သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအာဏာရှင် အာဆဒ်ကိုဖြုတ်ချခဲ့တဲ့ သူပုန်ခေါင်းဆောင်ကို ယာယီသမ္မတ ခန့်အပ်


ဆီးရီးယားနိုင်ငံက အာဏာရှင်သမ္မတ Bashar al-Assad ကို ဖြုတ်ချခဲ့တဲ့ HTS ခေါ် Hayat Tahrir al-Sham အဖွဲ့ရဲ့ ခေါင်းဆောင် Al-Sharaa (ဇန်နဝါရီ ၁၆၊ ၂၀၂၅)
ဆီးရီးယားနိုင်ငံက အာဏာရှင်သမ္မတ Bashar al-Assad ကို ဖြုတ်ချခဲ့တဲ့ HTS ခေါ် Hayat Tahrir al-Sham အဖွဲ့ရဲ့ ခေါင်းဆောင် Al-Sharaa (ဇန်နဝါရီ ၁၆၊ ၂၀၂၅)

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက သမ္မတ Bashar al-Assad ကို ဖြုတ်ချရာမှာ ပါဝင်ကူညီခဲ့တဲ့ သူပုန် ခေါင်းဆောင်ဟောင်းကို ကြားကာလသမ္မတအဖြစ် မနေ့ ဗုဒ္ဓဟူးနေ့တုန်းက တင်မြှောက်လိုက်ပါတယ်။

Assad အစိုးရကိုဖြုတ်ချပြီးနောက် နိုင်ငံကိုအုပ်ချုပ်နေတဲ့ HTS ခေါ် Hayat Tahrir al-Sham အဖွဲ့ရဲ့ ခေါင်းဆောင် Al-Sharaa ကို ဆီးရီးယားအစိုးရသစ်တည်ဆောက်ဖို့ သမ္မတအဖြစ် တင်မြှောက်လိုက်တာပါ။

HTS အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတာဖြစ်ပြီး အခု တင်မြှောက်လိုက်တဲ့ ဆီးရီးယားကြားကာလသမ္မတ al-Sharra ကို တချိန်တခါက ဖမ်းမိရင်ဆုကြေး အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဖမ်းမိန့်ထုတ်ခဲ့ဖူးကြောင်း Ap သတင်းမှာ ဖော်ပြထားပါတယ်။

Damascus မြို့မှာ သူနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ မကြာခင်တုန်းက တွေ့ပြီးနောက်မှာတော့ ဒီဖမ်းမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ သူနဲ့တွေ့ခဲ့တဲ့ အမေရိကန်ထိပ်တန်းသံတမန် Barbara Leaf ကတော့ al-Sharaa ဟာ လက်တွေ့ကျတဲ့သူတယောက်အဖြစ် ပြန်ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့အစိုးရရဲ့ လွှတ်တော်ကို ဖျက်သိမ်းပြီးတဲ့နောက်ပိုင်း အစိုးရအကူးအပြောင်းကာလအတွင်း ယာယီဥပဒေကောင်စီအဖွဲ့ကို ဖွဲ့စည်းရမယ်ဆိုတဲ့ ကြီးလေးတဲ့ တာဝန်ကို ကြားကာလသမ္မတ al-Sharaa လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG