သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Su-30SM အမျိုးအစား ရုရှားတိုက်လေယာဉ်များ မြန်မာဝယ်မည်


Su-30SM အမျိုးအစား ရုရှားတိုက်လေယာဉ် ကိုပြသထားစဉ်

ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Su-30SM အမျိုးအစား တိုက်လေယာဉ်တွေကို မြန်မာနိုင်ငံက ၀ယ်ယူမယ်လို့ ရုရှား သတင်းထောက်တွေကို ဧပြီလ ၂၃ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကို ရုရှား သတင်းဌာနမှ မေးမြန်း (တပ်မတော်ကာကွယ်ရေးဦးစီးချုပ် )
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကို ရုရှား သတင်းဌာနမှ မေးမြန်း (တပ်မတော်ကာကွယ်ရေးဦးစီးချုပ် )

ရုရှားနဲ့ မြန်မာနိုင်ငံကြား ၂၀၁၈ ခုနှစ်မှာ သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်အရ ဝေဟင်ကိုရော၊ ဝေဟင်ကနေ မြေပြင်ကိုပါပစ်နိုင်တဲ့ Sukhoi ကုမ္ပဏီထုတ်၊ Su-30SM အမျိုးအစား၊ အင်ဂျင် နှစ်လုံးတပ် တိုက်လေယာဉ် ၆ စင်းကို မြန်မာနိုင်ငံက ၀ယ်ယူမှာပါ။ မြန်မာနိုင်ငံကို ရောင်းချမယ့် တိုက်လေယာဉ်တွေကို ရုရှားဘက်က စပြီးတပ်ဆင်နေပါပြီ။

ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ကနေ ထွက်ခွာသွားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ (၈)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ ကိုလည်း တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG