သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၈ အိုလံပစ် Los Angeles မြို့မှာ ကျင်းပမည်


၂၀၂၈ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပဖို့ အမေရိကန်ပြည်ထောင်စု Los Angeles မြို့ကို ရွေးချယ်လိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာတော့ ၂၀၂၄ ခုနှစ်ကျရင် ကျင်းပမှာပါ။ သီတင်းပတ် အတော်ကြာ ညှိနှိုင်းဆွေးနွေးကြပြီးနောက် IOC နိုင်ငံတကာ အိုလံပစ် ကော်မတီက အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဒီမြို့ နှစ်မြို့ကို ရွေးချယ်ခဲ့တာပါ။

Los Angeles မြို့ ရွေးချယ်ခံရတဲ့အတွက် သမ္မတ Donald Trump က ဂုဏ်ပြုပြောဆိုပြီး အိုလံပစ်ပြိုင်ပွဲအတွင်း အမေရိကန်တွေဟာ အမြဲ အောင်မြင်မှုတွေရခဲ့သလို ၂၀၂၈ ခုနှစ် ပြိုင်ပွဲမှာလည်း အရင်တုန်းကအတိုင်း အောင်မြင်မှုတွေရလိမ့်မယ်ဆိုပြီး ပြောပါတယ်။

မျိုးဆက်တခုအတွင်း ပထမဆုံးအကြိမ်အနေနဲ့ အိုလံပစ်ပြိုင်ပွဲကျင်းပဖို့ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း Los Angeles မြို့တော်ဝန် Eric Carcetti ကလည်း ပြောပါတယ်။ LA အိုလံပစ်ပြိုင်ပွဲ ကော်မတီအနေနဲ့ ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်နိုင်ဖို့နဲ့ ပြိုင်ပွဲမတိုင်မှီ လူငယ်အားကစားသမားတွေ ပြုစုပျိုးထောင်သွားရေးအတွက် IOC က ရန်ပုံငွေ ကြိုတင်ထုတ်ပေးမှာပါ။

IOC အနေနဲ့ ဒေါ်လာ ၂ ဘီလီယံလောက် ပေးအပ်သွားမှာဖြစ်တယ်လို့ Los Angeles အာဏာပိုင်အသိုင်းအဝိုင်းက ပြောပါတယ်။အခုရရှိတဲ့ငွေကြေးတွေကို လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဆက်ပြီး အကောင်အထည်ဖေါ်ရေး နဲ့ တခြား နေရာအများအပြားမှာ သုံးစွဲမှာဖြစ်ပါတယ်။ အိုလံပစ်ပွဲတော် ကျင်းပသွားရေး IOC အနေနဲ့ လာမယ့် စက်တင်ဘာလမှာ အတည်ပြုပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုနဲ့ နောင် ၂ နှစ်အကြာ ဆောင်းရာသီ ပြိုင်ပွဲကိုတော့ တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

၂၀၂၈ အိုလံပစ် Los Angeles မြို့မှာ ကျင်းပမည်
please wait

No media source currently available

0:00 0:00:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG