သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ပူပေါင်းတွေ လေကြောင်းပျံသန်းရေးကို ခြိမ်းခြောက် (တိုင်ဝမ်)


TAIWAN-ELECTION/CHINA
TAIWAN-ELECTION/CHINA

တရုတ် ပူပေါင်းတွေ လေကြောင်းပျံသန်းရေးကို ခြိမ်းခြောက် (တိုင်ဝမ်)

တရုတ်အစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်ဝမ်ကျွန်းအပေါ် ပူပေါင်းတွေ လွှင့်တင်ပြီး ၊ တိုင်ဝမ်လူထုကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေတယ်လို့ − တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲလိုက်ပါတယ်။

ဒီ ပူပေါင်းတွေရဲ့ လမ်းကြောင်းဟာ ခရီးသည်တင် နိုင်ငံတကာ လေကြောင်းပျံသန်းမှုအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတရပ် ဖြစ်စေတယ် ၊ လေကြောင်းပျံသန်းမှု လုံခြုံစေဖို့အတွက် ဒီပူပေါင်း လွှင့်တင်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

ဒီပူပေါင်းတွေ လွှတ်တင်တဲ့ တရုတ်ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တရုတ်နိုင်ငံပိုင် မီဒီယာတခုကတော့ တိုင်ဝမ် Democratic Progressive Party နဲ့ တိုင်ဝမ်−အမေရိကန် မီဒီယာတွေဟာ အန္တရာယ်မရှိတဲ့ မိုးလေးဝသ ပူပေါင်းတွေကို ရေးကြီးခွင်ကျယ် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

တရုတ်နဲ့ ဆက်ဆံရေးကိစ္စမှာ အဓိက အကြောင်းအရာဖြစ်နေတဲ့ ဇန်နဝါရီ ၁၃ ရက် တိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ အကြိုမှာ ဒီပူပေါင်းပြသနာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

တရုတ်အစိုးရက တိုင်ဝမ်ကို သူတို့ရဲ့ ခြားနားခွဲထွက် −ဒေသတခုအဖြစ် သတ်မှတ်ပြီး ၊ တချိန်မှာ ပြန်လည်ပူးပေါင်းဖို့ ပိုင်းဖြတ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG