သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်မှာ အကြမ်းဖက်မှုအန္တရာယ် အဆင့် (၄) ထိ တိုးမြှင့်


ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုသတိပေးချက်ထုတ်ပြန်ထားပြီးနောက် လုံခြုံရေးကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦး။ (သြဂုတ် ၁၇၊ ၂၀၂၃)
ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုသတိပေးချက်ထုတ်ပြန်ထားပြီးနောက် လုံခြုံရေးကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦး။ (သြဂုတ် ၁၇၊ ၂၀၂၃)

ဆွီဒင်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်မှု သတိပေးချက်အဆင့်ကို ကြာသပတေးနေ့က ဒုတိယအမြင့်ဆုံးကို တိုးမြှင့်လိုက်ပါတယ်။ အစ္စလာမ် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတချို့က လူထုစုဝေးပွဲတွေလုပ်ပြီး ကိုရ်အာန်ကျမ်းစာအုပ်မီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့အပြီးမှာ အခုလို လုံခြုံရေးအဆင့် တိုးမြှင့်လိုက်ရတာပါ။ အခု သီတင်းပတ်တွေထဲမှာ ဆွီဒင်အစိုးရက နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ သူ့နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို သတိပေးချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။

အထွေအထွေ လုံခြုံရေး အခြေအနေက စိုးရိမ်းစရာဖြစ်နေပြီး အကြမ်းဖက်မှုအန္တရာယ်အဆင့် သတ်မှတ်ချက် (၅) ဆင့် ရှိရာမှာ အခု အဆင့် (၄) ကို ရောက်ရှိနေကာ ဒါဟာ ၂၀၁၆ နောက်မှာ ပထမဆုံးအကြိမ် ဒီလို အဆင့် ကြေညာခဲ့ရတာလို့ ဆွီဒင်ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ (SAPO) က ပြောပါတယ်။

"ဆိုးရွားတဲ့အခြေအနေမှာရှိနေပြီး ဒီခြိမ်းခြောက်မှုက အချိန်အကြာကြီး ဆက်ရှိနေဦးမယ်" လို့ SAPO အကြီးအကဲ Charlotte von Essen က ပြောပြီး "အစွန်းရောက် အစ္စလာမစ်ဝါဒီတွေက တိုက်ခိုက်မှုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေက တနှစ်တာအတွင်း မြင့်တက်လာတယ်" လို့ ဆိုပါတယ်။ အခု လတ်တလောမှာ ဆွီဒင်ကိုတိုက်ခိုက်ဖို့က “ဦးစားပေးပစ်မှတ်” အဖြစ်သတ်မှတ်ခံထားရကြောင်း လုံခြုံရေးတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

တဘက်မှာလည်း ဆွီဒင်နိုင်ငံသားတွေကို ပုံမှန်အတိုင်း ဆက်လက်နေထိုင်ကြဖို့ တိုက်တွန်းထားပြီး အခုလို သတိပေးချက်မြင့်တက်လာစေတဲ့ စိုးရိမ်စရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့တာမျိုးတော့မရှိသေးဘူးလို့ ပြောပါတယ်။

ကိုရ်အာန်ကျမ်းမီးရှို့မှုတွေဖြစ်ခဲ့တဲ့ ဒိန်းမတ်နိုင်ငံမှာလည်း အလားတူ အကြမ်းဖက်မှုအန္တရာယ် ဒုတိယအဆင့်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG