သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ပုဂ္ဂလိက ပူးတွဲသုတေသန


Solar Bubble Dryer - preparation in Sitkwin, Myanmar (Photo Credit - Dr. Myo Aung Kyaw)
Solar Bubble Dryer - preparation in Sitkwin, Myanmar (Photo Credit - Dr. Myo Aung Kyaw)
အစိုးရနဲ့ပုဂ္ဂလိက ပူးတွဲသုတေသန
please wait

No media source currently available

0:00 0:07:12 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဆန်စပါးကို ပုဂ္ဂလိကကို လွှဲလိုက်တဲ့နောက် ဆန်စပါးဌာနက သုတေသန ပညာရှင်တွေနဲ့ လက်တွဲပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်ဖို့ ဘာတွေ စီစဉ်နေတယ် ဆိုတာကို နေရောင်ခြည်အားသုံး အသီးအနှံ အခြောက်ခံစက် ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျေ်က ပြောပြပေးမှာပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ ရန်ကုန်မှာက ကျွန်တော်တို့ ဆန်စက်အင်ဂျင်နီယာဌာန ရှိပါတယ်ခင်ဗျ။ အဲဒီမှာဆိုရင် လက်ရှိက ကျွန်တော်တို့ ဆန်စပါးနဲ့ပတ်သက်တဲ့ ကိစ္စတွေက ပုဂ္ဂလိက ကဏ္ဍကို လွှဲလိုက်တဲ့အခါကျတော့ ဆန်စက် အင်ဂျင်နီယာဌာန အနေနဲ့ လုပ်ရမယ့် အပိုင်းတွေ တော်တော်နဲသွားတယ်။ ဒီအတိုင်း ငုတ်တုပ် ထိုင်ပြီး တော့ မလှုပ်မရှားဖြစ်နေရတယ်။ သူတို့ကိုယ်တိုင်လည်း အဲဒီလို မနေချင်ဘူးခင်ဗျ။ အဲဒီတော့ ကျွန်တော်နဲ့ သူတို့နဲ့ ပူးပေါင်းပြီး တဘက်ကလည်း public- private မိတ်ဖက် partnership သဘောမျိုးလည်း ဖြစ်သွားမယ်။ နောက် တခုခုလည်း ပိုပြီးတော့ ကောင်း တဲ့ ရလဒ် result တွေ ထွက်လာမယ်။

နောက် ကျွန်တော့်ဘက်ကလည်း ကျွန်တော့်အားနဲချက်က အလုပ်တွေ အရမ်းများ လာ တာ၊ အဲဒီအခါကျတော့ သုတေသနပိုင်းက၊ တကယ်ဆို သုတေသနအပိုင်းဆိုတာ ဒါကို ငုတ်တုတ်ထိုင်ပြီး တစိုက်မတ်မတ် လုပ်ပေးမယ့် ကျွန်တော့်ရဲ့ partner ပဲပြောပါတော့ အဲဒီလို လက်တွဲလုပ်မယ့်သူ မရှိတဲ့အခါကျတော့ ဒီ အင်ဂျင်နီယာဌာနနဲ့ ကျွန်တော်တို့ ၂ ဦး ၂ ဘက်က သူ့လိုအပ်ချက်နဲ့ ကိုယ့်လိုအပ်ချက်ကလေးတွေ ဖြည့်လိုက်တော့ တော်တော်လေး၊ ကောင်းသွားမယ့် အလားအလာတွေ မြင်နေရတယ်။ အဲဒီ အခါ ကျတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလေးကမှ အကြမ်းဖျင်းအားဖြင့် ဆွေးနွေးပြီးတော့ တဘက်ကလည်း လူကြီးတွေရဲ့ mandate က ရှိတဲ့အခါကျတော့ အကိုက် ြဖစ်သွားတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ သုတေသနကို ကျွန်တော်တို့ လုပ်ကြမယ်။ နောက်ပြီးတော့ dryer အခြောက်ခံစက်နဲ့ ပတ်သက်လို့ ပိုပြီးတော့ ကောင်းအောင်၊ ပိုပြီးတော့ဖွံ့ဖြိုးလာအောင်ပေါ့။ တဖက်ကလည်း user သုံးစွဲသူတွေ ဖြစ်တဲ့ potential SME တွေပေါ့ အသေးစာ လုပ်ငန်းရှင်လေးတွေ ရဲ့ လိုအပ်ချက် ကလေးတွေကို ကျွန်တော်တို့က သေသေချာချာလေး ဖြည့်ပေးနိုင်မယ်ဆို အကုန်လုံး အတွက် ကောင်း တာချည်း ဖြစ်လာမယ် ဆိုတဲ့ မျှော်လင့်ချက် ကလေးတွေ ရှိတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် ကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။

ဟုတ်ကဲ့။ ဘယ်နေရာတွေမှာ သုတေသန လုပ်မှာပါလဲ။ နည်းနည်း ရှင်းပြပေးပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ ဟုတ်ကဲ့။ ပထမအချက်ကတော့ ကျွန်တော်တို့ အခု facility လုပ်နိုင်စွမ်း ပေါ့နော်၊ ဥပမာ ကျွန်တော်ဆိုရင် solar dryer နေရောင်ခြည် အား သုံး အခြောက်ခံစက်နဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ကျွန်တော်လေ့လာလို့ ရတဲ့ ဟာတွေကနေတဆင့် ဒီဇိုင်းလေးကို ကျွန်တော် ရခဲ့တယ်။ အသေးစိတ်တွေကျတော့ ကျွန်တော် ကိုယ်တိုင်လည်း အင်ဂျင်နီယာ မဟုတ်တဲ့ အခါကျတော့ ကျွန်တော် ဥပမာ ပန်ကာပေါ့နော်။ ပန်ကာက အထဲမှာ သီးနှံကို ခြောက်သွေ့ပြီး တက်လာတဲ့ ရေငွေ့တွေ အပိုင်း - humidity အပိုင်းကို ကျွန်တော်တို့က အပြင်ကိုထုတ်တဲ့ အခါကျတော့ ဒီပန်ကာရဲ့ အကြမ်းဖျင်းလည်ပတ်နှုန်းက ဘယ်လောက်ရှိတယ်၊ ဘာညာကို ကျွန်တော်က သေသေချာချာ အင်ဂျင်နီယာ ရှုထောင့်ကနေပြီးတော့ မသိနိုင်ဘူးလေ။

အဲဒီအခါကျတော့ သင့်တော်မယ့် ပန်ကာရွေးချယ်တဲ့ အပိုင်းတို့ဘာတို့ ကျတော့၊ အင်ဂျင် နီယာရှုဒေါင့်ကနေ သူတို့လည်း အသေးစိတ်လေ့လာရင်း သူတို့မှာ အိုင်ဒီယာတွေ ရ လာနိုင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီ ဆိုလာ အခြောက်ခံ စက်မှာ ပုံဆွဲ ထားတာတွေတော့ ရှိတယ်။ ဒါပေမယ့် အဲဒီ ပုံတွေက တကယ် အလုပ်လုပ်လား မလုပ် လား၊ သူလိုချင်တဲ့ အပူချိန် ရလားမရလား၊ ဆိုတဲ့ အသေးစိတ်က ကျွန်တော်တို့ ဆီမှာ အားနည်းချက်ကလေးတွေ နဲနဲ ရှိနေတယ်။ အဲဒီအခါကျတော့ သေချာတာက တည်ဆောက်ပြီးတဲ့အခါကျရင် သူ့ရဲ့ heat generation အပိုင်း လို့ခေါ်တဲ့ အခြောက် ခံစက်ထဲမှာ တက်လာမယ့် အပူချိန် ပေါ့နော်။ အဲဒါသည် နာရီအလိုက် ဘယ်လို- ဘယ်လောက်ကြာကြာ ရမလဲ၊ ဒါလေးတွေ ကျတော့ အသေးစိတ် လုပ်စရာတွေ ရှိတယ်။ ဒီအားနဲချက်တွေကို အခု အင်ဂျင်နီယာဌာနနဲ့ ကျွန်တော်တို့ ပေါင်းလိုက်ရင် ဒါတွေက ပြေလည်သွားမယ့် အနေထားရှိတယ်။ ဒါက facility development အပိုင်းပေါ့နော်။

နောက်တခုက အဲဒီမှာ ဆိုရင် အပေါ်ကအုပ်တဲ့ နေရောင်ဖြတ်သွားမယ့် ပလပ်စတစ် ပိုင်းပေါ့နော်။ အဲဒီ ပလပ်စတစ်က ကျွန်တော်တို့အနေနဲ့ နေရောင်ထဲမှာပါတဲ့ UV ခရမ်း လွန်ရောင်ခြည်ကို ခံနိုင်ရည်ရှိတဲ့ ပလပ်စတစ်မျိုးတွေ သုံးရမယ်။ နောက် တာရှည်ခံတဲ့ ပလပ်စတစ်ဆိုရင် ပေါ်လီတာမနစ်လို့ ခေါ်တဲ့ အမျိုးအစားကို ကျွန်တော်တို့ သုံးရမယ်။ အဲဒီနေရာမှာလည်း ကျွန်တော်တို့ အနေနဲ့ small scale အနည်းအကျဉ်းပဲ ထုတ်နေ ရင်တော့ ဒီလိုကောင်းတဲ့ဟာဆိုရင် နည်းနည်းချင်းဝယ်ရင် အရမ်းဈေးကြီးတယ်။ အဲဒီ အခါကျတော့ မလိုလား အပ်တဲ့ စက်ပိုင်းဆိုင်ရာတန်ဖိုးတွေ အရမ်းကြီး။ အရမ်းတက် သွားမှာလည်း ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ သုတေသန လုပ်ပြီးတော့ စရိတ်ကို ဘယ်လို လျှော့ချမယ်။ အကောင်းဆုံး ဖြစ်အောင် ဘယ်လို လုပ်မလဲ၊ နောက် အသုံးပြုတဲ့ ပစ္စည်းပိုင်းတွေကို ကျွန်တော်တို့ ပိုကောင်းအောင် ဘာတွေ လုပ်မလဲ၊ လုပ်စရာတွေက အများကြီးပေါ့ဗျာ။ ဒါက facility ပိုင်းပေါ့နော်။

သုတေသနလုပ်ရာမှာ အခုလို အသုံးပြုရမယ့် ပစ္စည်းဆိုင်ရာမှာသာမက သုံးရမယ့် စက်ရဲ့ ထုတ်လုပ်နိုင်စွမ်း ပမာဏကို သေသေချာချာ သိအောင် လုပ်ရမှာပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ နောက်တချက်ကတော့ ဒီ product ထုတ်ကုန်ပစ္စည်း အပိုင်းပေါ့။ product ပိုင်းမှာ ကျွန်တော်တို့က စက်ကို သုံးပြီဆိုလို့ ရှိရင် အထူးသဖြင့် သုံးစွဲမယ့် လုပ်ငန်းရှင်အနေနဲ့ ဒီစက်က အချိန်ကာလ ဘယ်လောက်မှာ ဘယ်လောက် ပမာဏ ပြီးမလဲ၊ ဆိုတာကို သူတို့ကို သိအောင် အချက်အလက် ပြောပြနိုင်ဖို့ လိုတယ် လေ။ ဘာကြောင့်လဲဆိုတော့ ဥပမာ ပိဿာချိန် ဘယ်လောက်ပြီးမယ်။ ဘယ်နှစ်ရက် ကြာမယ် ဆိုတာ။ သူတို့အနေနဲ့ အပြင်မှာ လှန်းတယ် ဆိုလို့ရှိရင် လှန်းတဲ့ဟာနဲ့ သူတို့ ချင့်ချိန်နိုင်ဖို့ပေါ့နော်။ အဲဒါမှလည်း သူတို့ အကျိုးရှိတယ်ဆိုတာ မြင်လာ ပြီးတော့ သူတို့ သုံးစွဲနိုင်ခြေ ရှိမှာပေါ့။ အဲဒီတော့ သူတို့ကို အားသာချက်တွေ ရှိတဲ့အပိုင်းတွေကို ကျွန်တော်တို့က ထုတ်ပြဖို့အတွက်ကို ကျွန်တော်တို့က သုတေသနအရ ပီပီပြင်ပြင် ပြောနိုင်မှ ဖြစ်မယ်။ product ပိုင်းကိုပေါ့နော်။

အဲဒီနေရာမှာလည်း သူက ငြုပ်သီးဆို ငြုပ်သီး၊ နောက် ဝဥလို ဟာဆို အခုအချိန်မှာ ချင်းပြည်နယ်မှာ အများကြီး ရတယ်။ နောက် မြန်မာ တပြည်လုံး မှာလည်း ဒီဝဥကို ရနိုင်တဲ့ အနေထားတွေ အများကြီး ရှိတယ်။ ဒီဝဥရဲ့ သဘောကတော့ ကျွန်တော်တို့ အထူးသဖြင့် ဂျပန်တို့ ကိုရီးယားတို့၊ တရုတ်တို့က တော်တော် သုံးတယ် ခင်ဗျ။ အခု သမရိုးကျ လမ်းကြောင်းမှာ ဆိုရင် လုပ်ငန်းရှင်တွေ အနေနဲ့ ဒီဝဥကို ပါးပါးလှီးပြီး သနရိုးကျနေနဲ့ လှန်းတဲ့အခါကျတော့ အရောင်အသွေးပြဿနာတွေ၊ အရည်အသွေး ပြဿနာတွေ ရှိတယ်ခင်ဗျ။ ရှိတော့ ကျွန်တော်တို့ အခုလို စက်တွေနဲ့ဆို အဲဒီပြဿနာတွေ နည်းသွားမယ်။ နည်းတယ်ဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့က ဒီထုတ်ကုန်ရဲ့ အရည် အသွေးပိုင်းမှာ သူက ဘယ်လောက် အတိုင်းအတာအထိ၊ သူ့မှာ ရှိတဲ့ ဂလူကိုမင်နမ်လို့ ခေါ်တဲ့ (active ingredient) ပစ္စည်းပါဝင်မှုအပိုင်းမှာ ဘယ်လို အားသာမှုရှိသလဲ ဆိုတာမျိုး သုတေသန လုပ်စရာတွေ အများကြီး ရှိတယ်။

စိုက်ပျိုးကုန်တမျိုးရဲ့ အရည်အသွေးကို နို်င်ငံတကာ စံချိန်မှီမမှီ ဆန်းစစ်ဖို့လိုတဲ့အပြင် စီးပွါးဖြစ် ထုတ်နိုင်ဖို့ အထိပါ စဉ်းစားဖို့ လိုပါတယ်။

ဒေါက်တာမျိုးအောင်ကျော်။ ။ အခု ကျွန်တော်တို့ စီးပွါးကူးသန်းက ဆန်စက် အင်ဂျင် နီယာ ဌာနတင်မဟုတ်ဖူး၊ သူတို့အောက်မှာပဲ CTQM ဆိုတဲ့ သုတေသနဌာနတခု ရှိ တယ်။ သူက commodity testing and quality management ဆိုတဲ့အပိုင်း - ထုတ် ကုန်တွေကို စမ်းသပ်စစ်ဆေး ပြီး အရည်အသွေး ဆိုင်ရာ စီမံခန့်ခွဲတဲ့အပိုင်း- အဲဒီ နေရာမှာ လည်း ပညာရှင်တွေ ရှိတဲ့ အခါကျတော့ ကျွန်တော်တို့က ဒီကနေ ထွက် လာရင် ပစ္စည်းရဲ့ ရလဒ်တွေ၊ ထုတ်ကုန်ရဲ့ အရည်အသွေးကို ကျွန်တော်တို့ တဖက်က ဒီဓါတ်ခွဲခန်းရဲ့ အားသာချက်နဲ့ ညှိပြီးတော့ ကျွန်တော်တို့ သုနေသန လုပ်သွား မယ်ပေါ့။ ဒါက ဘာလဲဆိုတော့ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ resources တွေကို ကျွန်တော်တို့က ကောင်းကောင်းအသုံးချ ပြီးတော့ ဒီ ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်တာ ပိုပီပြင်မယ်လို့ မြင်တော့ ဒါလေးကို ကျွန်တော် တစိုက်မတ်မတ် လုပ်ပေးသွားမယ်လို့ စဉ်းစားထားတာပါ။

အဲဒီနေရာမှာ နေရောင်ခြည်အားသုံး solar dryer အခြောက်ခံစက်တို့၊ solar tent နေရောင်ခြည်နဲ့ အခြောက်ခံတဲ့ စင်တို့ ဒီအပေါ်မှာ မူတည်ပြီး သူ့ capacity အခြောက် လှန်းနိုင်တဲ့ ပမာဏက ဘယ်လောက် ရှိတယ်။ သူ့ရဲ့ကုန်ကျစရိတ်က ဘယ်လောက် ရှိတယ်။ သူ့သုံးစွဲမှုနဲ့ အရင်းကြေကာလက ဘယ်လောက် ရှိမယ်၊ ဒါတွေကျတော့ ကျွန်တော်တို့ သေသေချာချာ သုတေသနတဖွဲ့ကနေ လုပ်ပေးမှသာလျင် ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ စက်တွေကို ဒီသုံးစွဲမယ့် လုပ်ငန်းရှင်တွေကို ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ဒီဆန်စက် အင်ဂျင်နီယာဌာနနဲ့ ပူူးပေါင်းပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေတာပါ။

ဒေါက်တာမျိုးအောင်ကျော်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG