သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကျွန်းဆွယ်ပေါ် ကန်လေယာဉ်ကို တရုတ်နောက်ယောင်ခံလိုက်


အမေရိကန်ရေတပ်ရဲ့ P-8A
အမေရိကန်ရေတပ်ရဲ့ P-8A

နိုင်ငံရေးအရ ထိလွယ်ရှလွယ် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီးပျံသန်းတဲ့ အမေရိကန်လေယာဥ်ကို တရုတ်တိုက်လေယာဥ်တွေက နောက်ကနေ ကပ်လိုက်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာကိုပိုင်းဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ကာကွယ်မယ်လို့လည်း တရုတ်စစ်တပ်က ပြောလိုက်ပါတယ်။

အမေရိကန် P-8A ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကင်းလှည့်လေယာဥ်ဟာ ထိုင်ဝမ်ရေလက်ကြားကို စက်တင်ဘာ ၁၇ရက်က ဖြတ်ပြီး ပျံသန်းခဲ့တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းဒေသ စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်ကြီး လီရှီ က ကြေညာချက်မှာ ပြောပါတယ်။ ထိုင်ဝမ်ကို တရုတ်က သူ့အချုပ်အခြာအာဏာပိုင် နယ်မြေအဖြစ် သဘောထားပြီး တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ကြား ရေပြင်ကိုလည်း ဆုံးဖြတ်ပိုင်ခွင့်နေရာအဖြစ် သတ်မှတ်ထားတာပါ။

P-8A Poseidon လေယာဥ်ဟာ ထိုင်ဝမ်ရေလက်ကြားကို နိုင်ငံတကာဝေဟင်ကနေ ပျံသန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်အမှတ် ၇ ရေတပ်က သတင်းထုတ်ပြန်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ နိုင်ငံတကာဥပဒေနဲ့အညီ လှုပ်ရှားသွားလာခြင်းအားဖြင့် နိုင်ငံအားလုံးရဲ့ ရေကြောင်းသွားလာခွင့်နဲ့ လွတ်လပ်ခွင့်ကို အမေရိကန်ကထောက်ခံကြောင်း ပြသလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒါပေမဲ့ တရုတ်တိုက်လေယာဥ်တွေ နောက်ကလိုက်ခဲ့တယ်ဆိုတာကိုတော့ မဖော်ပြပါဘူး။

စနေနေ့တုန်းကလည်း ဂျာမနီ ရေတပ်သင်္ဘောနှစ်စီးဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သွားခဲ့တဲ့အတွက် ဂျာမနီဟာအန္တရာယ်နဲ့ ကစားခဲ့တယ်လို့ တရုတ်ကစွပ်စွဲခဲ့ပါသေးတယ်။ ထိုင်ဝမ်လေတပ်လေယာဥ်တွေ ပြင်ဆင်ရေး၊ အရံပစ္စည်းများပို့ဆောင်ရေးနဲ့ ဆက်စပ် ပစ္စည်းကိရိယာတွေအတွက် ထိုင်ဝမ်ကို ဒေါ်လာ သန်း ၂၂၈ သန်းဖိုး ၁၆ ကြိမ်မြောက်အဖြစ်ရောင်းချပေးဖို့ သမ္မတဘိုင်ဒန်က သဘော တူလိုက်တဲ့အတွက် ထိုင်ဝမ်က အမေရိကန်ကို အင်္ဂါနေ့မှာပဲကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG