သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခြိမ်းခြောက်မှုက ကာကွယ်ဖို့ ထိုင်ဝမ် ရွေးကောက်ခံသမ္မတ ကတိပြု


Taiwanese Vice President Lai Ching-te, also known as William Lai, left, celebrates his victory with running mate Bi-khim Hsiao, right, in Taipei, Taiwan, Jan. 13, 2024.
Taiwanese Vice President Lai Ching-te, also known as William Lai, left, celebrates his victory with running mate Bi-khim Hsiao, right, in Taipei, Taiwan, Jan. 13, 2024.

တရုတ်ခြိမ်းခြောက်မှုက ကာကွယ်ဖို့ ထိုင်ဝမ် ရွေးကောက်ခံသမ္မတ ကတိပြု

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို တရုတ်အစိုးရရဲ့ ခြိမ်းခြောက် နောက်ယှက်မှုတွေကနေ ကာကွယ်သွားမယ်လို့ ထိုင်ဝမ် ရွေးကောက်ခံ သမ္မတ Lai Ching-te က စနေနေ့က ကတိပြု ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်ကို သီးခြား လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် ရပ်တည်ဖို့ လိုလားတဲ့ Lai Ching-te ကို ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သူ ခွဲထွက်ရေးသမားအဖြစ် တရုတ်အစိုးရက တံဆိပ်တပ်ပြီး သူ့ကို မထောက်ခံဖို့ ထိုင်ဝမ်ပြည်သူတွေကို ဖိအားပေးခဲ့ပေမဲ့လို့ စနေနေ့က ကျင်းပတဲ့ ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ DPP ခေါင်းဆောင် Lai Ching-te ပဲ ပြန်လည် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ ကျင့်သုံးနေထိုင်မှုတွေကို သူ ခုခံ ကာကွယ်သွားမယ့် အကြောင်း Lai က ပြောဆိုထားသလို၊ ထိုင်ဝမ်ကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆက်လက် တည်တံအောင် ဆောင်ရွက်သွားမယ့် အကြောင်းနဲ့ တချိန်တည်းမှာ တရုတ်ရဲ့ ရန်လို ခြိမ်းခြောက် နှောက်ယှက်မှုတွေကနေ ကာကွယ်ပေးသွားမယ့်အကြောင်း ရွေးကောက်ပွဲအနိုင်ရ မိန့်ခွန်းမှာ Lai က ကတိပြု ပြောဆိုခဲ့ပါတယ်။

တပါတီစနစ် ကျင့်သုံးတဲ့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေနဲ့ သတိပေးချက် ဖိအားတွေကို ဖီဆန်ပြီး ထိုင်ဝမ် ဒီမိုကရေစီအတွက် စာမျက်နှာသစ် ဖွင့်လိုက်တဲ့ ထိုင်ဝမ်ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း Lai က အလေးထား ပြောဆိုခဲ့ပါတယ်။

စနေနေ့က ကျင်းပတဲ့ ထိုင်ဝမ် သမ္မတ ရွေးကောက်ပွဲမှာတော့ Lai က မဲရလဒ်တွေရဲ့ ၄၀.၁ % ကို ရရှိ အနိုင်ရခဲ့တာဖြစ်ပြီး တရုတ်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အတိုက်အခံ ကူမင်တန် ပါတီက Hou Yu-ih Lai က ၃၃.၅ % သာ ရရှိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG