သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်


The ozone hole of September 21-30 2006 was the most severe observed to date.
The ozone hole of September 21-30 2006 was the most severe observed to date.

သင်္ကြန်တွင်းမှာ အပူဒဏ်ကို ခံကြရသလို ဒီနှစ်အတွက်တော့ Ultra Violet light လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကိုပါ ရောပြီးခံရနိုင်တာမို့ ဒီအန္တရာယ်နဲ့ ပါတ်သက်ပြီး သိသင့်တာတွေကို ဒီတပါတ်မှာ ပြောပြပါရစေ။

အမေရိကန်နိုင်ငံက WSI နိုင်ငံတကာ မိုးလေဝဿအဖွဲ့ရဲ့ intellicast website စာမျက်နှာမှာ ဒီသင်္ကြန်တွင်း မြန်မာနိုင်ငံမှာ ရှိမယ့် အပူချိန်ကို ကြည့်ရင် နေ့အခါမှာ အပူချိန်၁၀၀ ဒီကရီ ကနေ ၁၀၂ ဒီဂရီ ဖါရင်ဟိုက်အထိ ရှိနေမယ်လို့ ခန့်မှန်းထားတာတွေ့ရပြီး ခရမ်းလွန်ရောင်ခြည် ကျရောက်တဲ့ အညွှန်းကိန်းကတော့ ၁၁ မှာ ရှိနေတာ တွေ့ရပါတယ်။

ပြင်းထန်တဲ့ အပူဒဏ်ကြောင့် heat stroke လို့ခေါ်တဲ့ အပူရှပ်တဲ့ ဝေဒနာဟာ အသက်ဆုံးတဲ့ အထိ ဖြစ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ကလည်း လူကိုဒုက္ခပေးနိုင်ပါတယ်။ နေရောင်ထဲမှာပါတဲ့ infrared IR လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်က နေပူလောင်တာမျိုးကို ဖြစ်စေပေမယ့် ultraviolet UV လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်က မပူပေမယ့် အရေပြားကို ထိခိုက်စေနိုင်သလို gene လို့ခေါ်တဲ့ သက်ရှိ မျိုးဗီဇကို ပျက်စီးစေနိုင်တာပါ။

ဒီလို အန္တရာယ်ပေးတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ လူ့အရေပြားအတွက် photochemical ဓါတုအဆိပ် သင့်နိုင်တာတွေကို ဓါတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပြမှာပါ။

ကမ္ဘာ့အပေါ်ယံဆုံး stratosphere ဆိုတဲ့လေထုထဲမှာ အိုဇုံးအလွှာဆိုတာရှိတယ်။ အဲဒါကမ္ဘာတည်စကတည်းက ရှိနေတာပဲ။ ကမ္ဘာကိုကျရောက်မယ့် ဒီ UV light တွေကို သူက အကာအကွယ်ပေးထားတယ်။ ဒါပေမယ့် ဒီ UV light တွေကိုအကာကွယ်ပြုတဲ့ အိုဇုံးလွှာဟာ CFC လို့ခေါ်တဲ့ ကျွန်တော်တို့ ဒီ လေအေးစက်တွေ၊ air con တွေ၊ ရေခဲသေတ္တာတွေမှာ သုံးတဲ့ကလိုရို ဖလိုရို ကာဗွန်ဒြဗ်ပေါင်းကြောင့် ဒီအိုဇုံးလွှာ စတင်ပျက်စီးတာ။ ဒီCFC က တကယ့်တကယ် လေထုထဲ သူက တမင်ထည့်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က compressor ထဲထည့်ရင်း၊ ဒါမှမဟုတ် compressor ပေါက်တဲ့အခါ ကွဲတဲ့အခါ မသုံးတဲ့အခါတွေမှာ CFC ဟာလေထုထဲ ရောက်သွားတယ်။ ရောက်သွားတော့ အိုဇုံးလွှာတွေ ပါးပါး လိုက်လာတယ်။

ဒါကိုစတွေ့တာ ၁၉၇၀ လောက်မှာ သိပ္ပံပညာရှင်တွေက သိတယ်။ တကယ့်တကယ်က Atlantic စက်ဝိုင်းမှာ ဖြစ်နေတာဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တကမ္ဘာလုံးမှာ အဲဒီ ပြဿနာက တကယ်ကြီးလာတယ်။ ဒီ UV ကရေစိုတဲ့အချိန်မှာလည်း ဖေါက်ဝင်နိုင်တာမို့ စိုးရိမ်ရတာဖြစ်တယ်။ ဒါကြောင့်တော်တော သတိထားရမယ်။

အိုဇုံးလွှာ ပျက်စီးစေတဲ့ ဒြပ်ပေါင်း နဲ့ ပါတ်သက်ပြီး ပြောပြပေးပါ

အိုဇုံးလွှာပျက်စီးစေတဲ့ ဒြပ်ပေါင်းကတော့ ကလိုရို ဖလိုရို ကာဗွန်ပေါ့။ ကလိုရင်း၊ ဖလိုရင်းနဲ့ ကာဗွန် ၃ခုကို ပေါင်းထားတာ၊ ဘာနဲ့ တူသလဲဆိုတော့ မေ့ဆေးမှာ ကလိုရိုဖေါင်းနဲ့ တူတယ်။ ကလိုရိုဖေါင်းမှာ ကာဗွန်ရယ် ဟိုက်ဒရိုဂျင်ရယ် ကလိုရင်းရယ်ပါတယ်။ သူ့မှာကျတော့ ကာဗွန်ရယ်၊ ကလိုရင်းရယ် ဖလိုရင်းရယ် ပါတယ်။ အဲဒါက inert ပေါ့။ တခြား နဲ့ တော်ရုံတန်ရုံကို ဓါတ်မပြုဘူး။ ဓါတ်မပြုတော့ သူ့ကို အများကြီး သုံးလို့ ရတယ်။ သူ့ကို အေးခဲပြီးတော့ မှ အပူပေးတာ။ ဥပမာ သူ့ကို compressor ထဲထည့်ပြီးတော့မှ သူ့ကို အပေါက်ကျဉ်းကျဉ်းနဲ့ ကျယ်ပြန့်လိုက်ရင်၊ ဘေးကရှိတဲ့ အပူ သူအကုန်ယူသွားတယ်။ သူဟာ အအေးပြန်ခံလိုက်ရင် ပြန်ပြီးတော့အရည်ပြန်ဖြစ်လာတယ်။ သူဟာ အင်မတန် သုံးလို့ အသုံးတဲ့တဲ့ ပစ္စည်းဖြစ်တယ်။ ဒါ့ကြောင့် ဆယ်စုနှစ် ၂စု ၃ စုလောက် ဒါကို သုံးတယ်။ သုံးနေရင်းနဲ့ ပြဿနာဖြစ်တာ ပဲလေ။ အဲဒီမှာ အိုဇုံးလွှာ ပျက်တယ်။

အိုဇုံးလွှာ ပျက်တဲ့ ဟာကို chemist တွေက အကုန်လုံး လျှောက်လေ့လာတယ်။ အခု နာဆာက ဒါ ဘာကြောင့် ပျက်သလဲ။ Satellite ကနေ ကမ္ဘာတဝှမ်းကို လေ့လာပြီး ပြောမယ်လို့ ပြောတယ်။ ဘယ်လောက်ထိ လုပ်နိုင်မလဲတော့ မသိဘူးပေါ့။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အစက နဂို ယူဆတာ အတ္တလန်တိတ် သမုဒ္ဒရာက ရေခဲပြင် အပေါ်မှာ ပဲ စက်ဝိုင်းပုံသဏာန် ပေါက်သွားတယ်လို့ သူတို့ထင်တာ။ ဒါပေမယ့် အခုတော့ အာရှတိုက်မှာရော၊ ဥရောပဘက်မှာရော ပေါက်တဲ့နေရာတွေ တွေ့တယ်။ တကယ်က ပေါက်တယ် ဆိုတာက ပါးလွှာနေတာပါ။ အဲဒါကို ပြန်ပြင်ဖို့ ဆိုတာက နှစ်ပေါင်းများစွာ ကြာမှာပါ။ နောင် နှစ်ပေါင်း ၄၀ လောက်မှ ပြန်ကောင်းနိုင်မယ်လို့ လေ့လာ တွေ့ရှိထားတာပါ။

ခရမ်းလွန်ရောင်ခြည်ရဲ့ ဆိုးကျိုးတွေကို ပြောပြပေးပါ။

ခရမ်းလွန်ရောင်ခြည်က တကယ့်တကယ်မှာ ကောင်းတာတွေ အများကြီးလည်း ရှိပါတယ်။ ကျွန်တော်တို့ သူ့ကို UV light တို့ ဘာတို့လို အသုံးလို့ အများကြီး ရတာတွေ ရှိပါတယ်။ ဒါပေမယ့် ဆိုးကျိုးကတော့ သူက genes လို့ခေါ်တဲ့ မျိုးဗီဇတွေကို အများကြီး ဖျက်ဆီးနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒီမျိုးရိုးဗီဇတွေ ဖျက်ဆီးခံရရင် တချို့နေရာတွေမှာ ကင်ဆာဖြစ်လာတာ ရှိတယ်။
UV ဟာ အရေပြားပေါ်ကျ ပြီဆိုရင် အဲဒီအရေပြားကစပြီးတော့ ပျက်စီးလာတယ်။ အရေပြား စပြီးပျက်စီးသွားရင် ကျွန်တော်တို့က အဲဒီ အပြင်က ရောဂါတွေကို ကာကွယ်ထားတဲ့ အလွှာ ပျက်စီးရင် ကျန်တဲ့ဟာ ရောဂါတွေ အများကြီး ဝင်လာမယ်။ ခရမ်းလွန်ရောင်ခြည်က ရှိတဲ့ genes တွေကို ပျက်စီးစေတယ် ဆိုတော့ သူက အများကြီးကျလာရင် သူက အပင်တွေကိုပါ ပျက်စီးစေ တာပေါ့နော်။ လူတိရိစ္ဆာန်တွေက အပင်တွေကို မှီတည်နေကြတာ၊ အပင်တွေ မရှိရင် လူတိရိးစ္ဆာန်တွေ မရှိဘူး။ တကယ်လို့ UV သာ အများကြီး ကျရောက်မယ်ဆိုရင် ဒီအပင်တွေလည်း ရှိတော့မှာ မဟုတ်ဖူး။ ဒုက္ခရောက်တော့ မှာပေါ့။

တကယ်တော့ Mars ဆိုတဲ့ အင်္ဂါဂြိုဟ် ကို လေ့လာတဲ့ အခါမှာ ဆီမှာ stratosphere လည်းမရှိဘူး။ လေထု မရှိတဲ့ အတွက်ကြောင့် အပေါ်ကနေ ကျလာတဲ့ ခရမ်းလွန်ရောင်ခြည်ကို ဘယ်လိုမှ ကာကွယ်ဖို့ မရှိဘူး။ ဒါကြောင့် ဒီလို UV တွေ ဆက်တိုက် ကျနေတဲ့ အတွက်ကြောင့် သစ်ပင်လည်း မရှိဘူး။ သစ်ပင်မရှိရင် အကောင်ပလောင်၊ ဘက်တီးရီးယားတွေလည်း ရှိလို့ မရဘူး။ လူကတော့ပြောမနေနဲ့။ ဒါ့ကြောင့် UV သာ ကမ္ဘာကြီးကို အများကြီးကျမယ် ဆိုရင် ကမ္ဘာကြီးကို ပျက်စီးသွားအောင် လုပ်နိုင်မယ်လို့ ယူဆကြတယ်။
ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ သုံးတဲ့ အရေပြားပေါ်မှာ လိမ်းတဲ့ လိမ်းဆေးတွေရဲ့ အကျိုးအပစ်တွေကို ကြည့့်ရအောင်ပါ။
သူကတော့ water base နဲ့ oil base ဆိုပြီးတော့ ၂ မျိုး ရှိတယ်။ ဆီနဲ့လား ရေကို အခြေခံထားတာ သုံးမလားပေါ့။ သူက UV ကို ကာကွယ် နိုင်တဲ့ compound တွေပါတယ်။ အဲဒီကွန်ပေါင်းတွေနဲ့ UV နဲ့ ဓါတ်ပြုပြီးတော့ အသားထဲကို ထပ်ပြီးတော့ မဝင်တော့ဘူး။ ဒါပေမယ့် အဲဒီကောင်က ဓါတ်ပြု ဓါတ်ပြုရင်း ကုန်သွား တတ်တယ်။ အခုလောလော ဆယ်မှာတော့ Skin ပေါ်မှာ ကာကွယ်နိုင်တယ် ဆိုတဲ့ အရာဟာ ခေတ္တ ခဏသာ လုပ်နိုင်တယ် ဆိုတာ သဘောပေါက်လာကြတယ်။ အခုလောလောဆယ်မှာ UV ကာကွယ်နိုင်တယ် ဆိုတဲ့ အနေအထားဟာ ကြော်ငြာ အနေလောက်ပဲရှိပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာ သနပ်ခါး ဆိုရင် အတော်လေးကို ကာကွယ်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ကာကွယ်မလဲ။ ဘယ်လိုကာကွယ်မလဲ။ ဒါကိုသုတေသန လုပ်ရင် အကျိုးရှိမှာပါ။

အခု UV မြန်မာပြည်ကို ကျတာ Index က ၁၁ လောက်အထိ ရှိတယ်။ တခါတလေ ၁၁ ရှိတယ်။ တကယ့်တကယ် ၁၁ ကျော်သွားရင် အန္တရာယ် စရှိပြီ။ ၁၆ လောက်ဆို အန္တရာယ် ရှိတယ်။ ဒါပေမယ့် ၁၁ တောင်မှ အကြာကြီး နေပူထဲမှာ နေမယ်ဆိုရင် ဒါဟာ အန္တရာယ် ရှိနိုင်နေပြီ။ ခုနလို သူက ဖြေးဖြေး ဖြေးဖြေးနဲ့ ဓါတ်ပြု နေမယ်။ reaction ဖြစ်နေမယ်။ ဒီ photochemical reaction ဆိုတာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ဒါဟာ တခါ စဖြစ်ပြီးရင် ဆက်တိုက် ဆက်တိုက် ပဲ ဖြစ်ပွါးနိုင်တဲ့အတွက် အတော်လေးကို သတိထားရမှာပါ။

ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုပါ။
XS
SM
MD
LG