သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြီးထွားလာတဲ့အပေါ် ကုလသတိပေး 

Stéphane Dujarric UN Spokesperson ကုလ ပြောခွင့်ရပုဂ္ဂိုလ် ( UN Web photo )

မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး၊ လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်းတွေ ပိုဆိုးလာနေတဲ့အတွက်၊ အရပ်သား ပြည်သူတွေဒုက္ခခံစားနေကြရကြောင်း ကုလသမဂ္ဂတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephen Dujarric က သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။  

မြန်မာနိုင်ငံမှာ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြီးထွားလာတဲ့အပေါ် ကုလသတိပေး

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး၊ လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်းတွေ ပိုဆိုးလာနေတဲ့အတွက်၊ အရပ်သား ပြည်သူတွေဒုက္ခခံစားနေကြရကြောင်းနဲ့ တိုက်ပွဲတွေဟာ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ဒေသတွေမှာ ဆက်လက်ဖြစ်ပွားနေ တယ်လို့ ကုလသမဂ္ဂဌာနေတာဝန်ရှိသူတွေကပြောဆိုထားကြောင်း သောကြာနေ့မှာ ကုလသမဂ္ဂတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephen Dujarric က သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံတဝှမ်း ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့အထိ အိုးအိမ်စွန့်ခွါထွက်ပြေး ရတဲ့ဒုက္ခသည် ၈ သိန်း ၈ သောင်း ၉ ထောင်ကျော်ရှိနေပါတယ်။ အဲဒီအထဲက ၃ သိန်း ၅ သောင်းကျော်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်ကတည်းကရှိခဲ့တာဖြစ်ပြီး၊ စစ်တပ်ကအာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် ၅ သိန်း ၁သောင်း ၉ ထောင် ကျော်ထပ်တိုးလာခဲ့ပါတယ်လို့” ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Dujarric ကပြောဆိုသွားခဲ့တာပါ။

လူသားချင်း စာနာမှု အကူညီလိုအပ်မှုတွေတိုးလာနေပေမယ့်၊ အကန့်အသတ် တွေပိတ်ပင်တားစီးမှုတွေဆက်လက်ရှိနေတာကြောင့် ၂ဝ၂၂ ခုနှစ်တွင်း လိုအပ်တဲ့ပမာဏကိုပြည့်မီအောင်ကူညီထောက်ပံ့ဖို့ အခက်အခဲတွေဆက်လက်ရှိတယ်လို့လည်းပြောဆိုခဲ့ပါတယ်။

အကူအညီလိုအပ်မှုတွေဟာ လုပ်ဆောင်ပေးနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်နေပါတယ်။ ဒါပေမယ့် နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ မြန်မာနိုင်ငံကအစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး၊ ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်တွေကိုအစားအစာ၊ ရေ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့လိုအပ်တာတွေကိုကူညီထောက်ပံပေးနေပါတယ်လို့ လည်းပြောရေးဆို ခွင့်ရှိသူကပြောဆိုခဲ့ပါတယ်။

တိုက်ပွဲတွေ၊ လမ်းပိတ်ဆို့တားစီးမှုတွေ၊ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ကြောင့်အကူအညီလိုအပ်သူတွေထံကို၊ အကူအညီတွေရောက်အောင်ပေး ပို့ဖို့အခက်အခဲတွေဖြစ်နေရပါတယ်။

၂ဝ၂၂ ခုနှစ်အတွင်းမြန်မာနိုင်ငံက လူ ၆ ဒဿမ ၂ သန်းကျော်ကိုကူညီထောက်ပံနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် အမေရိကန်ဒေါ်လာ ၈၂၆ သန်းလိုအပ်မယ်လို့ ကုလသမဂ္ဂကတောင်းခံထားပေမယ့်၊ ဒီကနေ့အ ထိ ၆ ရာနှုန်းသာရရှိထားပါသေးတယ်။

ဒါကြောင့် မြန်မာပြည်သူတွေကို ကူညီတဲ့အနေနဲ အလျှူရှင်တွေကပိုမိုထည့်ဝင်ကြဖို့ကို ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းပါကြောင်းကိုလည်း ကုလသမဂ္ဂပြော ရေးဆိုခွင့်ရှိသူ Stephen Dujarric ကပြောဆိုခဲ့ပါတယ်။

...........................................

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG