သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယား ေရနံပိုက္လိုင္း တိုက္ခိုက္မႈ IS အဖဲြ႔လက္ခ်က္အျဖစ္ ေၾကညာ


မႏွစ္ ၾသဂုတ္လအတြင္းက ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရတဲ့ ဆီးရီးယား ဓာတ္ေငြ႔ပုိက္လုိင္း။ (ၾသဂုတ္ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဆီးရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ Damascus နဲ႔ အနီးဝန္းက်င္ ေဒသေတြမွာ လွ်ပ္စစ္မီး ျပတ္ေတာက္ေစခဲ့တဲ့ ၿမိဳ႕ေတာ္ရဲ႕ အေရွ႕ေတာင္ပိုင္းက သဘာဝဓာတ္ေငြ႔ပိုက္လိုင္းႀကီး တိုက္ခိုက္ခံရမႈဟာ သူတို႔လက္ခ်က္ျဖစ္ေၾကာင္း အစၥလာမၼစ္ အစြန္းေရာက္ IS အဖြဲ႔က စေနေန႔မွာ ေျပာပါတယ္။

Tishreen နဲ႔ Deir Ali စက္႐ုံေတြအတြက္ ဓာတ္ေငြ႔ေပးေနတဲ့ ပိုက္လိုင္းႀကီးကို IS တိုက္ခိုက္ေရးသမားေတြက ဗံုးေထာင္ၿပီး ေဖာက္ခြဲႏုိင္ခဲ့ေၾကာင္း IS အဖြဲ႔ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

Damascus ၿမိဳ႕ေတာ္ရဲ႕ အေရွ႕ေတာင္ပိုင္းမွာရွိတဲ့ Deir Ali ဓာတ္အားေပးစက္႐ုံက ႏိုင္ငံရဲ႕ လွ်ပ္စစ္လိုအပ္ခ်က္ ထက္ဝက္ေလာက္ ထုတ္လုပ္ေနတာျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီး Ghassan al-Zamel က စေနေန႔မွာ ေျပာဆိုခ်က္ကို ႏိုင္ငံပိုင္ SANA သတင္းေအဂ်င္စီမွာ ေဖာ္ျပပါတယ္။

ဓာတ္ေငြ႔ပိုက္လိုင္းကို ေသာၾကာေန႔ ညေနပိုင္းမွာ ေဖာက္ခြဲပစၥည္းေတြနဲ႔ တိုက္ခိုက္မႈေၾကာင့္ စက္႐ုံလည္ပတ္မႈ ယာယီရပ္ဆိုင္းခဲ့ရေၾကာင္းလည္း ဝန္ႀကီးက ေျပာပါတယ္။

Deir Ali နဲ႔ Tishreen ဓာတ္အားေပးစက္႐ုံေတြ မလည္ပတ္ႏိုင္ေသးပါဘူး။ အေမရိကန္တို႔ ပံ့ပိုးေပးတဲ့ ထိုးစစ္ေတြေနာက္ပိုင္း ၂၀၁၉ ခုႏွစ္အတြင္းမွာပဲ Baghouz က ျမစ္ေဘး ရြာငယ္ေလးကေန ဆီးရီးယား IS တို႔ကို ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း ေၾကညာခဲ့တာပါ။ ဒါေပမယ့္လည္း IS အဖြဲ႔က ဆီးရီးယားအေရွ႕ပိုင္း သဲကႏၲာရ ေဒသတြင္း အပါအဝင္ ခိုေအာင္းရာ ေဒသေတြကေန ဆီးရီးယားအစိုးရ တပ္ဖြဲ႔ေတြကို ဆက္လက္ တိုက္ခိုက္ေနပါတယ္။

ဆီးရီးယားသမၼတ Bashar al-Assad အစိုးရကို ဆန္႔က်င္တဲ့ သူပုန္အဖြဲ႔ေတြ၊ ေနာက္ စစ္ေသြးႂကြေတြက ဆီးရီးယားရဲ႕ သဘာဝဓာတ္ေငြ႔နဲ႔ ေရနံလုပ္ငန္းေတြကိုလည္း ပစ္မွတ္ထား တိုက္ခိုက္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဆီးရီးယား ရေနံပိုက်လိုင်း တိုက်ခိုက်မှု IS အဖွဲ့လက်ချက်အဖြစ် ကြေညာ

ဆီးရီးယားနိုင်ငံ မြို့တော် Damascus နဲ့ အနီးဝန်းကျင် ဒေသတွေမှာ လျှပ်စစ်မီး ပြတ်တောက်စေခဲ့တဲ့ မြို့တော်ရဲ့ အရှေ့တောင်ပိုင်းက သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီး တိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က စနေနေ့မှာ ပြောပါတယ်။

Tishreen နဲ့ Deir Ali စက်ရုံတွေအတွက် ဓာတ်ငွေ့ပေးနေတဲ့ ပိုက်လိုင်းကြီးကို IS တိုက်ခိုက်ရေးသမားတွေက ဗုံးထောင်ပြီး ဖောက်ခွဲနိုင်ခဲ့ကြောင်း IS အဖွဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Damascus မြို့တော်ရဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ Deir Ali ဓာတ်အားပေးစက်ရုံက နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက် ထက်ဝက်လောက် ထုတ်လုပ်နေတာဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး Ghassan al-Zamel က စနေနေ့မှာ ပြောဆိုချက်ကို နိုင်ငံပိုင် SANA သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းကို သောကြာနေ့ ညနေပိုင်းမှာ ဖောက်ခွဲပစ္စည်းတွေနဲ့ တိုက်ခိုက်မှုကြောင့် စက်ရုံလည်ပတ်မှု ယာယီရပ်ဆိုင်းခဲ့ရကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

Deir Ali နဲ့ Tishreen ဓာတ်အားပေးစက်ရုံတွေ မလည်ပတ်နိုင်သေးပါဘူး။ အမေရိကန်တို့ ပံ့ပိုးပေးတဲ့ ထိုးစစ်တွေနောက်ပိုင်း ၂၀၁၉ ခုနှစ်အတွင်းမှာပဲ Baghouz က မြစ်ဘေး ရွာငယ်လေးကနေ ဆီးရီးယား IS တို့ကို ချေမှုန်းနိုင်ခဲ့ကြောင်း ကြေညာခဲ့တာပါ။ ဒါပေမယ့်လည်း IS အဖွဲ့က ဆီးရီးယားအရှေ့ပိုင်း သဲကန္တာရ ဒေသတွင်း အပါအဝင် ခိုအောင်းရာ ဒေသတွေကနေ ဆီးရီးယားအစိုးရ တပ်ဖွဲ့တွေကို ဆက်လက် တိုက်ခိုက်နေပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို ဆန့်ကျင်တဲ့ သူပုန်အဖွဲ့တွေ၊ နောက် စစ်သွေးကြွတွေက ဆီးရီးယားရဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံလုပ်ငန်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG