သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီအဖွဲ့ ရခိုင်ပြည်နယ်သွားရောက်


A search dog patrols the Royal Gallery ahead of the State Opening of Parliament at the Palace of Westminster in London.
A search dog patrols the Royal Gallery ahead of the State Opening of Parliament at the Palace of Westminster in London.

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephen Dujarric က တနင်္လာနေ့ မှာ ပြောပါတယ်။

“လုံခြုံရေးကောင်စီအဖွဲ့ဟာ ရခိုင်ပြည်နယ်ကို လေယာဉ်နဲ့ သွားရောက်မှာ ဖြစ်ပြီး အဲဒီဒေသမှာ ဒေသအာဏာပိုင်တွေနဲ့ရော အရပ်ဖက် လူမှုလူ့အဖွဲ့အစည်း တွေနဲ့ပါ တွေ့ဆုံမှာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုလည်း သွားရောက်မှာ ဖြစ်ပြီး နေပြည်တော်ကိုပြန်တဲ့အခါ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ရှိပါတယ်။”

ပီရူးနိုင်ငံမှ Mr. Gustavo Meza Cuadra Velasquez ဦးဆောင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံစလုံးက သံတမန်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကနေ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပြီး နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး မြန်မာဘက်က စိစစ်ပြီးသူတွေကို ပြန်လက်ခံဖို့ အသင့်ဖြစ်နေကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းပြောကြားခဲ့သလို အသိုင်းဝိုင်းများကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေးနဲ့ ပဋိပက္ခ ဖြစ်ပွါးရတဲ့ အကြောင်းရင်းကို ရှာဖွေဖြေရှင်းဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့လည်း အချိန်အတော်ကြာ တွေ့ဆုံခဲ့တာပါ။ တပ်မတော်ဟာ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်နေပြီး စည်းကမ်းဖေါက်ဖျက်သူတွေကို ဥပဒေနဲ့အတိအကျ အရေးယူနေကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အကူညီပေးရာမှာ ဒေသခံတိုင်းရင်းသားတွေကိုပါ ညီညီမျှမျှပေးဖို့ ပြောကြားခဲ့သလို မေ ၁ ရက်နေ့ သွားရောက်မယ့် ရခိုင်ပြည်နယ်ခရီးစဉ်မှာ ပွင့်လင်းစွာ မေးမြန်းပြီး နှစ်ဖက်မျှတစွာ စဉ်းစားသုံးသပ် စေလိုကြောင်း ကာကွယ်ရေးဦးစီးချုပ်ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြည်နယ် အရေးကိစ္စများ ဆိုင်ရာ စာရွက်စာတမ်းတွေ ပေးအပ်ခဲ့တာပါ။

အခုလာရောက်တဲ့ ကိုယ်စားလှယ် အဖွဲ့ထဲမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်များနဲ့အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌစင်ကာပူနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG