သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကျားဖြန့် နှိမ်နင်းရေး ထိုင်း မြန်မာ နယ်ခြားကော်မတီ ညှိနှိုင်း
နောက်ဆုံးရသတင်း

ကျားဖြန့် နှိမ်နင်းရေး ထိုင်း မြန်မာ နယ်ခြားကော်မတီ ညှိနှိုင်း


ကျားဖြန့်နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြားကော်မတီအစည်းအဝေးကို မြန်မာစစ်ကောင်စီ စစ်ဘက်နဲ့ မြဝတီ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေတက်ရောက်ခဲ့။ ဓာတ်ပုံ - ထိုင်း နယ်ခြားစောင့်တပ်
ကျားဖြန့်နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြားကော်မတီအစည်းအဝေးကို မြန်မာစစ်ကောင်စီ စစ်ဘက်နဲ့ မြဝတီ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေတက်ရောက်ခဲ့။ ဓာတ်ပုံ - ထိုင်း နယ်ခြားစောင့်တပ်

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်ထဲက ကျားဖြန့်လိမ်လည်ဂိုဏ်းတွေနှိမ်နင်းဖို့နဲ့ လူကုန်ကူးခံရတဲ့သူတွေကိုပြန်လွှဲပြောင်းပေးဖို့  ထိုင်းမြန်မာ နယ်ခြားကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ရက်နေ့က မဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။ 

အဲဒီ အစည်းအဝေးကို နှစ်နိုင်ငံ စစ်ဘက်နဲ့ ရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လ-၀-) အုပ်ချုပ်ရေးအဖွဲ့ စတဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။ ဒီထဲမှာ လူကုန်ကူးခံရသူတွေကို တနေ့ကို လူ၅၀၀ နှုန်းနဲ့ ပြန်လည်လွှဲပြောင်းရေးအပါအဝင် အချက် ၃ချက်သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်လိမ်လည်ဂိုဏ်းတွေနှိမ်နင်းဖို့နဲ့ လူကုန်ကူးခံရတဲ့သူတွေကို ပြန်လွှဲပြောင်းပေးဖို့ အတွက် မြန်မာ ဘက်က ခလရ ၂၇၅ တပ်က စစ်ဘက်အရာရှိတွေနဲ့ အဖွဲ့ပေါင်းစုံပါတဲ့ တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ကိုလာရောက်ခဲ့ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြားကော်မတီအစည်းအဝေးကိုလာပြီး တက်ရောက်ခဲ့တာပါ။

ဒါဟာ ကျားဖြန့်လိမ်လည်ဂိုဏ်းတွေကို BGF နယ်ခြားစောင့်က အထူးစစ်ဆင်ရေးလုပ်ပြီးဖမ်းဆီးပြီးတဲ့နောက် မြန်မာကိုယ်စားလှယ်အဖဲွ့ဟာ ထိုင်းဘက်နဲ့ညှိနှိုင်းဖို့လာရောက်ခဲ့ပါတယ်။

ထိုင်းဘက်က ရချမနူ နယ်ခြားစောင့်တပ်က ဗိုလ်ချုပ် မိုက်တီ ချူ ပီချာ Major General Maitree Chuapricha ဦးဆောင်ပြီး တာ့ခ်ခရိုင်၊ ခရိုင် လဝက ရဲ စစ်တပ် အဖွဲ့ဝင် တွေ လူကုန်ကူးမှုတိုက်ဖျက်ရေး အရပ်ဘက်ဆိုင်ရာအဖွဲ့စည်းပါတက်ရောက်ခဲ့ပြီး မြန်မာ စစ်ကောင်စီဘက်ကတော့ အမှတ် (၂၇၅) ခြေမြန်တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဦး ဆောင်ကာ မြဝတီ အုပ်ချုပ်ရေး အဖွဲ့ဝင် တွေတက်ရောက်ခဲ့ပါတယ်။

"အခုလိုနယ်ခြေားကော်မတီ အစည်အဝေးကို ကျင်းပနိုင်ခဲ့တာဟာ လူကုန်ကူးခံရသူတွေ ကို အမြန်ဆုံး ကယ်တင်နိုင်ဖို့ အခွင့်လမ်း သစ် တခု ဖြစ်တယ်" လို့ ရာချမနူ နယ်ခြားစောင့်တပ်က ဗိုလ်ချုပ် မိုက်တီ ချူ ပီချာ Major General Maitree Chuapricha ကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထိုင်းဘက်က လောင်စာဆီ လျှပ်စစ် စတဲ့ ဖြတ်တောက် ဖိအားပေးခဲ့ပြီးတဲ့နောက် မြန်မာ ဘက်ကနေ တုံ့ပြန်လာတဲ့အတွက် အခုလို သဘောတူချက်တွေရ လာခဲ့တာပါလို့ ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

သူဆက်ပြောသွားတာကတော့ လူကုန်ကူးမှု ပြသနာတွေကိူ ထိုင်းဘက်က အလျင်အမြန်ပဲ အဆုံး သတ်သွားချင်ကြောင်း အခုဆိုရင် လူဦးရေ ၇,၀၀၀ ကျော်လောက်ရှိတဲ့အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ သက်ဆိုင်ရာသံရုံးတွေကလည်း ကူညီလုပ်ဆောင်ကြရမှာဖြစ်ပါတယ်လို့ပြောသွားပါတယ်။

အစည်းဝေးအပြီး နစ်နိုင်ငံ သဘောတူညီချက်တွေကတော့

နံပါတ်(၁) အနေနဲ့ကလူကုန်ကူးခံရသူတွေရဲ့ စာရင်းအသေးစိတ်အချက်အလက် ကောက်ခံပေးဖို့ ပြန်ပို့မယ့်သူတွေရဲ့ နိုင်ငံကူးလက်မှတ်ရှိရှိစတဲ့အချက်တွေကိုကြိုတင်စာရင်းကောက်ပေးဖို့၊

နံပါတ် (၂) ကတော့ မူရင်းနိုင်ငံ ပြန်ပို့ ဆောင်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာသံရုံးတာဝန်ရှိသူတွေအနေနဲ့ အဆင်သင့် မဖြစ်သေး ပါက နောက်ထပ်တကြိမ်လွဲပြောင်းရေး လုပ်ငန်းစဉ် ရွှေ့ဆိုင်းထားဖို့၊

နံပါတ် (၃) အဆင့်ကတော့ နေရပ်ပြန် တွေကို လွဲပြောင်းတဲ့အခါ ထိုင်းမြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတား ကနေ တရားဝင်လွဲပြောင်း ဖို့နဲ့လွှဲပြောင်း မယ့် အရေအတွက်ကို တနေ့ ၅၀၀ နုန်း သတ်မှတ်ချက် နဲ့ လွှဲဖို့ သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ် ။

လူကုန်ကူးခံရသူတွေကို နေရပ်ပြန်ပို့ရေး အစီစဥ် တွေကို ဖေဖော်ဝါရီ ၁၇ ရက် နောက်ပိုင်းမှာစတင်မယ်လို့နယ်ခြားကော်မတီအစည်းဝေးမှာ ပြောဆိုပါတယ် ။

မြဝတီဒေသ ရွှေကုက္ကိုမြို့သစ်ဟာ နယ်ခြားစောင့်တပ်-BGF ထိမ်းချုပ်နယ်မြေဖြစ်လို့ ကျားဖြန့်ကိစ္စများကို စုံစမ်းဖော်ထုတ်ဖို့ဆိုပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျားဖြန့် လူမှောင်ခို အထူးနှိမ်နင်းရေးအဖွဲ့ကို BGF က ဖွဲ့စည်းခဲ့ပါတယ်။ ဖဲွစည်းပြီးမှာပဲ ရွေကုက္ကိုက နေရာစုံကို BGF တွေက ဝင်ရောက်ပြီး လူကုန်ကူးခံရသူတွေကို ရှာဖွေခဲ့ပါတယ်။ ဒီနောက်ထိုင်းဘက်ကိုပြန်လည်အပ်နှံဖို့လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ တနင်္ဂနွေမနက် ကြေးမုံသတင်းစာ ထုတ်ပြန်ချက်မှာတော့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံတချို့ကို တဆင့်ခံ ဖြတ်သန်းကာ မြန်မာနိုင်ငံနယ်စပ်ကို တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေမှာ တရားမဝင် အွန်လိုင်း လောင်းကစားနဲ့ လိမ်လည်မှု လုပ်ငန်းတွေ ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ် အရေးယူနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၅ ရက် အထိ ပြည်ပ နိုင်ငံသား ၇၉၉ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၆၁ ဦးကို ထိုင်းနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့ကာကျန်သူတွေကိုတော့ ဆက်လက် လွဲပြောင်းပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG