သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ လမ်းတွေပိတ်ဆို့ ဆန္ဒပြ


{{Zawgy/Unicode}}

ဆူဒန်နိုင်ငံမှာ ဆန္ဒပြသူ ၅ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်နှိမ်နင်းမှုအတွက် အမေရိကန်နဲ့ တခြားနိုင်ငံတွေက ရှုတ်ချခဲ့သလို နောက်တနေ့ဖြစ်တဲ့ သောကြာနေ့မှာလည်း ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေက Khartoum မြို့တော် လမ်းမတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။

Khartoum အရှေ့ခြမ်းက Burri အပြင် သိပ်မဝေးလှတဲ့ Khartoum မြောက်ခြမ်းဘက်မှာ ဆန္ဒပြသူတွေက လမ်းတွေကို ကျောက်ခဲတွေ၊ သစ်ကိုင်းသစ်ခက်တွေနဲ့ တားဆီး ပိတ်ဆို့ခဲ့ကြပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ် Abdel-Fattah Burhan က အာဏာသိမ်းပြီး ဝန်ကြီးချုပ် Abdalla Hamdok ကို ဖမ်းဆီး ခဲ့ချိန်ကစပြီး ဆူဒန်နိုင်ငံတွင်း မတည်မငြိမ်ဖြစ်လာခဲ့တာပါ။ နိုဝင်ဘာလ ၂၁ ရက်မှာ ဝန်ကြီးချုပ် Hamdok ကို ရာထူးမှာ တာဝန်ပြန်ထမ်းဆောင်စေခဲ့ပေမယ့် ဆူဒန်နိုင်ငံအတွက် ဒီမိုကရေစီ အပြည့်အဝ ဖေါ်ဆောင်ဖို့ လုပ်မယ်ဆိုတဲ့ စစ်ခေါင်းဆောင် ရဲ့ ကတိစကားကို အယုံအကြည်မရှိတဲ့ ဆန္ဒပြသူတွေက ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ကြာသပတေးနေ့မှာ နိုင်ငံတလွှား အဆက်အသွယ်တွေ ဖြတ်တောက်ထားခဲ့ပြီး လုံခြုံရေးတပ်တွေက ကျည်အစစ်တွေနဲ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွဲခဲ့တာပါ။ ဆန္ဒပြသူ ၅ ဦးဟာ ဦးခေါင်းနဲ့ ရင်ဘတ်မှာ သေနတ်မှန်ခဲ့တယ်လို့ ဒီမိုကရေစီရေး လိုလားတဲ့ ဆူဒန်ဆရာဝန်များကော်မတီက ပြောပါတယ်။

ရဲပြောခွင့်ရကတော ကြာသပတေးနေ့ အဓိကရုဏ်းအတွင်း သေဆုံးသူ ၄ ဦးရှိပြီး ရဲ ၄၉ ဦးအပါအဝင် လူပေါင်း ၃၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ အောက်တိုဘာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလှုပ်ရှားမှုတွေကို နှိမ်နင်းရာက သေဆုံးရသူ ၅၃ ဦး ရှိပြီး ဒဏ်ရာရသူ ရာနဲ့ချီ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

....................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG