သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အလုပ္အကိုင္ ၂ သန္းေက်ာ္ဆုံးရႈံးခဲ့ ILO ထုတ္ျပန္


ေရႊျပည္သာရွိ အထည္ခ်ဳပ္စက္႐ံုတခုျမင္ကြင္း။ ၁၈ စက္တင္ဘာ ၂၀၁၅

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါ ဆိုး႐ြားလာမႈ၊ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ အလုပ္လက္မဲ့ႏႈန္းမ်ားလာတဲ့ ျမန္မာႏိုင္ငံဟာ အခုႏွစ္ဝက္အတြင္းမွာ ခန႔္မွန္းေျခအလုပ္အကိုင္ ၂.၂ သန္းေလာက္ ဆုံးရႈံးခဲ့ေၾကာင္း အျပည္ျပည္ဆုိင္ရာအလုပ္သမားအဖြဲ႕ (ILO) က အဂၤါေန႔မွာ ထုတ္ျပန္ပါတယ္။ ဒီအေပၚ စစ္ေကာင္စီဘက္နဲ႔ အလုပ္သမားသမဂၢဘက္က ဘယ္လိုတံု႔ျပန္ပါသလဲ၊ ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အလုပ္လက္မဲ့ႏႈန္းက ၂၀၁၉ ခုႏွစ္ စတုတၳေလးလပတ္ကာလနဲ ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ပိုၿပီးႀကီးထြားလာေၾကာင္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ အလုပ္အကိုင္အေျခအေနနဲ႔ ပတ္သက္လို႔ ILO က ဇူလိုင္လ ၁၉ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

၂၀၂၁ ပထမႏွစ္ဝက္အတြင္းမွာ ခန႔္မွန္းေျခ အလုပ္ခ်ိန္ ၁၄% ေလာက္ဆုံးရႈံးခဲ့ႏိုင္ၿပီး ဒါက အခ်ိန္ျပည့္လုပ္သား အနည္းဆုံး ၂.၂ သန္းနဲ႔ ညီမွ်တယ္လို႔ ILO ရဲ႕ အစီရင္ခံစာမွာ ေရးသားထားတာပါ။ အခုလို ခန႔္မွန္းတြက္ခ်က္ထားတဲ့ ရလာဒ္ေတြက ျမန္မာႏိုင္ငံဟာ ဆင္းရဲတြင္းကို က်ေရာက္ႏိုင္တယ္ဆိုတာ ျပသေနတာပဲလို႔ ILO ရဲ႕ ျမန္မာျပည္ကိုယ္စားလွယ္ Mr. Donglin Li က ထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီ၊ အလုပ္သမားဝန္ႀကီးဌာနရဲ႕ ေျပာခြင့္ရ ဦးၫြန႔္ဝင္းကေတာ့ ILO ရဲ႕ အခ်က္အလက္ဟာ မွန္ကန္တယ္လို႔ ယူဆလို႔မရေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။ ႏိုင္ငံတကာစံႏႈန္းကို အေျခခံၿပီး တြက္ခ်က္ထားတဲ့ အခ်က္အလက္က ျပည္တြင္းအေျခအေနနဲ႔ တထပ္တည္းမက်ႏိုင္ဘူးလို႔ သူကတုံ႔ျပန္ လိုက္တာပါ။

“ က်ေနာ္တို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက တြက္ခ်က္ထားတဲ့ စာရင္း မဟုတ္တာေတာ့ ေသခ်ာတယ္ေပါ့ဗ်ာ။ ဆိုေတာ့ ILO ကေျပာတဲ့ဥစၥာသည္ လုံးဝဥႆံုမွန္တယ္လို႔ ဒီဟာက ေျပာဖို႔ေတာ့ခဲယဥ္းပါတယ္။ ေျပာခ်င္တာက အလုပ္အကိုင္ဆုံးရႈံးမႈေတြ မရွိဘူးလားဆိုေတာ့၊ ရွိတယ္။ ဒါေတာ့ က်ေနာ္တို႔ ဝန္ခံပါတယ္။ သို႔ေသာ္လည္းပဲ ေျပာခ်င္တာက လူမႈစီးပြားေပါ့ေနာ္၊ ဒီအေျခအေနႀကီး တခုလုံး တကယ့္ကိုပဲ နာလန္ထူလို႔မရေအာင္ ျပန္ၿပီး အဖတ္ဆယ္လို႔မရေအာင္ ျဖစ္ေနတဲ့ အေျခအေနမ်ိဳးကေတာ့ လတ္တေလာမွာေတာ့ က်ေနာ္တို႔ မေတြ႕ေသးဘူးလို႔ဘဲ ဒီလိုပဲ ေျပာႏိုင္ပါတယ္။”

စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ျဖစ္လာတဲ့ ႏိုင္ငံေရးမတည္ၿငိမ္မႈနဲ႔ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိခိုက္ေနတဲ့ ျမန္မာ့စီးပြားေရးက ျပည္တြင္း ကုန္ထုတ္လုပ္ငန္းေတြနဲ႔ အလုပ္သမားေတြအေပၚမွာ သက္ေရာက္မႈ ႀကီးႀကီးမားမား ျဖစ္ေပၚခဲ့တယ္လို႔ ILO ကေျပာပါတယ္။ အထူးသျဖင့္ အလုပ္အကိုင္ေပါင္း သိန္းနဲ႔ခ်ီေပးထားတဲ့ အထည္ခ်ဳပ္က႑ကို ဆိုးဆိုး႐ြား႐ြား ႐ိုက္ခတ္ႏိုင္ေၾကာင္း ILO နဲ႔လက္တြဲေဆာင္႐ြက္ေနတဲ့ ျပည္တြင္းက အလုပ္သမားသမဂၢတခုရဲ႕ တာဝန္ခံ ေဒၚျပဳံးေကသီႏိုင္က ဗြီအိုေအကို ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာ အထည္ခ်ဳပ္က႑ ဆက္လက္ရပ္တည္ဖို႔အတြက္၊ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္၊ အမ်ားႀကီး အခက္အခဲေတြ ျဖစ္သြားၿပီ။ အမ်ားႀကီး ထိခိုက္သြားၿပီေပါ့ေနာ္။ အထည္ခ်ဳပ္က႑က ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ ကိုဗစ္ ဒုတိယလႈိင္းေလာက္ကတည္းက ရပ္တည္ဖို႔ရာ အမ်ားႀကီးခက္ခဲေနၿပီ။ ျပည္တြင္းလုပ္ငန္းရွင္ေတြအတြက္ဆို ပိုဆိုးသြားၿပီေပါ့ေနာ္။ အခုက ႏိုင္ငံတကာ Brand ေတြကို ခ်ဳပ္လုပ္ေနတဲ့ ႏိုင္ငံတကာ စက္႐ုံႀကီးေတြကလည္း ထြက္ခြာမႈေတြ ဆက္တိုက္ရွိလာႏိုင္တယ္လို႔ က်မတို႔အေနနဲ႔ ခန႔္မွန္းရပါတယ္။ အဲဒီေတာ့ ဘာျဖစ္လဲဆိုေတာ့ ေရွ႕ဆက္ၿပီးေတာ့မွ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြရဲ႕ ဆိုးက်ိဳးကေတာ့ အလုပ္လက္မဲ့ေတြ ဆက္ၿပီးေတာ့ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္မိပါတယ္။”

ေဆာက္လုပ္ေရး၊ အထည္ခ်ဳပ္၊ ခရီးသြားလုပ္ငန္း စတဲ့က႑ေတြမွာ ဆုံးရႈံးမႈေတြရွိၿပီး ၂၀၂၁ ပထမ ၆ လအတြင္းမွာ အထည္ခ်ဳပ္က႑က အလုပ္အကိုင္ ၂၅၀,၀၀၀ ေလာက္ ဆုံးရႈံးသြားတယ္လို႔ ILO က ခန႔္မွန္းထားပါတယ္။ ဒီအေရအတြက္ထဲမွာ အမ်ိဳးသမီးေတြက အမ်ားဆုံးလို႔ ဆိုပါတယ္။ ခရီးသြားလုပ္ငန္းမွာေတာ့ အလုပ္အကိုင္ ၆၅,၀၀၀ ေလာက္ဆုံးရႈံးခဲ့ႏိုင္ပါတယ္။ ေဆာက္လုပ္ေရးက႑မွာလည္း အလုပ္အကိုင္ေပါင္း သိန္းနဲ႔ခ်ီဆုံးရႈံးခဲ့ႏိုင္တယ္လို႔ ILO ကခန႔္မွန္း တြက္ခ်က္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................

(Unicode)

မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ၂ သန်းကျော်ဆုံးရှုံးခဲ့ ILO ထုတ်ပြန်

ကိုဗစ်ကပ်ရောဂါ ဆိုးရွားလာမှု၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်လက်မဲ့နှုန်းများလာတဲ့ မြန်မာနိုင်ငံဟာ အခုနှစ်ဝက်အတွင်းမှာ ခန့်မှန်းခြေအလုပ်အကိုင် ၂.၂ သန်းလောက် ဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီအပေါ် စစ်ကောင်စီဘက်နဲ့ အလုပ်သမားသမဂ္ဂဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ၊ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက ၂၀၁၉ ခုနှစ် စတုတ္ထလေးလပတ်ကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင် ပိုပြီးကြီးထွားလာကြောင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေနဲ့ ပတ်သက်လို့ ILO က ဇူလိုင်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ပထမနှစ်ဝက်အတွင်းမှာ ခန့်မှန်းခြေ အလုပ်ချိန် ၁၄% လောက်ဆုံးရှုံးခဲ့နိုင်ပြီး ဒါက အချိန်ပြည့်လုပ်သား အနည်းဆုံး ၂.၂ သန်းနဲ့ ညီမျှတယ်လို့ ILO ရဲ့ အစီရင်ခံစာမှာ ရေးသားထားတာပါ။ အခုလို ခန့်မှန်းတွက်ချက်ထားတဲ့ ရလာဒ်တွေက မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းကို ကျရောက်နိုင်တယ်ဆိုတာ ပြသနေတာပဲလို့ ILO ရဲ့ မြန်မာပြည်ကိုယ်စားလှယ် Mr. Donglin Li က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဦးညွန့်ဝင်းကတော့ ILO ရဲ့ အချက်အလက်ဟာ မှန်ကန်တယ်လို့ ယူဆလို့မရကြောင်း ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတကာစံနှုန်းကို အခြေခံပြီး တွက်ချက်ထားတဲ့ အချက်အလက်က ပြည်တွင်းအခြေအနေနဲ့ တထပ်တည်းမကျနိုင်ဘူးလို့ သူကတုံ့ပြန် လိုက်တာပါ။

“ ကျနော်တို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တွက်ချက်ထားတဲ့ စာရင်း မဟုတ်တာတော့ သေချာတယ်ပေါ့ဗျာ။ ဆိုတော့ ILO ကပြောတဲ့ဥစ္စာသည် လုံးဝဥဿုံမှန်တယ်လို့ ဒီဟာက ပြောဖို့တော့ခဲယဉ်းပါတယ်။ ပြောချင်တာက အလုပ်အကိုင်ဆုံးရှုံးမှုတွေ မရှိဘူးလားဆိုတော့၊ ရှိတယ်။ ဒါတော့ ကျနော်တို့ ဝန်ခံပါတယ်။ သို့သော်လည်းပဲ ပြောချင်တာက လူမှုစီးပွားပေါ့နော်၊ ဒီအခြေအနေကြီး တခုလုံး တကယ့်ကိုပဲ နာလန်ထူလို့မရအောင် ပြန်ပြီး အဖတ်ဆယ်လို့မရအောင် ဖြစ်နေတဲ့ အခြေအနေမျိုးကတော့ လတ်တလောမှာတော့ ကျနော်တို့ မတွေ့သေးဘူးလို့ဘဲ ဒီလိုပဲ ပြောနိုင်ပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ မြန်မာ့စီးပွားရေးက ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေနဲ့ အလုပ်သမားတွေအပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တယ်လို့ ILO ကပြောပါတယ်။ အထူးသဖြင့် အလုပ်အကိုင်ပေါင်း သိန်းနဲ့ချီပေးထားတဲ့ အထည်ချုပ်ကဏ္ဍကို ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ကြောင်း ILO နဲ့လက်တွဲဆောင်ရွက်နေတဲ့ ပြည်တွင်းက အလုပ်သမားသမဂ္ဂတခုရဲ့ တာဝန်ခံ ဒေါ်ပြုံးကေသီနိုင်က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အထည်ချုပ်ကဏ္ဍ ဆက်လက်ရပ်တည်ဖို့အတွက်၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ အများကြီး အခက်အခဲတွေ ဖြစ်သွားပြီ။ အများကြီး ထိခိုက်သွားပြီပေါ့နော်။ အထည်ချုပ်ကဏ္ဍက ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကိုဗစ် ဒုတိယလှိုင်းလောက်ကတည်းက ရပ်တည်ဖို့ရာ အများကြီးခက်ခဲနေပြီ။ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်ဆို ပိုဆိုးသွားပြီပေါ့နော်။ အခုက နိုင်ငံတကာ Brand တွေကို ချုပ်လုပ်နေတဲ့ နိုင်ငံတကာ စက်ရုံကြီးတွေကလည်း ထွက်ခွာမှုတွေ ဆက်တိုက်ရှိလာနိုင်တယ်လို့ ကျမတို့အနေနဲ့ ခန့်မှန်းရပါတယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ ဆိုးကျိုးကတော့ အလုပ်လက်မဲ့တွေ ဆက်ပြီးတော့ ဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။”

ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်း စတဲ့ကဏ္ဍတွေမှာ ဆုံးရှုံးမှုတွေရှိပြီး ၂၀၂၁ ပထမ ၆ လအတွင်းမှာ အထည်ချုပ်ကဏ္ဍက အလုပ်အကိုင် ၂၅၀,၀၀၀ လောက် ဆုံးရှုံးသွားတယ်လို့ ILO က ခန့်မှန်းထားပါတယ်။ ဒီအရေအတွက်ထဲမှာ အမျိုးသမီးတွေက အများဆုံးလို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်းမှာတော့ အလုပ်အကိုင် ၆၅,၀၀၀ လောက်ဆုံးရှုံးခဲ့နိုင်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာလည်း အလုပ်အကိုင်ပေါင်း သိန်းနဲ့ချီဆုံးရှုံးခဲ့နိုင်တယ်လို့ ILO ကခန့်မှန်း တွက်ချက်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG