သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ငွေလိမ်ဂိုဏ်း လူကုန်ကူးသူ ပူးပေါင်းဖော်ထုတ်ဖို့ သံရုံးတွေကို ထိုင်းတောင်းဆို
နောက်ဆုံးရသတင်း

ငွေလိမ်ဂိုဏ်း လူကုန်ကူးသူ ပူးပေါင်းဖော်ထုတ်ဖို့ သံရုံးတွေကို ထိုင်းတောင်းဆို


ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး၊ အလုပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
ထိုင်း-မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး၊ အလုပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်သို့ လွှဲပြောင်းနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေဆီက ကယ်တင်ခဲ့တဲ့သူတွေကို ဘယ်သူက အမှန်တကယ် လူကုန်ကူး ခံရသူဆိုတာကို ထုတ်ဖေါ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ RTP က ဘန်ကောက် မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေကို ဖိတ်ကြားထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

မြန်မာ၊ လောနဲ့ကမ္ဘောဒီးယားနိုင်ငံကယ်တင်ခဲ့တဲ့ အနည်းဆုံး လူ ၂၆၀ လောက် ထိုင်းရဲတပ်ဖွဲ့မှာ ချုပ်နှောင်ထားပြီး သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့ သံရုံးတွေကို ထိုင်းရဲတပ်ဖွဲ့က တောင်းဆိုတာပါ။

ကယ်တင်ခံထားရသူတွေအားလုံးဟာ လူကုန်ကူးခံရသူတွေမဟုတ်ဘဲ အဲဒီအထဲမှာ ကုန်ကူးရောင်းစား ခံရသူတွေအဖြစ် ဟန်ဆောင်ထားတဲ့ ကိုယ်တိုင်ပြစ်မှုကျုးလွန်သူတွေပါဝင်နိုင်တဲ့အကြောင်း ထိုင်း ရဲတပ်ဖွဲ့က အကြီးအကဲတဦးဖြစ်တဲ့ Thatchai Pitaneelaboot က ပြောပါတယ်။ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို တိုးပြီးနှိမ်နင်းနေတဲ့အတွက် နောက်ထပ်လည်း လူတွေ ထပ်ပြီး ရောက်လာနိုင်သေးတယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က မျှော်လင့်ထားပါတယ်။

မကြာသေးခင်က နယ်စပ်ကို တရားမဝင်ဖြတ်ကျော်တဲ့ ဂျပန်နိုင်ငံသား ၄ ယောက်ကို ဖမ်းဆီးမိခဲ့ပြီး သူတို့ဟာ ကုန်ကူးရောင်းစားခံရသူတွေမဟုတ်ဘဲ သူတို့ကိုယ်တိုင် လူကုန်ကူးတဲ့ရာဇဝတ်ဂိုဏ်းတွေက ဖြစ်တဲ့အကြောင်း ထိုင်းရဲအရာရှိကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG