သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ကန်နဲ့ပိုမိုပူးပေါင်းရေးနည်းလမ်းရှာသွားမယ်” တရုတ်အကြီးတန်းအရာရှိ


တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဘေဂျင်းမြို့ Diaoyutai ဧည့်ဂေဟာမှန် မိန့်ခွန်းပြောကြားစဥ်။ (ဇန်နဝါရီ ၅၊ ၂၀၂၄)
တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဘေဂျင်းမြို့ Diaoyutai ဧည့်ဂေဟာမှန် မိန့်ခွန်းပြောကြားစဥ်။ (ဇန်နဝါရီ ၅၊ ၂၀၂၄)

ကမ္ဘာ့အနေအထားကိုပြန်ပုံဖော်ဖို့ တရုတ်က မကြိုးစားဘဲ အမေရိကန်နဲ့ ပိုမိုပူးပေါင်းနိုင်ရေးရှာဖွေမယ်လို့ တရုတ်အကြီးတန်းတာဝန်ရှိသူတယောက်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ပင်ကို ကိုးကားပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံတကာရေးရာဌာနမှူး လျူကျန်းချောင်( Liu Jianchao) က တရုတ်ဟာ စစ်ပူပဲဖြစ်ဖြစ်၊ စစ်‌အေးပဲဖြစ်ဖြစ် ဘယ်သူနဲ့မှ တိုက်မှာမဟုတ်ဘူးလို့ ပြောသွားခဲ့တာပါ။

"အာရှကလူတွေက သူတို့နည်းသူတို့ဟန်နဲ့ တယောက်ကိုတယောက် ဆက်ဆံတတ်ပါတယ်။ အရာရာရဲ့အထက်မှာ ငြိမ်းချမ်းရေးကို တန်ဖိုးထားတယ်။ အငြင်းပွါးမှုအားလုံးကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ရှာဖွေကြပါတယ်" လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Council on Foreign Relations အဖွဲ့မှာ မစ္စတာလျူက ပြောပါတယ်။

တရုတ်က လက်ရှိ နိုင်ငံတကာဆက်ဆံရေးအနေအထားကို ပြောင်းဖို့ မလုပ်ပါဘူး။ တရုတ်က လက်ရှိအနေအထားကို တည်ဆောက်ခဲ့တဲ့သူတွေထဲက တဦးပါ။ ဒီကနေလည်း တရုတ်က အကျိုးခံစားခဲ့ရပါတယ်လို့ သူက ဆိုပါတယ်။ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြောဆိုဖို့ ငြင်းဆိုသွားပြီး ထိုင်ဝမ် လွတ်လပ်ရေးကို မထောက်ခံဘူးဆိုတဲ့ အမေရိကန်ရဲ့ရပ်တည်ချက်ကို တရုတ် က အလေးအနက်ထားကြောင်း ပြောသွားပါတယ်။

“ကန်နဲ့ပိုမိုပူးပေါင်းရေးနည်းလမ်းရှာသွားမယ်” တရုတ်အကြီးတန်းအရာရှိ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG