အလုပ်ကြောင့် သေဆုံးသူ နှစ်စဉ် လူ ၂ သန်းနီးပါးရှိကြောင်း လေ့လာတွေ့ရှိ
{{Zawgyi/Unicode}}
............................................
{{Unicode}}
နှစ်စဉ် လုပ်ငန်းခွင် ထိခိုက်မှုနဲ့ လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ နာမကျမ်းမှုတွေကြောင့် တမ္ဘာလုံးမှာသေဆုံးသူ ၂ သန်းနီးပါးရှိကြောင်း ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီး WHO နဲ့ နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ILO တို့ကပူးတွဲ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
အခုလိုသေဆုံးမှုတွေဟာ ကျမ်းမာရေးစောင့်ရှောက်ခွင့် နဲ့ လုပ်ငန်းခွင် လုံခြုံရေးကောင်းမွန်စေခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရတဲ့ အရာမျိုးတွေဖြစ်လျက်နဲ့သေဆုံးရတာဖြစ်တယ်လို့ WHO ညွန်ကြားရေးမှုး Tedros Ghebreyesus ကပြောဆိုပါတယ်။
လုပ်ငန်းခွင်ဆက်စပ်သေဆုံးမှုတွေဟာ ကူးဆက်ရောဂါကြောင့်မဟုတ်ဘဲ နှလုံး နဲ့ အသက်ရူလမ်းကြောင်း ဆိုင်ရာရောဂါမျိုးတွေ ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ နေ့စဉ်အလုပ်လုပ်ရတဲ့ အလုပ်ချိန် ရှည်လျားလွန်းလို့ သေဆုံးရသူတွေဟာ နှစ်စဉ် ခုနှစ်သိန်းငါးသောင်းကျော် ၇၅၀ ၀၀၀ ကျော်ရှိပါတယ်။
လုပ်ငန်းခွင်ဆက်စပ်သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံဟာအဆိုးဆုံးဖြစ်ပြီး၊ အလုပ်လုပ်နိုင်သူ ၁ သိန်းမှာ ၇၉ ဒဿမ ၅ ရာနှုန်းသေဆုံးတယ်လို့ဆိုပါတယ်။ အဲဒီနောက်မှာတော့ အဆိုးဆုံးနိုင်ငံတွေကတော့ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတွေဖြစ်ပါတယ်။ စတုတ္ထအဆိုးကတော့ ဘင်္ဂါလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံတွေဖြစ်ပြီး အလုပ်လုပ်နိုင်သူ ၁၀၀၀၀၀ မှာ ၄၃ ဒဿမ ၇ ရာနှုန်းသေဆုံးပါတယ်။