သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး အရေးတော်ပုံ (၂၈) နှစ်ပြည့် အခမ်းအနားများ နိုင်ငံအဝှမ်း ကျင်းပမည်


ရှစ်လေးလုံး အရေးတော်ပုံ (၂၈) နှစ်ပြည့် အခမ်းအနားအတွက်ပြင်ဆင် (ဓါတ်ပုံ- မျိုးသူ)
ရှစ်လေးလုံး အရေးတော်ပုံ (၂၈) နှစ်ပြည့် အခမ်းအနားအတွက်ပြင်ဆင် (ဓါတ်ပုံ- မျိုးသူ)

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ (၂၈) နှစ်ပြည့် အခမ်းအနားတွေကို ဒီကနေ့ ရန်ကုန်မြို့အပါအဝင် နိုင်ငံအဝှမ်းမှာ ကျင်းပကြမှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က တပါတီအာဏာရှင်စံနစ် ပြုတ်ကျရေး၊ ဒီမိုကရေနဲ့ လူ့အခွင့်အရေး ရရှိရေးတို့အတွက် ရဟန်း ရှင်လူ ကျောင်းသား ပြည်သူတွေအပါအဝင် လူတန်းစား အလွှာ အသီးသီးက ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့ကြ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံကို ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပြုတ်ကျသွားခဲ့ရတာပါ။ အဲဒီနောက်မှာ တက်လာတဲ့ ကြားဖြတ် အစိုးရတွေလည်း လူထုရဲ့ ဆန္ဒပြမှုအားတွေကြောင့် ပြုတ်ကျခဲ့ရပြီးတဲ့နောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင့်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ ထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

(၂၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားတွေကို နိုင်ငံတဝှမ်း မြို့နယ်အသီးသီးမှာ ကျင်းပကြဖို့ စီစဉ်ထားကြသလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်ပြီးတော့လည်း ဒီကနေ့ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဓမ္မပီယသာသနာ့ရိပ်သာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG