သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အပေါ် သဘောထား အမေရိကန်နိုင်ငံခြားရေးဌာနတွင်း ညွှန်ကြားချက်ထုတ်ပြန်


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က တရုတ်ကွန်မြူနစ်ပါတီပြတိုက်မှာ ထွင်းထုထားတဲ့ တရုတ်ကွန်မြူနစ်ပါတီအလံ ရှေ့မှာ သွားလာနေကြတဲ့ ပြည်သူများ မှတ်တမ်းဓာတ်ပုံ။
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က တရုတ်ကွန်မြူနစ်ပါတီပြတိုက်မှာ ထွင်းထုထားတဲ့ တရုတ်ကွန်မြူနစ်ပါတီအလံ ရှေ့မှာ သွားလာနေကြတဲ့ ပြည်သူများ မှတ်တမ်းဓာတ်ပုံ။

တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ တရုတ်လူမျိုးတွေကြား ကွဲပြားခြားနားမှုရှိကြောင်း ရှင်းလင်းဖော်ပြ ထားပြီး ပြိုင်ဘက်နှစ်နိုင်ငံကြား တရုတ်နိုင်ငံသားတွေအပေါ် အမေရိကန်ပြည်ထောင်စုက ရန်သူအဖြစ် မရှုမြင်ကြောင်း ဗွီအိုအေကတွေ့ရှိခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတွင်း ညွှန်ကြားချက်မှာ ဖော်ပြ ထားပါတယ်။ ဒါဟာ သမ္မတ Donald Trump ရဲ့ ပထမသက်တမ်းအတွင်း အမေရိကန်နိုင်ငံခြားရေး ဌာနက ရပ်တည် ပြောဆိုခဲ့တဲ့ မူဝါဒတွေနဲ့လည်း ကိုက်ညီနေပါတယ်။

မကြာသေးခင်က အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေအတွက် ထုတ်ပြန်ချက်မှာလည်း “တရုတ်လူမျိုးတွေ” - လို့ နာမ်စားသုံးပြောဆိုရင် တရုတ်လူမျိုး၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ အပေါ် ဆန့်ကျင်ဘက်အဓိပ္ပါယ်သက်ရောက်မှာ စိုးရိမ်ရတဲ့အတွက် အသေအချာ ရှင်းလင်း ကွဲပြားအောင် သုံးနှုန်းပြောဆိုကြဖို့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ညွှန်ကြားထားပါတယ်။

အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေရဲ့ ထုတ်ပြန်ချက်တွေအပြင် မိန့်ခွန်း ပြောတဲ့အခါတွေမှာလည်း တရုတ်အစိုးရရဲ့လုပ်ဆောင်မှုတွေကို ရည်ညွှန်းရာမှာ တရုတ်ကွန်မြူနစ်ပါတီဆိုတာ ကွဲကွဲပြားပြား ဖြစ်အောင် ပြောဆိုဖို့၊ ကွန်မြူနစ်ပါတီကသာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စတဲ့ တိုင်းပြည်အတွက် ဆုံးဖြတ်ချက်အားလုံးကို ချမှတ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာ ပေါ်လွင်အောင် လုပ်ဆောင်ကြဖို့ ညွန်ကြားထားပါတယ်။

တရုတ်နိုင်ငံရဲ့ မတရားတဲ့လုပ်ရပ်တွေအကြောင်းပြောရာမှာလည်း အမေရိကန်အစိုးရက တရုတ်လူမျိုး တွေကို ရည်ညွန်းတဲ့သဘောမသက်ရောက်ရအောင် ‘တရုတ်လူမျိုးတွေ’လို့ နာမ်စားမသုံးကြဖို့လည်း ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG