သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားေရးစိတ္ျမင္႔မားမႈေၾကာင္႔ ႏိုင္ငံမဲ႔ျပႆနာ ေျဖ႐ွင္းရခက္


Somali ဒုကၡသည္မ်ား UNHCR ရံုးေရွ႕ေတြ ေစာင့္ေနစဥ္

ဒုကၡသည္ေတြနဲ႔ ေရႊ႕ေျပာင္း အေခ်ျခသူေတြအေပၚ ရန္လို ဆန္႔က်င္မႈနဲ႔ အမ်ိဳးသားေရး ၀ါဒ ျမင့္တက္ လာေနမႈဟာ ကမၻာတစ္လႊား ႏုိင္ငံမဲ့ ပေပ်ာက္ေရး အစီအစဥ္ေတြကို အႏၱရာယ္ ျဖစ္ေစတယ္ လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရုံး UNHCR က ေျပာလိုက္ပါတယ္။

၂၀၁၄ ခုႏွစ္က စတင္ခဲ့တဲ့ ကုလသမဂၢရဲ႕ ၁၀ ႏွစ္ၾကာ ႏုိင္ငံမဲ့ ပေပ်ာက္ေရး လွဳပ္ရွားမႈေၾကာင့္ ကမၻာေပၚမွာ လူေပါင္း ၂ သိန္း ၂ ေသာင္းဟာ ႏုိင္ငံသားေတြ ျဖစ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ အခု ဒီ စီမံကိန္း သက္တမ္း၀က္ ေရာက္ရွိလာခ်ိန္မွာ တက္ၾကြ လဳွပ္ရွားသူေတြက စီမံကိန္းရဲ႕ ေအာင္ျမင္မႈအေပၚ ခ်ီးက်ဴးတဲ့ တစ္ခ်ိန္တည္းမွာပဲ လုပ္စရာ အမ်ားၾကီး ရွိေနေသးတယ္လို႔လည္း သတိျပဳမိခဲ့ၾကပါတယ္။

ေလာေလာဆယ္မွာ လူေပါင္း ၄ သန္းဟာ တရား၀င္ စာရြက္စာတမ္းေတြနဲ႔ ေနထိုင္မႈ အဆင့္အတန္း မရွိဘဲ ရွိေနၾကရေၾကာင္း UNHCR က အစီရင္ခံထားပါတယ္။ သန္းခ်ီတဲ့ ႏုိင္ငံမဲ့ေတြနဲ႔ ႏုိင္ငံမဲ့ျဖစ္ဖို႔ ၾကံဳေတြ႕ေနရသူေတြအေရး အျမန္ဆုံး အေျဖရွာဖို႔ လိုအပ္ေနတယ္လို႔လည္း UNHCR က ေျပာပါတယ္။

အထူးသျဖင့္ ျမန္မာႏိုင္ငံ အတြင္း မွာ ရွိေနတဲ့ သန္းနဲ႔ ခ်ွီနဲ႔ လူေတြနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံအတြင္းက ရုိဟင္ဂ်ာ ဒုကၡသည္ တစ္သန္း အေရးဟာ ၾကီးမားတဲ့ ျပႆနာႀကီး တစ္ခုလို႔ ဆိုပါတယ္။ ျမန္မာအစိုးကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသုံးအႏွဳန္းကို လက္မခံပါဘူး။ လက္တေလာမွာပဲ အိႏၵိာႏုိင္ငံ အစုိုးရ ထုတ္ျပန္တဲ့ အမိန္႔ ဒီကရီတစ္ခုေၾကာင့္ အာသံ ေဒသအတြင္းမွာလည္း သန္းခ်ီရွိတဲ့ လူေတြဟာ ႏုိင္ငံမဲ့ျဖစ္ဖို႔ အေရး ၾကံဳေတြ႔ေနရပါတယ္။

.......................

{Unicode}

အမျိုးသားရေးစိတ်မြင့်မားမှုကြောင့် နိုင်ငံမဲ့ပြဿနာ ဖြေရှင်းရခက်

ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အချေခြသူတွေအပေါ် ရန်လို ဆန့်ကျင်မှုနဲ့ အမျိုးသားရေး ဝါဒ မြင့်တက် လာနေမှုဟာ ကမ္ဘာတစ်လွှား နိုင်ငံမဲ့ ပပျောက်ရေး အစီအစဉ်တွေကို အန္တရာယ် ဖြစ်စေတယ် လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောလိုက်ပါတယ်။

၂၀၁၄ ခုနှစ်က စတင်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ၁၀ နှစ်ကြာ နိုင်ငံမဲ့ ပပျောက်ရေး လှုပ်ရှားမှုကြောင့် ကမ္ဘာပေါ်မှာ လူပေါင်း ၂ သိန်း ၂ သောင်းဟာ နိုင်ငံသားတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခု ဒီ စီမံကိန်း သက်တမ်းဝက် ရောက်ရှိလာချိန်မှာ တက်ကြွ လုှပ်ရှားသူတွေက စီမံကိန်းရဲ့ အောင်မြင်မှုအပေါ် ချီးကျူးတဲ့ တစ်ချိန်တည်းမှာပဲ လုပ်စရာ အများကြီး ရှိနေသေးတယ်လို့လည်း သတိပြုမိခဲ့ကြပါတယ်။

လောလောဆယ်မှာ လူပေါင်း ၄ သန်းဟာ တရားဝင် စာရွက်စာတမ်းတွေနဲ့ နေထိုင်မှု အဆင့်အတန်း မရှိဘဲ ရှိနေကြရကြောင်း UNHCR က အစီရင်ခံထားပါတယ်။ သန်းချီတဲ့ နိုင်ငံမဲ့တွေနဲ့ နိုင်ငံမဲ့ဖြစ်ဖို့ ကြုံတွေ့နေရသူတွေအရေး အမြန်ဆုံး အဖြေရှာဖို့ လိုအပ်နေတယ်လို့လည်း UNHCR က ပြောပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံ အတွင်း မှာ ရှိနေတဲ့ သန်းနဲ့ ချှီနဲ့ လူတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်း အရေးဟာ ကြီးမားတဲ့ ပြဿနာကြီး တစ်ခုလို့ ဆိုပါတယ်။ မြန်မာအစိုးကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ လက်တလောမှာပဲ အိန္ဒိာနိုင်ငံ အစိုးရ ထုတ်ပြန်တဲ့ အမိန့် ဒီကရီတစ်ခုကြောင့် အာသံ ဒေသအတွင်းမှာလည်း သန်းချီရှိတဲ့ လူတွေဟာ နိုင်ငံမဲ့ဖြစ်ဖို့ အရေး ကြုံတွေ့နေရပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG