သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အားလပ္ရက္ကာလ အိမ္ျပင္မထြက္ဖို႔ ၫႊန္ၾကားခ်က္ေပၚ ဘယ္လိုုျမင္ၾကသလဲ


ရန္ကုန္ၿမိဳ႕ရွိ လမ္းတေနရာ (ဧၿပီ ၁၀၊ ၂၀၂၀)

(Zawgyi/Unicode)

ရန္ကုန္တိုင္းအပါအဝင္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ မလိုအပ္ဘဲ ေနအိမ္အျပင္မထြက္ရ ၫႊန္ၾကားခ်က္ေတြကို ဒီကေန႔ကစၿပီး က်င့္သုံးေနၾကၿပီျဖစ္ပါတယ္။ ဒီလို ေနအိမ္အျပင္မထြက္ရ ၫႊန္ၾကားခ်က္ေၾကာင့္ ရန္ကုန္တစ္ၿမိဳ႕လုံးမွာေတာ့ လူအသြားအလာ နည္းပါးသြားပါတယ္။ အဲ့ဒီ အေျခအေနအေပၚ ၿမိဳ႕ခံတခ်ဳိ႕ရဲ႕ အျမင္ေတြကို မအိမ့္သႏၲာထြန္းက စုစည္း တင္ျပထားပါတယ္။

"မထြက္ၾကနဲ႔လို႔ေတာ့ စာထုတ္ထားတာေတာ့ မွန္တယ္ေပါ့ေနာ္။ ဒါေပမဲ့ တခ်ိဳ႕ ျပည္သူလူထုမွာက်ေတာ့ စား၀တ္ေနေရးကိစၥေတြ ဘာေတြ ရွိေသးတဲ့အခါက်ေတာ့ အဆင္ေျပတဲ့မိသားစုက အဆင္ေျပတယ္။ အဆင္မေျပတဲ့သူေတြက်ေတာ့ အဆင္မေျပဘူးေလ။ ခုနလိုမ်ိဳး ႏိုင္ငံေတာ္က ေထာက္ပံ့ေပးတဲ့ ဆန္၊ ဆီ၊ ဆား ကိစၥေတြက အခု ျပႆနာေတြ တက္ေနတယ္ ၾကားတယ္မို႔လား၊ အဲ့ဒါေတြကလည္း ရတဲ့သူေတြက ရတယ္၊ မရတဲ့သူေတြက မရဘူး။ ဒါက အိမ္တိုင္း၊ လူတိုင္း၊ လူတိုင္းရတဲ့ ကိစၥမ်ိဳးလည္း မဟုတ္ဘူး။ တခ်ိဳ႕ဆိုလခစားမို႔လို႔ စာရင္းထဲမွာ မပါဘူးတို႔၊ ပံုမွန္၀င္ေငြ taxi ေမာင္းလို႔ စာရင္းထဲမွာ မပါဘူးတို႔ ဒီလို ကိစၥေတြလည္းရွိတာကိုး။ ရွိတဲ့ အခါက်ေတာ့ ဒီလိုမ်ိဳးသြားလာခြင့္ကို ပိတ္ပင္ထားတ့ဲအခါက်ေတာ့ Taxi ေမာင္းတယ္ဆိုတာလည္း ေန႔တိုင္းေမာင္းေနမွလည္း ေန႔တိုင္း ၀င္ေငြရွိမွာကို အဲ့ဒီရက္မွာ ၀င္ေငြမရွိဘူးဆိုရင္ သူ ဘယ္လို လုပ္မလဲ။ ဒီလိုဟာေတြလည္း ရွိတယ္ေလ။ ေနာက္တခါ ဆိုက္ကားဂိတ္ ဆိုက္ကားဆရာေတြေပါ့ ... ဆိုက္ကားနင္းမွ သူတေန႔ ၀င္ေငြ၊ တေန႔စာ ၀င္ေငြရွိမွာေလ။ အဲ့ဒီလိုဟာမ်ိဳးေတြလည္း ေျဖရွင္းေပးဖို႔ လုိအပ္တယ္လို႔ အကိုကေတာ့ ျမင္တယ္။ ဒါအေျခခံက်တဲ့ လိုအပ္ခ်က္ေတြေပါ့ေနာ္။"

"သၾကၤန္ကာလကေတာ့ အိမ္ထဲမွာပဲ ေနျဖစ္မွာပါ။ အဲဒါကို ဘယ္လိုျမင္လဲဆိုေတာ့ ခုက လက္ရွိေရာဂါ ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနလည္း မရွိေသးဘူး။ မေန႔ညကလည္း လူနာကလည္း ေတာက္ေလွ်ာက္ ထပ္တိုးလာတယ္ေပါ့။ ဒီၾကားထဲမွာ ေသတဲ့သူလည္း ရွိိေနတယ္ဆိုေတာ့ အဲဒါကေတာ့ အကုန္လံုးကလည္း ဒီရဲ႕ ထုတ္ျပန္ခ်က္အေပၚ လုိက္နာသင့္တယ္လို႔ပဲ ထင္ပါတယ္။ သၾကၤန္ကာလကေတာ့ ညီမလည္း အိမ္ထဲမွာပဲ ေနျဖစ္မွာပါ။"

"အျပင္ထြက္ဖို႔ တားျမစ္ထားတဲ့အေပၚမွာေတာ့ လိုက္နာတာကေတာ့ အေကာင္းဆံုးေပါ့ဗ်ာ။ ဒါေပမဲ့လည္း က်ေနာ္တို႔က်ေတာ့ အလုပ္ကိစၥ မျဖစ္မေန သြားေနရတယ္ရွိတယ္။ သၾကၤန္တြင္းလည္း အလုပ္က ပိတ္တာမဟုတ္ဘူး။ အဲဒီလိုေတာ့ ရွိတယ္။ အခက္အခဲကေတာ့ ဘယ္လိုေျပာမလဲ။ ကိုယ့္ကုိယ္ကိုပဲ ကိုယ္ဂရုစိုက္ေနရတယ္။ က်န္တာကေတာ့ အခက္အခဲေတာ့ မရွိပါဘူး။ လိုင္းကားေတြေတာ့ နည္းသြားတယ္။ အဲ့ဒါတခု။ အခုဆိုရင္ ေန႔တိုင္း ေတာက္ေလွ်ာက္လုပ္ရတယ္ အလုပ္ဆင္းေနရေတာ့။ ဘယ္သူမွေတာ့ အိမ္ထဲက အိမ္ျပင္မထြက္တာေတာ့ အေကာင္းဆံုးပဲ။ ဒါေပမဲ့ မျဖစ္မေန အျပင္ထြက္ေနရတဲ့သူေတြလည္း ရွိတာေပါ့။ ဒါေတြကေတာ့ ကိုယ့္အေျခအေနနဲ႔ကိုယ္ပဲေပါ့။"

"ေလာေလာဆယ္ေတာ့ သူတို႔ အဲ့ဒီလိုမ်ိဳးထုတ္ျပန္ထားတဲ့အျပင္ အလုပ္ကိစၥေတြလည္း အကုန္ပိတ္သြားၿပီဆိုေတာ့ အျပင္ေတာ့ မထြက္ေတာ့ဘူးေပါ့။ အိမ္မွာပဲ ေနတယ္ေလ။ အတတ္ႏိုင္ဆံုးေတာ့ အျပင္မထြက္ဘဲေနတာေပါ့။ ရံုးကက်ေတာ့ ၁၀ ရက္ေန႔ကေန ၂၀ ရက္ေန႔အထိ သၾကၤန္ရံုးပိတ္ရက္ပိတ္လိုက္ၿပီေလ။ သၾကၤန္ရံုးပိတ္ရက္ ပိတ္လိုက္ၿပီဆိုေတာ့ အျပင္ကိုလည္း အလုပ္ကိစၥလည္း မရွိေတာ့ အျပင္ထြက္စရာလည္း မလိုေတာ့ဘူးေလ။ ကိုယ့္ဟာကိုယ္ တကယ္လို႔ မုန္႔ေတြဘာေတြ ၀ယ္ေတာ့မွ အျပင္ မျဖစ္မေနထြက္ရမယ္ဆိုေတာ့မွ အျပင္ထြက္မွာေပါ့။ အိမ္ကလူေတြက အျပင္မထြက္ဘူး။ ေစ်းသြားတာ ဘာေလာက္ေတာ့ ရွိတာေပါ့။ ဒါေပမဲ့ လိုင္းကားေတြ ဘာေတြစီးရမယ္ အဲ့လိုမ်ိဳး သြားရမယ္ဆိုရင္ေတာ့ အဆင္မေျပေတာ့ဘူးေလ ကားေတြဘာေတြနဲ႔ အဲ့ဒါေၾကာင့္မို႔ မထြက္ေတာ့ဘူး။"

"လိုအပ္လို႔ေနခိုင္းတာေလ ေကာင္းတယ္။ ဘယ္လိုျမင္လဲဆိုေတာ့ ဒါကေနသင့္တယ္။ လုပ္ဖို႔လည္းလိုအပ္တယ္။ သၾကၤန္က ဒီႏွစ္မွလည္းမဟုတ္ဘူး။ ေနာက္ႏွစ္ေတြလည္း ရွိေတာ့ေလ ဆိုေတာ့ ဒါက အေကာင္းဆံုး အစီအစဥ္ေပါ့။ အေကာင္းဆံုးအစီအစဥ္လို႔ပဲ ထင္တယ္။"

ေနအိမ္ အျပင္မထြက္ရ ညႊန္ၾကားခ်က္ေၾကာင့္ ေနအိမ္ အျပင္မထြက္ရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ရန္ကုန္အပါအ၀င္ တျခားၿမိဳ႕ခံေတြရဲ႕ အျမင္ေတြပဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အားလပ်ရက်ကာလ အိမ်ပြင်မထွက်ဖို့ ညွှန်ကြားချက်ပေါ် ဘယ်လိုမြင်ကြသလဲ

ရန်ကုန်တိုင်းအပါအဝင် မြို့အတော်များများမှာ မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရ ညွှန်ကြားချက်တွေကို ဒီကနေ့ကစပြီး ကျင့်သုံးနေကြပြီဖြစ်ပါတယ်။ ဒီလို နေအိမ်အပြင်မထွက်ရ ညွှန်ကြားချက်ကြောင့် ရန်ကုန်တစ်မြို့လုံးမှာတော့ လူအသွားအလာ နည်းပါးသွားပါတယ်။ အဲ့ဒီ အခြေအနေအပေါ် မြို့ခံတချို့ရဲ့ အမြင်တွေကို မအိမ့်သန္တာထွန်းက စုစည်း တင်ပြထားပါတယ်။

"မထွက်ကြနဲ့လို့တော့ စာထုတ်ထားတာတော့ မှန်တယ်ပေါ့နော်။ ဒါပေမဲ့ တချို့ ပြည်သူလူထုမှာကျတော့ စားဝတ်နေရေးကိစ္စတွေ ဘာတွေ ရှိသေးတဲ့အခါကျတော့ အဆင်ပြေတဲ့မိသားစုက အဆင်ပြေတယ်။ အဆင်မပြေတဲ့သူတွေကျတော့ အဆင်မပြေဘူးလေ။ ခုနလိုမျိုး နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ဆန်၊ ဆီ၊ ဆား ကိစ္စတွေက အခု ပြဿနာတွေ တက်နေတယ် ကြားတယ်မို့လား၊ အဲ့ဒါတွေကလည်း ရတဲ့သူတွေက ရတယ်၊ မရတဲ့သူတွေက မရဘူး။ ဒါက အိမ်တိုင်း၊ လူတိုင်း၊ လူတိုင်းရတဲ့ ကိစ္စမျိုးလည်း မဟုတ်ဘူး။ တချို့ဆိုလခစားမို့လို့ စာရင်းထဲမှာ မပါဘူးတို့၊ ပုံမှန်ဝင်ငွေ taxi မောင်းလို့ စာရင်းထဲမှာ မပါဘူးတို့ ဒီလို ကိစ္စတွေလည်းရှိတာကိုး။ ရှိတဲ့ အခါကျတော့ ဒီလိုမျိုးသွားလာခွင့်ကို ပိတ်ပင်ထားတဲ့အခါကျတော့ Taxi မောင်းတယ်ဆိုတာလည်း နေ့တိုင်းမောင်းနေမှလည်း နေ့တိုင်း ဝင်ငွေရှိမှာကို အဲ့ဒီရက်မှာ ဝင်ငွေမရှိဘူးဆိုရင် သူ ဘယ်လို လုပ်မလဲ။ ဒီလိုဟာတွေလည်း ရှိတယ်လေ။ နောက်တခါ ဆိုက်ကားဂိတ် ဆိုက်ကားဆရာတွေပေါ့ ... ဆိုက်ကားနင်းမှ သူတနေ့ ဝင်ငွေ၊ တနေ့စာ ဝင်ငွေရှိမှာလေ။ အဲ့ဒီလိုဟာမျိုးတွေလည်း ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အကိုကတော့ မြင်တယ်။ ဒါအခြေခံကျတဲ့ လိုအပ်ချက်တွေပေါ့နော်။"

"သင်္ကြန်ကာလကတော့ အိမ်ထဲမှာပဲ နေဖြစ်မှာပါ။ အဲဒါကို ဘယ်လိုမြင်လဲဆိုတော့ ခုက လက်ရှိရောဂါ ထိန်းချုပ်နိုင်တဲ့ အခြေအနေလည်း မရှိသေးဘူး။ မနေ့ညကလည်း လူနာကလည်း တောက်လျှောက် ထပ်တိုးလာတယ်ပေါ့။ ဒီကြားထဲမှာ သေတဲ့သူလည်း ရှိနေတယ်ဆိုတော့ အဲဒါကတော့ အကုန်လုံးကလည်း ဒီရဲ့ ထုတ်ပြန်ချက်အပေါ် လိုက်နာသင့်တယ်လို့ပဲ ထင်ပါတယ်။ သင်္ကြန်ကာလကတော့ ညီမလည်း အိမ်ထဲမှာပဲ နေဖြစ်မှာပါ။"

"အပြင်ထွက်ဖို့ တားမြစ်ထားတဲ့အပေါ်မှာတော့ လိုက်နာတာကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမဲ့လည်း ကျနော်တို့ကျတော့ အလုပ်ကိစ္စ မဖြစ်မနေ သွားနေရတယ်ရှိတယ်။ သင်္ကြန်တွင်းလည်း အလုပ်က ပိတ်တာမဟုတ်ဘူး။ အဲဒီလိုတော့ ရှိတယ်။ အခက်အခဲကတော့ ဘယ်လိုပြောမလဲ။ ကိုယ့်ကိုယ်ကိုပဲ ကိုယ်ဂရုစိုက်နေရတယ်။ ကျန်တာကတော့ အခက်အခဲတော့ မရှိပါဘူး။ လိုင်းကားတွေတော့ နည်းသွားတယ်။ အဲ့ဒါတခု။ အခုဆိုရင် နေ့တိုင်း တောက်လျှောက်လုပ်ရတယ် အလုပ်ဆင်းနေရတော့။ ဘယ်သူမှတော့ အိမ်ထဲက အိမ်ပြင်မထွက်တာတော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ မဖြစ်မနေ အပြင်ထွက်နေရတဲ့သူတွေလည်း ရှိတာပေါ့။ ဒါတွေကတော့ ကိုယ့်အခြေအနေနဲ့ကိုယ်ပဲပေါ့။"

ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမေပၚမွာ ေတြ႔ရတဲ့ နွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသားတဦး (ဧၿပီ ၁၀၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမေပၚမွာ ေတြ႔ရတဲ့ နွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသားတဦး (ဧၿပီ ၁၀၊ ၂၀၂၀)

"လောလောဆယ်တော့ သူတို့ အဲ့ဒီလိုမျိုးထုတ်ပြန်ထားတဲ့အပြင် အလုပ်ကိစ္စတွေလည်း အကုန်ပိတ်သွားပြီဆိုတော့ အပြင်တော့ မထွက်တော့ဘူးပေါ့။ အိမ်မှာပဲ နေတယ်လေ။ အတတ်နိုင်ဆုံးတော့ အပြင်မထွက်ဘဲနေတာပေါ့။ ရုံးကကျတော့ ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သင်္ကြန်ရုံးပိတ်ရက်ပိတ်လိုက်ပြီလေ။ သင်္ကြန်ရုံးပိတ်ရက် ပိတ်လိုက်ပြီဆိုတော့ အပြင်ကိုလည်း အလုပ်ကိစ္စလည်း မရှိတော့ အပြင်ထွက်စရာလည်း မလိုတော့ဘူးလေ။ ကိုယ့်ဟာကိုယ် တကယ်လို့ မုန့်တွေဘာတွေ ဝယ်တော့မှ အပြင် မဖြစ်မနေထွက်ရမယ်ဆိုတော့မှ အပြင်ထွက်မှာပေါ့။ အိမ်ကလူတွေက အပြင်မထွက်ဘူး။ ဈေးသွားတာ ဘာလောက်တော့ ရှိတာပေါ့။ ဒါပေမဲ့ လိုင်းကားတွေ ဘာတွေစီးရမယ် အဲ့လိုမျိုး သွားရမယ်ဆိုရင်တော့ အဆင်မပြေတော့ဘူးလေ ကားတွေဘာတွေနဲ့ အဲ့ဒါကြောင့်မို့ မထွက်တော့ဘူး။"

"လိုအပ်လို့နေခိုင်းတာလေ ကောင်းတယ်။ ဘယ်လိုမြင်လဲဆိုတော့ ဒါကနေသင့်တယ်။ လုပ်ဖို့လည်းလိုအပ်တယ်။ သင်္ကြန်က ဒီနှစ်မှလည်းမဟုတ်ဘူး။ နောက်နှစ်တွေလည်း ရှိတော့လေ ဆိုတော့ ဒါက အကောင်းဆုံး အစီအစဉ်ပေါ့။ အကောင်းဆုံးအစီအစဉ်လို့ပဲ ထင်တယ်။"

နေအိမ် အပြင်မထွက်ရ ညွှန်ကြားချက်ကြောင့် နေအိမ် အပြင်မထွက်ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်အပါအဝင် တခြားမြို့ခံတွေရဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။

XS
SM
MD
LG