သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဒေသ ခရီးသွားတွေအတွက် ငွေလိမ်ဂိုဏ်းအန္တရာယ် တိုင်ဝမ်သတိပေး


မြန်မာထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်းကူးအဓ္မခိုင်းစေခံခဲ့ရသူများ လွတ်မြောက်လာအပြီး ထိုင်းနိုင်ငံဘက်က ယာယီစခန်းတခုမှာ တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
မြန်မာထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်းကူးအဓ္မခိုင်းစေခံခဲ့ရသူများ လွတ်မြောက်လာအပြီး ထိုင်းနိုင်ငံဘက်က ယာယီစခန်းတခုမှာ တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှငါးနိုင်ငံကို ခရီးသွားမယ့် ခရီးသည်တွေ အနေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ အန္တရာယ်ကို သတိထားဖို့ ထိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို သွားမယ့် ခရီးသည်တွေရဲ့ လေယာဉ်လက်မှတ်ပေါ်မှာ သတိပေးစာ ပုံနှိပ်ထားတာကို လိမ်လည်တဲ့ဂိုဏ်းတွေက ဖျားယောင်းခိုင်းစေတာတွေ ခံခဲ့ရတဲ့အကြောင်း တိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုတာကို ANN Asia News Network သတင်းမှာ ဖေါ်ပြပါတယ်။ ခရီးသွားတွေအတွက် ဘေးကင်းလုံခြုံမယ့် လမ်းညွှန်ချက်တွေကို အင်တာနက်မှာ ဖတ်ဖို့လည်း ထပ်ပြီး သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ တိုင်ဝမ်ဒေသခံတွေ အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေက ဖျားယောင်းခိုင်းစေတာတွ ခံခဲ့ရတဲ့အကြောင်း တိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံမှာ ဖမ်းဆီးခဲ့တဲ့ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေက နိုင်ငံခြားသား ၂၆၀ ထဲမှာ ထိုင်ဝမ်က ၇ ယောက် ပါဝင်ပြီး သူတို့ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေတဲ့အကြောင်းလည်း သတင်းမှာ ဖေါ်ပြပါတယ်။

တချိန်တည်းမှာ ထိုင်းနိုင်ငံက ဘဏ်တချို့မှာလည်း ငွေထုတ်စက်ကနေ ထုတ်ပေးတဲ့ ပြေစာတွေမှာ အွန်လိုင်းငွေကြေးလွှဲပြောင်းမှုတွေမှာ လုံခြုံရေးကို အထူးသတိထားဖို့၊ တယ်လီဖုန်းနဲ့ တခြားတယောက်က ညွှန်ကြားတာမျိုးကို လက်မခံဖို့ တရုတ်၊ အင်္ဂလိပ်၊ ထိုင်း သုံးဘာသာနဲ့ သတိပေးရေးသားထားပါတယ်။

Forum

XS
SM
MD
LG