သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က စိတ်ကြွဆေးမှောင်ခိုသူတွေသုံးတဲ့ Starlink အချက်အလက်ရဖို့ အိန္ဒိယတောင်းခံ

Starlink အင်တာနက်စက်သွယ်ရေးစက်
Starlink အင်တာနက်စက်သွယ်ရေးစက်

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံဘက်က စိတ်ကြွဆေးတွေ သယ်ဆောင်သူတွေဟာ ရေလမ်းကြောင်းအတွက် Starlink ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို သုံးခဲ့တာကြောင့် အသေးစိတ်အချက်အလက်တွေ သိရဖို့ အိန္ဒိယအာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။

Starlink ဆက်သွယ်ရေးစက်ကို ဘယ်သူက၊ ဘယ်အချိန်ဝယ်ယူခဲ့တယ်၊ စတဲ့အချက်အလက်မျိုးတွေ အပြင် ဖုန်းအသုံးပြုခဲ့တဲ့မှတ်တမ်းတွေကိုလည်း Elon Musk ရဲ့ Starlink ကုမ္ပဏီထံကနေရယူနိုင်ဖို့ စီစဉ်နေတယ်လို့ ဒီအမှုကိစ္စကိုတာဝန်ယူ ဆောင်ရွက်နေတဲ့ အိန္ဒိယရဲအရာရှိ Hargobinder S.Dhaliwal ကပြောပါတယ်။

ကပ္ပလီပင်လယ်ပြင် နီကိုဗာကျွန်းတွေအနီး မြန်မာနိုင်ငံဘက်ကလာတဲ့ စက်လှေတစီးကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲဖမ်းဆီးခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၄.၂၅ ဘီလီယံတန်ဘိုးရှိတဲ့ မက်သာ အက်ဖာတမင်း မူးယစ်ဆေးကီလို ၆ ထောင်ကျော် ဖမ်းဆီးမိခဲ့တာပါ။ စံချိန်တင် ဖမ်းဆီးမိတဲ့ မူးယစ်ဆေးတွေနဲ့အတူ စက်လှေပေါ်မှာပါတဲ့ မြန်မာနိုင်ငံသား ၆ ဦးကိုလည်း အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီးခဲ့တာပါ။

ဒီစက်လှေဟာ မြန်မာနိုင်ငံဘက်ကစတင်ထွက်လာစဉ်ကတည်းက Starlink ဂြိုဟ်တုဆက်သွယ်ရေး စက်ကို အသုံးပြုလာခဲ့တာလို့လည်း အိန္ဒိယရဲတပ်ဖွဲ့ကပြောပါတယ်။ အခုအချိန်အထိတော့ Starlink ဘက်က တုံ့ပြန်ချက်မရသေးဘူးလို့လည်း ပြောပါတယ်။

ဂြိုဟ်တုနဲ့တိုက်ရိုက်သွယ်နိုင်ပြီး အင်တာနက်အသုံးပြုနိုင်တဲ့ Starlink ဆက်သွယ်ရေးစက်တွေဟာ နိုင်ငံတကာ ရေပိုက်နက်မှာ ဆက်သွယ်အသုံးပြုနိုင်ပြီး အခုအခါအိန္ဒိယရေပိုက်နက်မှာ တရားဝင် အသုံးပြုနိုင်ဖို့လည်း အိန္ဒိယအာဏာပိုင်တွေ စီစဉ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG