုတ်မှုတွေနဲ့ ဒေသနေ ဆလုံတိုင်းရင်းသားတွေကို ယိုင်းပင်းမှုအားနဲနေတာတွေ့နေရတာပါ။

ဆလုံတိုင်းရင်းသားတွေဟာ သူတို့နဲ့ ပင်ကိုယ်စားရိုက် ရိုးရိုးအေးအေးနေလေ့ရှိသလို ရေနဲ့ အသက်မွေးတဲ့ သူတို့ရဲ့ ဇီဝမျိုးစိတ်တွေ ထိမ်းသိမ်းတတ်တဲ့ ချစ်စရာဓလေ့တွေက သိပ်ကိုထူးခြားတယ်လို့ BANCA Biodiversity and Nature Conservation Association က ဥက္ကဌ ဒေါက်တာ စောမွန်သိမ့်ကပြောပါတယ်။
XS
SM
MD
LG