သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာတရားမဝင္ ဝင္ေရာက္သူမ်ားလာလို႔ ထိုင္းနယ္စပ္ လံုျခံဳေရးတင္းၾကပ္


ထိုင္းႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာမ်ား ထိုင္းနယ္စပ္မွာ ဖမ္းဆီးခံရ

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံထဲကို ျမန္မာႏိုင္ငံဘက္ကေန တရားမဝင္ ဝင္ေရာက္လာသူေတြ မ်ားလာေနခ်ိန္မွာ ထိုင္းျမန္မာနယ္စပ္ ထိုင္းနိုင္ငံဘက္ ၁၀ ကီလိုမီတာ အတြင္းမွာ ဖမ္းမိတဲ့ ျမန္မာနိုင္ငံသားေတြကို ခ်က္ခ်င္း ေနရပ္ျပန္ႏွင္ဖုိ႔၊ ႏိုင္ငံအတြင္းပိုင္း ၁၀ ကီလိုမီတာထက္ ေက်ာ္ၿပီး၀င္ေရာက္လာတဲ့ သူေတြကို နယ္စပ္ရဲစခန္းတခုမွာ ထိမ္းသိမ္းထားျပီးကိုဗစ္ ေရာဂါကပ္ပိုးရွိမရွိ စစ္ေဆးအေရးယူသြားဖုိ႔ ထိုင္းႏိုင္ငံက ဥပေဒသစ္ေတြ ခ်မွတ္လိုက္ပါတယ္။ ထိုင္းအစိုးရက ျမန္မာႏိုင္ငံနဲ႔ နယ္စပ္လံုၿခံဳေရးတင္းၾကပ္ေနတဲ့ သတင္းကို ထိုင္းအေျခစိုက္သတင္းေထာက္ မေအးမာက ေျပာျပပါမယ္။

ထိုင္းျမန္မာနယ္စပ္ ထိုင္းႏိုင္ငံရဲ႕ အေနာက္ဖက္ျခမ္း Kanchanaburi ကမ္ခ်နာဘူရီ ျပည္နယ္ စိုင္ရို ့နယ္စပ္ကေန အခုရက္ပိုင္းအတြင္း ရာနဲခ်ီတဲ့ ျမန္မာနိုင္ငံသားေတြ အုပ္စုလိုက္ ၀င္ေရာက္လာေနတာကို ထိမ္းခ်ဳပ္နိုင္ဖို႔ ကမ္ခ်နဘူရီ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဳဴ Jirakiat Poomsawat က်ရကိရက္ ပြန္စ၀ပ္ ဦးေဆာင္ျပီး သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႔အစည္းေတြနဲ႔ အေရးေပၚအစည္းေ၀းျပဳလုပ္ခဲ့ပါတယ္

ကမ္ခ်နဘူရီျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ေျပာသြားတာကေတာ့ အစည္းအေ၀း ဆံုးျဖတ္ခ်က္အရ အေရးပၚလုပ္ရမယ့္ဟာကေတာ့ ခ်က္ခ်င္း ႏွင္ထုတ္တာ နဲ့ကိုဗစ္ကပ္ပိုးစစ္ေဆးျပီး အေရးယူတာေတြစတဲ့အခ်က္ႏွစ္ခ်က္ကို စတင္လုပ္ေဆာင္ေတာ့မွာျဖစ္ပါတယ္ ခုလို အလံုးအရင္းနဲ ့ ၀င္ရာက္လာေနမွုမွာ ထိုင္းနိုင္ငံသား လူေမွာင္ခို ပြဲစားေတြကိုပါ ထိေရာက္စြာအေရးယူသြားမွာျဖစ္တယ္လို ့ ေျပာဆိုသြားတာပါ။

တရားမ၀င္ ၀င္ေရာက္လာေနမႈကို တားဆီးႏိုင္ဖုိ႔ ထိုင္းအစိုးရက ဥပေဒသစ္ေတြခ်မွတ္ၿပီး အခုေမလမွာ စတင္က်င့္သံုးမယ္လို႔ ေျပာပါတယ္။

ခ်မွတ္လိုက္တဲ့ နယ္စပ္ဆိုင္ရာ ဥပေဒသစ္အရ ျမန္မာႏိုင္ငံနဲ႔နယ္စပ္ ထိုင္းဖက္အျခမ္း ၁၀ ကီလိုမီတာ အတြင္းမွာ ဖမ္းမိတဲ့ ျမန္မာနိုင္ငံသားေတြကို ခ်က္ခ်င္းေနရပ္ ျပန္ႏွင္သြားမွာျဖစ္ပါတယ္။ ထိုင္းနိုင္ငံ အတြင္းပိုင္း ၁၀ ကီလိုမီတာထက္ ေက်ာ္ျပီး၀င္ေရာက္လာတဲ့ သူေတြကိုေတာ့ နယ္စပ္အမွတ္ ၃၆ ရဲသင္တန္းေက်ာင္းမွာ ထိမ္းသိမ္းထားျပီးကိုဗစ္ ေရာဂါကပ္ ပိုးရွိမရွိ ဆက္လက္ စစ္ဆးျပီး အရးယူ သြားမွာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံက ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံအပါအဝင္ ထိုင္းႏုိင္ငံနဲ႔ ထိဆက္ေနတဲ့ နယ္စပ္ေတြကေန လူအဝင္အထြက္အားလံုးကို ၂၀၂၀ မတ္လထဲက ပိတ္ပင္ထားတာျဖစ္ပါတယ္။ ခုလုိ ထိုင္းဖက္က တားျမစ္ထားတဲ့အတြက္ ထုိင္းႏိုင္ငံထဲမွာ အလုပ္လုပ္ခ်င္တဲ့ ျမန္မာႏိုင္ငံဖက္က သူေတြရတဲ့နည္းနဲ႔ ထုိင္းႏိုင္ငံဖက္ ဝင္ဖုိ႔ႀကိဳးစားေနၾကသလို၊ စစ္ေကာင္စီက ဖမ္းဆီးအေရးယူမွာ စိုးရိမ္လို႔ ထြက္ေျပးလာၾကသူေတြလည္း ပါပါတယ္။

ဒါနဲ႔ပါတ္သက္လို႔ ထိုင္းေတာင္ပုိင္း အေျခစိုက္ပညာေရးနဲ့ဖြံျဖိဳးေရးေဖာင္ေဒးရွင္း FED အဖဲြက အလုပ္သမားေရးလွဳပ္ရွားသူဦးမင္ဦးက ခုလိုေျပာပါတယ္။

"က်ေနာ္ကထင္တာ ဒီေလာက္အမ်ားႀကီးဆိုေတာ့ အလုပ္ရွာတာကလည္း တက႑ဒီလိုမ်ိဳးေတြရွိတာေပါ့။ ဒါေပမယ့္လည္း တိုင္းျပည္ထဲမွာ လူငယ္လူရြယ္ေတြမွန္သမ်ွလို္က္ဖမ္းဆီးတာေတြလုပ္ေနတာေပါ့။ တခ်ိဳ့လည္းအမ်ားစုကဆႏၵထုတ္ေဖာ္တာေတာ့အကုန္လံုးပါေနႀကတာပဲ ။ အဲဒီလူေတြကို၅၀၅နဲ့ အကုန္၀င္ဆဲြေနတာ ညဆိုအကုန္၀င္ဖမ္းေနေတာ့ ဒီိိလူေတြကနယ္စပ္ေတြပဲ ေျပးရတာေပါ့ အဲဒီေတာ့ အဲဒီအုပ္စုေတြထဲမွာအဲဒါေတြလည္းပါလာမွာေပါ့ "

၂၀၂၁ ဧျပီလ အတြင္းမွာ ျမန္မာႏိုင္ငံသားအမ်ားဆံုး၀င္ေရာက္လာေနတဲ့ ကမ္ခ်နဘူရီ ျပည္နယ္ စိုင္ရို ့နယ္စပ္ဟာ ျမန္မာနိုင္ငံ ထား၀ယ္ဒသ နဲ ့ အနီးဆံုးမွာ ရွိေနတာပါ။ တရားမ၀င္ ၀င္ေရာက္လာသူေတြဟာ ေတာလမ္းအတိုင္း ေျခလွ်င္ခရီးနဲ ့ သံုးရက္ကေန တပါတ္ၾကာအခ်ိန္ယူ လမ္းလွ်ာက္လာခဲ့ၾကတာျဖစ္ပါတယ္။ ျမန္မာနိုင္ငံအတြင္းမွာ နိုင္ငံေရး မတည္ၿငိမ္မႈကေန ဖိနွိပ္မႈေတြ ပိုမို ျဖစ္ပြားလာေနတာေတြ အလုပ္အကိုင္ ရွားပါးၿပီး ဆင္းရဲၾကပ္တည္းမႈေတြေၾကာင့္ တဖက္နိုင္ငံမွာ ရရာအလုပ္လုပ္ဖို့ နယ္စပ္ကိုထြက္လာေနႀကေႀကာင္းအလုပ္သမားေရးလွပ္ရွားသူေတြကေျပာဆုိပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေ များလာနေချိန်မှာ ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံဘက် ၁၀ ကီလိုမီတာ အတွင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို ချက်ချင်း နေရပ်ပြန်နှင်ဖို့၊ နိုင်ငံအတွင်းပိုင်း ၁၀ ကီလိုမီတာထက် ကျော်ပြီးဝင်ရောက်လာတဲ့ သူတွေကို နယ်စပ်ရဲစခန်းတခုမှာ ထိမ်းသိမ်းထားပြီးကိုဗစ် ရောဂါကပ်ပိုးရှိမရှိ စစ်ဆေးအရေးယူသွားဖို့ ထိုင်းနိုင်ငံက ဥပဒေသစ်တွေ ချမှတ်လိုက်ပါတယ်။ ထိုင်းအစိုးရက မြန်မာနိုင်ငံနဲ့ နယ်စပ်လုံခြုံရေးတင်းကြပ်နေတဲ့ သတင်းကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက ပြောပြပါမယ်။

ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံရဲ့ အနောက်ဖက်ခြမ်း Kanchanaburi ကမ်ချနာဘူရီ ပြည်နယ် စိုင်ရို့နယ်စပ်ကနေ အခုရက်ပိုင်းအတွင်း ရာနဲချီတဲ့ မြန်မာနိုင်ငံသားတွေ အုပ်စုလိုက် ဝင်ရောက်လာနေတာကို ထိမ်းချုပ်နိုင်ဖို့ ကမ်ချနဘူရီ ပြည်နယ် အုပ်ချုပ်ရေးမှုူ Jirakiat Poomsawat ကျရကိရက် ပွန်စဝပ် ဦးဆောင်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အရေးပေါ်အစည်းဝေးပြုလုပ်ခဲ့ပါတယ်

ကမ်ချနဘူရီပြည်နယ်အုပ်ချုပ်ရေးမှူး ပြောသွားတာကတော့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးပါ်လုပ်ရမယ့်ဟာကတော့ ချက်ချင်း နှင်ထုတ်တာ နဲ့ကိုဗစ်ကပ်ပိုးစစ်ဆေးပြီး အရေးယူတာတွေစတဲ့အချက်နှစ်ချက်ကို စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ် ခုလို အလုံးအရင်းနဲ့ ဝင်ရာက်လာနေမှုမှာ ထိုင်းနိုင်ငံသား လူမှောင်ခို ပွဲစားတွေကိုပါ ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့ ပြောဆိုသွားတာပါ။

တရားမဝင် ဝင်ရောက်လာနေမှုကို တားဆီးနိုင်ဖို့ ထိုင်းအစိုးရက ဥပဒေသစ်တွေချမှတ်ပြီး အခုမေလမှာ စတင်ကျင့်သုံးမယ်လို့ ပြောပါတယ်။

ချမှတ်လိုက်တဲ့ နယ်စပ်ဆိုင်ရာ ဥပဒေသစ်အရ မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းဖက်အခြမ်း ၁၀ ကီလိုမီတာ အတွင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို ချက်ချင်းနေရပ် ပြန်နှင်သွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အတွင်းပိုင်း ၁၀ ကီလိုမီတာထက် ကျော်ပြီးဝင်ရောက်လာတဲ့ သူတွေကိုတော့ နယ်စပ်အမှတ် ၃၆ ရဲသင်တန်းကျောင်းမှာ ထိမ်းသိမ်းထားပြီးကိုဗစ် ရောဂါကပ် ပိုးရှိမရှိ ဆက်လက် စစ်ဆးပြီး အရးယူ သွားမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံနဲ့ ထိဆက်နေတဲ့ နယ်စပ်တွေကနေ လူအဝင်အထွက်အားလုံးကို ၂၀၂၀ မတ်လထဲက ပိတ်ပင်ထားတာဖြစ်ပါတယ်။ ခုလို ထိုင်းဖက်က တားမြစ်ထားတဲ့အတွက် ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ချင်တဲ့ မြန်မာနိုင်ငံဖက်က သူတွေရတဲ့နည်းနဲ့ ထိုင်းနိုင်ငံဖက် ဝင်ဖို့ကြိုးစားနေကြသလို၊ စစ်ကောင်စီက ဖမ်းဆီးအရေးယူမှာ စိုးရိမ်လို့ ထွက်ပြေးလာကြသူတွေလည်း ပါပါတယ်။

ဒါနဲ့ပါတ်သက်လို့ ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်း FED အဖွဲက အလုပ်သမားရေးလှုပ်ရှားသူဦးမင်ဦးက ခုလိုပြောပါတယ်။

"ကျနော်ကထင်တာ ဒီလောက်အများကြီးဆိုတော့ အလုပ်ရှာတာကလည်း တကဏ္ဍဒီလိုမျိုးတွေရှိတာပေါ့။ ဒါပေမယ့်လည်း တိုင်းပြည်ထဲမှာ လူငယ်လူရွယ်တွေမှန်သမျှလိုက်ဖမ်းဆီးတာတွေလုပ်နေတာပေါ့။ တချို့လည်းအများစုကဆန္ဒထုတ်ဖော်တာတော့အကုန်လုံးပါနေကြတာပဲ ။ အဲဒီလူတွေကို၅၀၅နဲ့ အကုန်ဝင်ဆွဲနေတာ ညဆိုအကုန်ဝင်ဖမ်းနေတော့ ဒီလူတွေကနယ်စပ်တွေပဲ ပြေးရတာပေါ့ အဲဒီတော့ အဲဒီအုပ်စုတွေထဲမှာအဲဒါတွေလည်းပါလာမှာပေါ့ "

၂၀၂၁ ဧပြီလ အတွင်းမှာ မြန်မာနိုင်ငံသားအများဆုံးဝင်ရောက်လာနေတဲ့ ကမ်ချနဘူရီ ပြည်နယ် စိုင်ရို့နယ်စပ်ဟာ မြန်မာနိုင်ငံ ထားဝယ်ဒသ နဲ့ အနီးဆုံးမှာ ရှိနေတာပါ။ တရားမဝင် ဝင်ရောက်လာသူတွေဟာ တောလမ်းအတိုင်း ခြေလျှင်ခရီးနဲ့ သုံးရက်ကနေ တပါတ်ကြာအချိန်ယူ လမ်းလျှာက်လာခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုကနေ ဖိနှိပ်မှုတွေ ပိုမို ဖြစ်ပွားလာနေတာတွေ အလုပ်အကိုင် ရှားပါးပြီး ဆင်းရဲကြပ်တည်းမှုတွေကြောင့် တဖက်နိုင်ငံမှာ ရရာအလုပ်လုပ်ဖို့ နယ်စပ်ကိုထွက်လာနေကြကြောင်းအလုပ်သမားရေးလှပ်ရှားသူတွေကပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG