သက်ရောက်မှုတိုင်းမှာ ညီမျှတဲ့ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ နျူတန်ရဲ့ တတိယ နိယာမကို အခြေခံပြီး ဒုံးပျံတွေကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
လေထဲက အောက်ဆီဂျင်ကိုရမှ လောင်စာနဲ့ ထိတွေ့ မီးလောင်ပြီး ဂျက်အင်ဂျင် က အလုပ် လုပ်ပေမယ့် ဒုံးပျံကတော့ လောင်စာရော အောက်ဆီဂျင်ပါ တခါထည်း ပါနေတာမို့ အာကာသထဲမှာ ပျံသန်းလို့ ရပါတယ်။
နာဆာကနေ ဒုံးပျံတွေကို အဓိက ပစ်လွှတ်တဲ့နေရာက ဖလော်ရီဒါ ပြည်နယ် cape Canaveral အငူမှာပါ။ ကမ္ဘာကနေ အမြန်ဆုံး အရှိန်အရဆုံး နေရာဟာ အီကွေတာ ဖြစ်တာမို့ အီကွေတာနဲ့ အနီးဆုံးနေရာကို ရွေးထားတာပါ။ ဒါ့အပြင် ကမ္ဘာဟာ အရှေ့ကနေ အနောက်ကို လည်တာမို့ အရှေ့အရှိန်ပိုရမယ့် အရှေ့အရပ်ကို ရွေးတဲ့အပြင်၊ ဒုံးပျံကနေ ပထမအဆင့် လောင်စာအိမ်ကို အန္တရာယ် ကင်းကင်းနဲ့ စွန့်ပစ်နိုင်ဖို့ ပါ ပင်လယ်ပြင်နားမှာ ရှိတဲ့ ဒီအငူ ကို ရွေးချယ်တာ ဖြစ်ပါတယ်။
ပေါင် ၆ သန်းလောက်ရှိတဲ့ ယာဉ်ကြီး တခုလုံးကို မတင်နိုင်ဖို့ တွန်းအား အများကြီး လိုအပ်တာမို့ ဒုံးပျံကို အဆင့် ၃ ဆင့် ခွဲပြီး ပစ်တင်ရပါတယ်။
ပထမ အဆင့်ဟာ အလေးဆုံးပါ။ လေထုထဲကနေ လွတ်သွားအောင် ပစ်တင်ပြီးတဲ့အခါ အလေးဆုံးအဆင့်ကို ကမ္ဘာ့လေထုထဲမှာပဲ စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။ လေထုကလွတ်သွားပြီး အာကာသထဲရောက်ရင် ဒုတိယအဆင့်ကို သုံးရပါတယ်။ အဲဒီမှာ အများအားဖြင့် အရည်လောင်စာကို သုံးပါတယ်။ သူ့အခွံကိုတော့ ပြန်မသုံးတော့ပဲ စွန့်ပစ်လိုက်ရင် အာကာသ ပါတ်လမ်းကြောင်းထဲမှာ ရှိတဲ့ အမှုန်တွေနဲ့အတူ တနာရီကို မိုင်သောင်းနဲ့ချီ ပျံနေပြီး တချိန်မှာ တစစီဖြစ်ပြီး လောင်ကျွမ်းပျက်စီးသွားတာပါ။ တတိယအဆင့်မှာတော့ သွားလိုတဲ့ နေရာကို ရောက်ပြီဆိုရင် လောင်စာဟာ ထိမ်းချုပ်တဲ့ လောင်စာလောက်ပဲ သုံးပါတယ်။ အင်္ဂါဂြိုဟ်လို မိုင် ပေါင်း လေး ငါးသန်းလောက်ကို သွားတဲ့ အခါမျိုးမှာတော့ လောင်စာတွေ အများကြီး သယ်သွားစရာ မလိုပဲ rocket science လို့ခေါ်တဲ့ လဆွဲအား၊ ကမ္ဘာ့ဆွဲအား ဂြိုဟ်တွေရဲ့ ဆွဲအားတွေကိုသုံးပါတယ်။
ဒုံးပျံတွေကို လွှတ်တင်မယ်ဆိုရင် ရာသီဥတုကောင်းတဲ့ အချိန်၊ မိုးကြိုးမပစ်တဲ့ အချိန်မိုးမသဲတဲ့အချိန်၊ လေမုန်တိုင်းမကျတဲ့အချိန်မျိုးကို သေသေချာချာ ရွေးချယ်ရပါတယ်။ လိုက်ပါနိုင်တဲ့ လူအရေအတွက်နဲ့ တင်နိုင်တဲ့ ပစ္စည်း အလေးချိန်တွေ ကိုလည်း အတိအကျ ကန့်သတ်ထားရသလို အန္တရာယ်ကင်းနိုင်သမျှ ကင်းစေဖို့ပါ စဉ်းစားရပါတယ်။