သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့လမ်းခွဲတဲ့ Duterte ကို ပြည်သူတချို့ထောက်ခံ


High school students hold banners calling for just and lasting peace as Philippine President Rodrigo Duterte marks his first 100 days in office in Manila, Oct. 7, 2016.
High school students hold banners calling for just and lasting peace as Philippine President Rodrigo Duterte marks his first 100 days in office in Manila, Oct. 7, 2016.

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Malacanang သမ္မတအိမ်တော်ရှေ့နားမှာ ၁ ထောင်လောက်ရှိတဲ့ ဆန္ဒပြသူတွေက - သမ္မတ ရိုဒရီဂို ဒူတာတေး တက်လာပြီး ပထမရက်ပေါင်း ၁၀၀ အတွင်းမှာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။

သမ္မတ ဒူတာတေးအနေနဲ့ အခုအချိန်အထိ ပေးထားတဲ့ ကတိတွေအတိုင်း တည်နေပြီး - အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေ အားလုံး ဖယ်ရှားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေအားလုံး ရပ်ဆိုင်းရေးတွေ ပါဝင်တယ်လို့ ဆန္ဒပြအဖွဲ့က ပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ဆက်ဆံရေး ပြန်လည်ထားရှိဖို့ ကြိုးပမ်းမှုကိုလည်း ဆန္ဒပြသူတွေက ကြိုဆိုခဲ့ကြတာပါ။

လက်ဝဲယိမ်း နိုင်ငံရေးသမားတဦးအဖြစ် သူ့ကိုယ်သူ ပြောဆိုပြီး - ဇွန်လမှာ တာဝန်စယူခဲ့တဲ့ သမ္မတ ဒူတာတေးက - မဟာမိတ်ဟောင်း အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးဟာ မလွယ်ကူလှဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ Duterte က တိုင်းပြည်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပြောင်းလဲ လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်နဲ့ လမ်းခွဲပြီး စစ်အေးခေတ်က အမေရိကန်ရဲ့ ရန်သူတွေဖြစ်ခဲ့တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဘက်ကို ပြောင်းလဲ ချဉ်းကပ်လာနေတာဖြစ်ပါတယ်။ သမ္မတ Duterte ရဲ့ ဒီ လုပ်ဆောင်ချက် ကြောင့် အရှေ့တောင် အာရှတိုက်အတွင်းမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေမှာ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ် လာစေနိုင်ပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း ကင်းလှည့်နေတဲ့ အစီအစဉ်တွေနဲ့ တိုင်းပြည်တောင်ပိုင်း ကျွန်းစုတွေပေါ်မှာ ရှိနေတဲ့ အကြမ်းဖက် မူဆလင် သူပုန်အဖွဲ့တွေကို တိုက်ခိုက်ရေးတွေမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီတွေ ရယူတော့မှာ မဟုတ် ကြောင်း သမ္မတ Duterte က မကြာသေးခင်ကပဲ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG