သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok  ပိတ်ပင်မယ့် ကန်ဥပဒေ တရားရုံးချုပ်ထောက်ခံ


TikTok
TikTok

TikTok ကို သူ့ရဲ့ တရုတ်အခြေစိုက် မိခင်ကုမ္ပဏီ ByteDance က အမေရိကန်ကို မရောင်းဘူးဆိုရင် မနက်ဖြန် တနင်္ဂနွေနေ့ကစလို့ TikTok အသုံးပြုခွင့် ပိတ်ပင်တားမြစ်နိုင်တဲ့ ဖက်ဒရယ်ဥပဒေ တရပ်ကို အမေရိကန် တရားရုံးချုပ်က သောကြာနေ့မှာ တညီတညွတ်တည်း ထောက်ခံလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိပြီး ကမ္ဘာတဝန်း ရေပန်းစားတဲ့ ဆိုရှယ်မီဒီယာ app တခုဖြစ်တဲ့ Tiktok ရဲ့ မိခင်ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ အခြေစိုက်တဲ့ အတွက် ဒါဟာ အမေရိကန် အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတာကြောင့် အမေရိကားမှာ Tiktok သုံးခွင့် ပိတ်ဖို့ အရင်ကတည်းက ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

အခု တရားရုံးချုပ်ရဲ့ သောကြာနေ့က ဆုံးဖြတ်ချက်ကြောင့် အမေရိကားမှာ ဇန်နဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့ကစလို့ Tiktok app ကို download လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ App ရှိပြီးသား သူတွေအတွက် ဖုန်းထဲမှာ ဒီ app ကို ဆက်ပြီး မြင်နေရမှာ ဖြစ်ပေမဲ့လို့ နောက်ထပ် update တွေတော့ လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ လောလောဆယ် app ရှိပြီးသားတွေ အကန့်အသတ်နဲ့ ဆက်သုံးလို့ ရနေဦးမှာ ဖြစ်ပေမဲ့ နောက်ပိုင်းကျရင်တော့ လုံးဝ အသုံးပြုလို့ မရတော့တဲ့အထိ တားမြစ်သွားမှာဖြစ်ကြောင်း တရားရုံးချုပ်ကို တင်ထားတဲ့ တရားရေးဌာနရဲ့ စာမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တရားရုံးချုပ်အနေနဲ့ Tiktok ပိတ်ပင်မယ့် ဥပဒေကို သူ သမ္မတ အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုမယ့် တနင်္လာနေ့အထိ အဆုံးအဖြတ် မပေးဖို့ တောင်းဆိုခဲ့တာပါ။ Tiktok ပိတ်ပင်မှု ဖြစ်မလာအောင် ညှိနှိုင်းဆွေးနွေးတာတွေ သူလုပ်သွားမယ်လို့ Trump က ပြောပေမဲ့ ဘယ်လိုပုံစံနဲ့ လုပ်သွားမလဲ ဆိုတာကိုတော့ မရှင်းလင်းထားပါဘူး။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် အစိုးရကလည်း သမ္မတရဲ့ တာဝန် နောက်ဆုံးရက်ဖြစ်တဲ့ တနင်္ဂနွေနေ့အထိ Tiktok အသုံးပြုမှု ပိတ်ပင်တာတွေ စ လုပ်ဦးမှာ မဟုတ်တဲ့အကြောင်း အချက်ပြ ပြောဆိုထားပါတယ်။

TikTok  ပိတ်ပင်မယ့် ကန်ဥပဒေ တရားရုံးချုပ်ထောက်ခံ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG