သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါးထိုးခံသေဆုံးသူ ဂျပန်ဝန်ထမ်းအတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်းနည်းသဝဏ်ပို့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် အတွင်းမှာ တွေ့ရတဲ့ Satoshi Oyama (သတင်းဓါတ်ပုံ - Asahi Shimbun file photo)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ် အတွင်းမှာ တွေ့ရတဲ့ Satoshi Oyama (သတင်းဓါတ်ပုံ - Asahi Shimbun file photo)

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ထမ်း Satoshi Oyama၊ Kawasaki မြို့မှာ ဓားထိုးမှုနဲ့ သေဆုံးသွားတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီဝန်ထမ်းရဲ့ ဇနီးဖြစ်သူဆီ စာရေးသားပေးပို့ခဲ့ကြောင်း သမ္မတရုံးက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂ဝ၁၃ ဧပြီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဆုံခဲ့တဲ့ မြန်မာစကားကျွမ်းကျင်သူ Satoshi Oyama ဆုံးသွားတဲ့ သတင်းအပေါ် တုန်လှုပ်ခဲ့ရပြီး စိတ်မကောင်းဖြစ်ရကြောင်း ဗုဒ္ဓဟူးနေ့ရက်စွဲနဲ့ ရေးထားတဲ့ သူ့စာထဲမှာ ဖော်ပြထားတာကို ဂျပန်သတင်းမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။

Oyama ရဲ့ ဘာသာစကားကျွမ်းကျင်မှုနဲ့ သိမ်မွေ့ပြူငှာတဲ့ သဘာဝကို အမှတ်ရကြောင်း ရေးသားထားပြီး ၂ နိုင်ငံ ချစ်ကြည်ရေးအတွက် တန်ဖိုးထားရတဲ့ သံတမန်တယောက် ဆုံးရှုံးရတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။

Oyama အပြင် အသက် ၁၁ နှစ် အရွယ် မိန်းကလေးတယောက်လည်း ဒီဓားထိုးတိုက်ခိုက်မှုတွင်း သေဆုံးခဲ့ရပြီး ကလေးအများစုပါဝင်တဲ့ စုစုပေါင်း ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဓားထိုးတိုက်ခိုက်သူက သူ့ကိုယ်သူသတ်သေသွားပြီး ဘာ့ကြောင့် ဒီလို တိုက်ခိုက်ရတယ်ဆိုတဲ့အကြောင်းရင်းကို မသိရပါဘူး။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG