သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေျမရွားသတၱဳနဲ႔ ျမန္မာႏိုင္ငံ -အပိုင္း (၁)


ေျမရွားသတၱဳ
ေျမရွားသတၱဳနဲ႔ ျမန္မာႏိုင္ငံ -အပိုင္း (၁)
please wait

No media source currently available

0:00 0:07:08 0:00
တိုက္႐ိုက္ လင့္ခ္

(Zawgyi/ Unicode)

ZAWGYI

အာကာသနည္းပညာနဲ႔ ေခတ္မွီပစၥည္းကရိယာေတြမွာ မရွိမျဖစ္လိုအပ္တဲ့ ေျမရွားသတၱဳ အေၾကာင္း ဓါတ္သတၱဳရွာေဖြေရးနဲ႔တူးေဖၚေရးဘူမိပညာရွင္ ဦးေစာေနာင္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

‌ေမး။ ။“ ဆရာဦးေစာေနာင္ ေျမရွားသတၱဳ ဆိုတာ ကမာၻေပၚမွာ တကယ္ပဲ ရွားလို႔ ေျမရွားလို႔ ေခၚတာပါလား ဆရာ။”

ဦးေစာေနာင္။. ။“ေျမရွားက တကယ္ေတာ့ ကမာၻအေပၚ အခြြံလႊာ ထဲမွာ မရွားပါဘူး။ ကမာၻ႔အေပၚ အခြံထဲမွာ ေတြ႔ရမ်ားျဒပ္စင္နဲ႔ ေတြ႔ရနဲ ျဒပ္စင္ဆိုၿပီး ၂ မ်ိဳး ခြဲတဲ့အထဲမွာ ဒီေျမရွားက ေတြ႔ရမ်ား ျဒပ္စင္ထဲမွာေတာင္ ပါေနေသးတယ္။ ဥပမာ ေတြ႔ရမ်ား ျဒပ္စင္ ၇၈ မ်ိဳး ရွိတဲ့အထဲမွာ စီရီယမ္ - Cerium ေျမရွား တမ်ိဳးက နံပါတ္ ၂၅ ခ်ိတ္တာေပါ့ေလ။ ဒါေၾကာင့္လည္း ဒီ စီရီယမ္ ကို ကမာၻ႔ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ေနရတာပါ။”
ေမး။. ။ ဒါဆို ဘာေၾကာင့္ ေျမရွားလို႔ ေခၚတာပါလဲ ဆရာ။”

ဦးေစာေနာင္။. ။“ဘာလို႔ ေခၚလဲ ဆိုေတာ့ ၊ သူ႔တခုထည္း သီးသန္႔မေတြ႔ပဲနဲ႔. တျခား တြင္းထြက္ ေတြနဲ႔တြဲေတြ႔ရတယ္။ ေတြ႔ရေတာ့ သူ႔ကို ခြဲထုတ္ဖုိ႔ အတြက္ ခြဲရတာ ခက္တာေပါ့။ ခြဲထုတ္ရတဲ့ စားရိတ္လည္း ႀကီးမားတယ္။ ႀကီးမားေတာ့ ေျမရွား workable mine တခု ေျမရွား ထုတ္လုပ္ဖို႔ မ်ားျပားတဲ့ တန္ခ်ိန္ရွိတဲ့ မိုင္း (သတၱဳတြင္း) တခု ေတြ႔ဖို႔က ခဲယဥ္းတာေပါ့။ ဒါေၾကာင့္လည္း ေျမရွား မိုင္းေတြက ကမာၻေပၚမွာ တျခား သတၱဳမိုင္းေတြနဲ႔စာရင္ ေတြ႔ရတာ နဲေနတာ ျဖစ္တယ္။ ၁၇၀၀ ကုန္ခါနီးတုန္းက မိုင္းသူေဌး တေယာက္က အရင္ မေတြ႔ဘူးေသးတဲ့ သတၱဳပါတဲ့ ေက်ာက္တမ်ိဳးကို ေတြ႔လိုက္တာ။ သူက ရွားတယ္ ဆိုၿပီးေတာ့ ေျမရွားလို႔ ေပးလိုက္တာ။ ဒီကေနၿပီးေတာ့ စတင္ၿပီး ေခၚလိုက္ၾကတာပဲ။”

ေမး။. ။ “ဒီလို ေျမရွားသတၱဳေတြ ျမန္မာႏုိင္ငံမွာ ရွိပါသလား ဆရာ။ ဘယ္ေနရာမွာ ေတြ႔ရပါသလဲ။”

ဦးေစာေနာင္။. ။“ဟုတ္ကဲ့ ရွိပါတယ္။ ျမန္မာႏုိင္ငံမွာ။ ဒီကခ်င္ျပည္နယ္ ခ်ီေဘြၿမိဳ႕နယ္၊ ပန္ဝါေဒသမွာ ရွိတယ္။ အမ်ားႀကီးပဲ ရွိတယ္။ အခုလည္း ထုတ္လုပ္ေနတာပဲ။ ဘယ္ေလာက္ အထိ မ်ားသလဲ ဆိုေတာ့။ ၂၀၂၀ ေျမရွားထုတ္လုပ္တဲ့ တန္ခ်ိန္ အရ ဆိုရင္ တရုတ္က ပထမေပါ့။ အေမရိကန္က ဒုတိယ။ က်ေနာ္တို႔ ျမန္မာက ပန္ဝါက တတိယ လိုက္ပါတယ္။ ဒါက သက္ေသျပတာပဲေလ။ က်ေနာ္တို႔ ဒီပန္ဝါ ေဒသမွာ ေျမရွားဟာ မနည္းဘူး ဆိုတာ သက္ေသျပတာပဲ။ တတိယေတာင္ ခ်ိတ္တယ္ဆိုေတာ့။”

ေမး။. ။ “ဒါေပမယ့္ ျမန္မာႏိုင္ငံမွာ သတၱဳတူးေဖၚေရးမွာ ၾကည့္ရင္ ဒီေျမရွားသတၱဳကို အစိုးရက ဦးစီးၿပီး တူးေနတာ မေတြ႔ရပါဘူးဆရာ။ ဆိုေတာ့ ဒီေျမရွားသတၱဳကို ျမန္မာႏိုင္ငံမွာ ဘယ္လိုပံုစံနဲ႔ ဘယ္ေနရာေတြမွာ တူးေနပါလဲ”

ဦးေစာေနာင္။. ။“အဓိကကေတာ့ ဒီကခ်င္ျပည္နယ္မွာပဲ တူးၾကတာပဲ။ ကခ်င္ျပည္နယ္မွာ အခုက ပန္ဝါ တူးတာေပါ့။ အစိုးရကေတာ့ တာဝန္ယူူ တူးတယ္လို႔ မၾကားမိပါဘူး။”

ေမး။. ။“ဟုတ္ကဲ့ပါ။ ဒီေျမရွားသတၱဳဟာ ဘယ္လို ေက်ာက္ေတြနဲ႔ တြဲၿပီးေတာ့ ျဖစ္လာတယ္ ဆိုတာ ေျပာျပေပးပါဆရာ။”

ဦးေစာေနာင္။. ။“ကမာၻေပၚမွာ အဓိက ေတြ႔ရတဲ့ စီးပြါးျဖစ္ထုတ္လို႔ရတဲ့ ေျမရွား သတၱဳသိုက္ေတြကို အဓိက ၄ မ်ိဳးခြဲထားတာ ေတြ႔ရပါတယ္။ ဒီ ၄ မ်ိဳးကေတာ့ Cabonatite associated deposit - သိုက္ရယ္၊ Alkaline igneous associated deposit အယ္လ္ကာလီၾကြယ္ မီးသင့္ေက်ာက္နဲ႔ တြဲေတြ႔ရတဲ့သိုက္ရယ္၊ placer deposit ရယ္ Residual deposit ဆိုၿပီး ၄ မ်ိဳးထဲမွာ အမ်ားဆံုး ေတြ႔ရတယ္။”

ေမး။. ။“အဲဒီ ၄ မ်ိဳးကို ရွင္းျပေပးပါဆရာ”

ဦးေစာေနာင္။. ။“ Cabonatite association deposit ကေတာ့ ကာဗြန္နတိုက္ ေက်ာက္အမ်ိဳးအစားနဲ႔ တြဲၿပီး ျဖစ္လာတဲ့ သတၱဳသိုက္မ်ိဳးေပါ့။ ဒုတိယ က အယ္လ္ကာလီဓါတ္ ၾကြယ္ဝတဲ့ မီးသင့္ေက်ာက္ေတြနဲ႔ တြဲဖက္ၿပီး ျဖစ္လာတဲ့ သတၱဳသိုက္မ်ိဳး၊ အထူူးသျဖင့္ Nepheline Syenite ေက်ာက္မ်ိဳးရယ္၊ Alkaline Granite- အယ္ကာလီၾကြယ္ ဂရင္းနစ္ေက်ာက္ရယ္၊ Pegmatite ပက္ဂမာတိုက္ ေက်ာက္မ်ိဳးရယ္ ထဲမွာ အမ်ားဆံုး တြဲေတြ႔ရတယ္။ အနည္က်ၿပီး ျဖစ္လာတဲ့ Placer သိုက္မွာေတာ့ သူက ၂ မ်ိဳးထပ္ၿပီး ခြဲထားတယ္။ မရိန္း ပေလစာ (Marine placer) ရယ္ အလူဗီရယ္ ပေလစာ (Alluvial placer) ရယ္၊ Placer deposit ကေတာ့ ဘာသာျပန္ရင္ေတာ့ ေရေဆာင္သိုက္ေပါ့။ ေနာက္တခါ Residual ကေတာ့ ၾကြင္းစုသိုက္။ ဒီ residual ကလည္း ၂ မ်ိဳးခြဲထားတယ္။ Lateritic သိုက္နဲ႔. clay သိုက္ လို႔ ခြဲထားတယ္။ အဲဒီ ၄ မ်ိဳးထဲမွာ စီးပြါးျဖစ္ ထုတ္ေနတဲ့ မိုင္းေတြက အမ်ားဆံုးက ဒီ ၄ မ်ိဳးထဲမွာ ေတြ႔ရတာ မ်ားတယ္။”

ေမး။. ။“ဟုတ္ကဲ့ပါ ဆရာ။ ျမန္မာႏုိ္င္ငံမွာ ေတြ႔ရတဲ့ အမ်ိဳးအစားက ဘာပါလဲဆရာ။”

ဦးေစာေနာင္။. ။“ျမန္မာႏုိင္ငံမွာ ဒီပန္ဝါမွာ ေတြ႔တာကေတာ့ ဒီ အယ္လ္ကာလီၾကြယ္ ဂရင္းနစ္ ေက်ာက္မ်ိဳးထဲမွာ ေတြ႔ေနရတာပဲ။ အယ္လ္ကာလီဓါတ္ ၾကြယ္ဝတဲ့ မီးသင့္ေက်ာက္တမ်ိဳးနဲ႔ တြဲဖက္ၿပီးေတာ့ ေတြ႔ရတယ္။ ဒါကေတာ့ Primary ေပါ့။ ပင္ရင္းသိုက္။ အယ္လ္ကာလီၾကြယ္တဲ့ မီးသင့္ေက်ာက္နဲ႔ တြဲၿပီး ေတြ႔ရတဲ့ မီးသင့္ေက်ာက္ ကေတာ့ ဟိုးေျမေအာက္မွာ၊ သူကေတာ့ ပင္ရင္းသိုက္ေပါ့။ သူ႔အေပၚမွာ ဥတုရာသီတိုက္စားမႈ weathering ေၾကာင့္ ျဖစ္လာတဲ့ ဂရင္းနစ္ေက်ာက္ ကေနေျပာင္းလာတဲ့ Laterite လက္ထရိြဳက္တို႔ အယ္လ္ကာလီၾကြယ္တယ္ဆို clay တို႔ ျဖစ္လာတယ္။ ဂရင္းနိုက္ Granite ေက်ာက္မွာ သံဓါတ္ ၾကြယ္ရင္ေတာ့ Laterite ျဖစ္လာတယ္။”

ေမး။. ။“ဂဝံေက်ာက္ေပါ့ေနာ္ ဆရာ။”

ဦးေစာေနာင္။. ။“ဟုတ္တယ္။ Laterite က ဂဝံေက်ာက္။ Clay ကေတာ့ ေျမေစး၊ ေျမေစး အမ်ိဳးအစား သိုက္နဲ႔တြဲေတြ႔ရတယ္။”

ဘူမိပညာရွင္ ဦးေစာေနာင္က ေျပာျပခဲ့တာပါ။

ပထမဆံုး ေျမရွားသတၱဳ အျဖစ္ အနက္ေရာင္ ထူးျခားတဲ့ တြင္းထြက္တမ်ိဳး (အီတာဘိုက္ Ytterbite) ကို ၁၇၈၇ ခုႏွစ္က ဆြီဒင္စစ္တပ္က အေပ်ာ္တမ္း ဘူမိ ဓါတုပညာရွင္ ဗိုလ္ႀကီး ကားလ္ အက္ဆယ္လ္ အာရ္ေရးနီးယပ္စ္ Cark Axel Arrhenius က ဆြီဒင္ႏုိင္ငံ စေတာ့ဟုမ္ၿမိဳ႕အနီး အီတာဘီ (Ytterby) ၿမိဳ႕ေလးနားက ေက်ာက္မိုင္းငယ္တခုမွာ ေတြ႔ခဲ့တာပါ။

ေျမရွားသတၱဳကို ျမန္မာႏိုင္ငံမွာ တူးေဖၚေနတာနဲ႔ ပတ္သက္ၿပီး ဆက္တင္ျပေပးအံုးမွာပါ။

UNICODE

အာကာသနည်းပညာနဲ့ ခေတ်မှီပစ္စည်းကရိယာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တု အကြောင်း ဓါတ်သတ္တုရှာဖွေရေးနဲ့တူးဖေါ်ရေးဘူမိပညာရှင် ဦးစောနောင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

‌မေး။ ။“ ဆရာဦးစောနောင် မြေရှားသတ္တု ဆိုတာ ကမ္ဘာပေါ်မှာ တကယ်ပဲ ရှားလို့ မြေရှားလို့ ခေါ်တာပါလား ဆရာ။”

ဦးစောနောင်။. ။“မြေရှားက တကယ်တော့ ကမ္ဘာအပေါ် အခွံလွှာ ထဲမှာ မရှားပါဘူး။ ကမ္ဘာ့အပေါ် အခွံထဲမှာ တွေ့ရများဒြပ်စင်နဲ့ တွေ့ရနဲ ဒြပ်စင်ဆိုပြီး ၂ မျိုး ခွဲတဲ့အထဲမှာ ဒီမြေရှားက တွေ့ရများ ဒြပ်စင်ထဲမှာတောင် ပါနေသေးတယ်။ ဥပမာ တွေ့ရများ ဒြပ်စင် ၇၈ မျိုး ရှိတဲ့အထဲမှာ စီရီယမ် - Cerium မြေရှား တမျိုးက နံပါတ် ၂၅ ချိတ်တာပေါ့လေ။ ဒါကြောင့်လည်း ဒီ စီရီယမ် ကို ကမ္ဘာ့နေရာ တော်တော်များများမှာ တွေ့နေရတာပါ။”
မေး။. ။ ဒါဆို ဘာကြောင့် မြေရှားလို့ ခေါ်တာပါလဲ ဆရာ။”

ဦးစောနောင်။. ။“ဘာလို့ ခေါ်လဲ ဆိုတော့ ၊ သူ့တခုထည်း သီးသန့်မတွေ့ပဲနဲ့. တခြား တွင်းထွက် တွေနဲ့တွဲတွေ့ရတယ်။ တွေ့ရတော့ သူ့ကို ခွဲထုတ်ဖို့ အတွက် ခွဲရတာ ခက်တာပေါ့။ ခွဲထုတ်ရတဲ့ စားရိတ်လည်း ကြီးမားတယ်။ ကြီးမားတော့ မြေရှား workable mine တခု မြေရှား ထုတ်လုပ်ဖို့ များပြားတဲ့ တန်ချိန်ရှိတဲ့ မိုင်း (သတ္တုတွင်း) တခု တွေ့ဖို့က ခဲယဉ်းတာပေါ့။ ဒါကြောင့်လည်း မြေရှား မိုင်းတွေက ကမ္ဘာပေါ်မှာ တခြား သတ္တုမိုင်းတွေနဲ့စာရင် တွေ့ရတာ နဲနေတာ ဖြစ်တယ်။ ၁၇၀၀ ကုန်ခါနီးတုန်းက မိုင်းသူဌေး တယောက်က အရင် မတွေ့ဘူးသေးတဲ့ သတ္တုပါတဲ့ ကျောက်တမျိုးကို တွေ့လိုက်တာ။ သူက ရှားတယ် ဆိုပြီးတော့ မြေရှားလို့ ပေးလိုက်တာ။ ဒီကနေပြီးတော့ စတင်ပြီး ခေါ်လိုက်ကြတာပဲ။”

မေး။. ။ “ဒီလို မြေရှားသတ္တုတွေ မြန်မာနိုင်ငံမှာ ရှိပါသလား ဆရာ။ ဘယ်နေရာမှာ တွေ့ရပါသလဲ။”

ဦးစောနောင်။. ။“ဟုတ်ကဲ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ။ ဒီကချင်ပြည်နယ် ချီဘွေမြို့နယ်၊ ပန်ဝါဒေသမှာ ရှိတယ်။ အများကြီးပဲ ရှိတယ်။ အခုလည်း ထုတ်လုပ်နေတာပဲ။ ဘယ်လောက် အထိ များသလဲ ဆိုတော့။ ၂၀၂၀ မြေရှားထုတ်လုပ်တဲ့ တန်ချိန် အရ ဆိုရင် တရုတ်က ပထမပေါ့။ အမေရိကန်က ဒုတိယ။ ကျနော်တို့ မြန်မာက ပန်ဝါက တတိယ လိုက်ပါတယ်။ ဒါက သက်သေပြတာပဲလေ။ ကျနော်တို့ ဒီပန်ဝါ ဒေသမှာ မြေရှားဟာ မနည်းဘူး ဆိုတာ သက်သေပြတာပဲ။ တတိယတောင် ချိတ်တယ်ဆိုတော့။”

မေး။. ။ “ဒါပေမယ့် မြန်မာနိုင်ငံမှာ သတ္တုတူးဖေါ်ရေးမှာ ကြည့်ရင် ဒီမြေရှားသတ္တုကို အစိုးရက ဦးစီးပြီး တူးနေတာ မတွေ့ရပါဘူးဆရာ။ ဆိုတော့ ဒီမြေရှားသတ္တုကို မြန်မာနိုင်ငံမှာ ဘယ်လိုပုံစံနဲ့ ဘယ်နေရာတွေမှာ တူးနေပါလဲ”

ဦးစောနောင်။. ။“အဓိကကတော့ ဒီကချင်ပြည်နယ်မှာပဲ တူးကြတာပဲ။ ကချင်ပြည်နယ်မှာ အခုက ပန်ဝါ တူးတာပေါ့။ အစိုးရကတော့ တာဝန်ယူူ တူးတယ်လို့ မကြားမိပါဘူး။”

မေး။. ။“ဟုတ်ကဲ့ပါ။ ဒီမြေရှားသတ္တုဟာ ဘယ်လို ကျောက်တွေနဲ့ တွဲပြီးတော့ ဖြစ်လာတယ် ဆိုတာ ပြောပြပေးပါဆရာ။”

ဦးစောနောင်။. ။“ကမ္ဘာပေါ်မှာ အဓိက တွေ့ရတဲ့ စီးပွါးဖြစ်ထုတ်လို့ရတဲ့ မြေရှား သတ္တုသိုက်တွေကို အဓိက ၄ မျိုးခွဲထားတာ တွေ့ရပါတယ်။ ဒီ ၄ မျိုးကတော့ Cabonatite associated deposit - သိုက်ရယ်၊ Alkaline igneous associated deposit အယ်လ်ကာလီကြွယ် မီးသင့်ကျောက်နဲ့ တွဲတွေ့ရတဲ့သိုက်ရယ်၊ placer deposit ရယ် Residual deposit ဆိုပြီး ၄ မျိုးထဲမှာ အများဆုံး တွေ့ရတယ်။”

မေး။. ။“အဲဒီ ၄ မျိုးကို ရှင်းပြပေးပါဆရာ”

ဦးစောနောင်။. ။“ Cabonatite association deposit ကတော့ ကာဗွန်နတိုက် ကျောက်အမျိုးအစားနဲ့ တွဲပြီး ဖြစ်လာတဲ့ သတ္တုသိုက်မျိုးပေါ့။ ဒုတိယ က အယ်လ်ကာလီဓါတ် ကြွယ်ဝတဲ့ မီးသင့်ကျောက်တွေနဲ့ တွဲဖက်ပြီး ဖြစ်လာတဲ့ သတ္တုသိုက်မျိုး၊ အထူူးသဖြင့် Nepheline Syenite ကျောက်မျိုးရယ်၊ Alkaline Granite- အယ်ကာလီကြွယ် ဂရင်းနစ်ကျောက်ရယ်၊ Pegmatite ပက်ဂမာတိုက် ကျောက်မျိုးရယ် ထဲမှာ အများဆုံး တွဲတွေ့ရတယ်။ အနည်ကျပြီး ဖြစ်လာတဲ့ Placer သိုက်မှာတော့ သူက ၂ မျိုးထပ်ပြီး ခွဲထားတယ်။ မရိန်း ပလေစာ (Marine placer) ရယ် အလူဗီရယ် ပလေစာ (Alluvial placer) ရယ်၊ Placer deposit ကတော့ ဘာသာပြန်ရင်တော့ ရေဆောင်သိုက်ပေါ့။ နောက်တခါ Residual ကတော့ ကြွင်းစုသိုက်။ ဒီ residual ကလည်း ၂ မျိုးခွဲထားတယ်။ Lateritic သိုက်နဲ့. clay သိုက် လို့ ခွဲထားတယ်။ အဲဒီ ၄ မျိုးထဲမှာ စီးပွါးဖြစ် ထုတ်နေတဲ့ မိုင်းတွေက အများဆုံးက ဒီ ၄ မျိုးထဲမှာ တွေ့ရတာ များတယ်။”

မေး။. ။“ဟုတ်ကဲ့ပါ ဆရာ။ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ အမျိုးအစားက ဘာပါလဲဆရာ။”

ဦးစောနောင်။. ။“မြန်မာနိုင်ငံမှာ ဒီပန်ဝါမှာ တွေ့တာကတော့ ဒီ အယ်လ်ကာလီကြွယ် ဂရင်းနစ် ကျောက်မျိုးထဲမှာ တွေ့နေရတာပဲ။ အယ်လ်ကာလီဓါတ် ကြွယ်ဝတဲ့ မီးသင့်ကျောက်တမျိုးနဲ့ တွဲဖက်ပြီးတော့ တွေ့ရတယ်။ ဒါကတော့ Primary ပေါ့။ ပင်ရင်းသိုက်။ အယ်လ်ကာလီကြွယ်တဲ့ မီးသင့်ကျောက်နဲ့ တွဲပြီး တွေ့ရတဲ့ မီးသင့်ကျောက် ကတော့ ဟိုးမြေအောက်မှာ၊ သူကတော့ ပင်ရင်းသိုက်ပေါ့။ သူ့အပေါ်မှာ ဥတုရာသီတိုက်စားမှု weathering ကြောင့် ဖြစ်လာတဲ့ ဂရင်းနစ်ကျောက် ကနေပြောင်းလာတဲ့ Laterite လက်ထရွိုက်တို့ အယ်လ်ကာလီကြွယ်တယ်ဆို clay တို့ ဖြစ်လာတယ်။ ဂရင်းနိုက် Granite ကျောက်မှာ သံဓါတ် ကြွယ်ရင်တော့ Laterite ဖြစ်လာတယ်။”

မေး။. ။“ဂဝံကျောက်ပေါ့နော် ဆရာ။”

ဦးစောနောင်။. ။“ဟုတ်တယ်။ Laterite က ဂဝံကျောက်။ Clay ကတော့ မြေစေး၊ မြေစေး အမျိုးအစား သိုက်နဲ့တွဲတွေ့ရတယ်။”

ဘူမိပညာရှင် ဦးစောနောင်က ပြောပြခဲ့တာပါ။

ပထမဆုံး မြေရှားသတ္တု အဖြစ် အနက်ရောင် ထူးခြားတဲ့ တွင်းထွက်တမျိုး (အီတာဘိုက် Ytterbite) ကို ၁၇၈၇ ခုနှစ်က ဆွီဒင်စစ်တပ်က အပျော်တမ်း ဘူမိ ဓါတုပညာရှင် ဗိုလ်ကြီး ကားလ် အက်ဆယ်လ် အာရ်ရေးနီးယပ်စ် Cark Axel Arrhenius က ဆွီဒင်နိုင်ငံ စတော့ဟုမ်မြို့အနီး အီတာဘီ (Ytterby) မြို့လေးနားက ကျောက်မိုင်းငယ်တခုမှာ တွေ့ခဲ့တာပါ။

မြေရှားသတ္တုကို မြန်မာနိုင်ငံမှာ တူးဖေါ်နေတာနဲ့ ပတ်သက်ပြီး ဆက်တင်ပြပေးအုံးမှာပါ။

XS
SM
MD
LG