သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ႏိုင္ငံ အေျခစိုက္ ကုလသမဂၢ႐ုံး၀န္း တိုက္ခိုက္ခံရ


[FILE] The United Nations multi-agency compound near Herat, Afghanistan

{{Zawgyi/Unicode}}

အာဖဂန္နစၥတန္ႏိုင္ငံ Herat ၿမိဳ႕ က ကုလသမဂၢ႐ုံး၀န္းထဲကို ေသာၾကာေန႔က ေရာ့ကတ္ေတြ၊ ေသနတ္ေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႔ဝင္တဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူေတြလည္း ရွိခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

ကုလသမဂၢ ႐ုံးအေဆာက္အဦးအျဖစ္ အမွတ္အသား အထင္အရွား ရွိေနတဲ့ အေဆာက္အဦးရဲ႕ အ၀င္၀ကို အစိုးရဆန္႔က်င္သူေတြ ပစ္ခတ္တိုက္ခိုက္ခဲ့တာ ျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

“အာဖဂန္ရဲတပ္ဖဲြ႕၀င္ တဦးေသဆုံးၿပီး၊ တျခားလူေတြလည္း ထိခိုက္ဒဏ္ရာရခဲ့တဲ့ Herat ၿမိဳ႕ က အဓိက ႐ုံး၀န္းကို တိုက္ခိုက္မႈအတြက္ အာဖဂနစၥတန္ႏိုင္ငံမွာရွိတဲ့ ကုလသမဂၢ႐ုံးက အျပင္းထန္ဆုံး ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။” လို႔ တဲြဖက္ေျပာခြင့္ရ Eri Kaneko က ေသာၾကာေန႔ နယူးေယာက္႐ုံးခ်ဳပ္မွာ သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အာဖဂနစၥတန္ႏိုင္ငံ အေျခစိုက္ ကုလသမဂၢ အကူအညီေပးေရးလုပ္ငန္း တာဝန္ခံ Deborah Lyons ကေတာ့ ၀မ္းနည္းစရာ လုပ္ရပ္အျဖစ္ အျပင္းအထန္ ႐ႈတ္ခ်လိုက္ပါတယ္။

ေသဆုံးခဲ့သူရဲတပ္ဖြဲ႔ဝင္ရဲ႕ မိသားစုအတြက္ ဝမ္းနည္းေၾကာင္းနဲ႔ ဒဏ္ရာရသူေတြ အျမန္ဆုံး ေပ်ာက္ကင္းေအာင္ ဆႏၵျပပါတယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အာဖဂနစၥတန္ႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္လည္းျဖစ္တဲ့ Lyons က ေျပာဆိုခဲ့တာပါ။

ကုလသမဂၢ အေဆာက္အအုံနဲ႔ ဝန္ထမ္းေတြကို ပစ္မွတ္ထားတိုက္ခိုက္တဲ့ လုပ္ရပ္မ်ဳိးကို ႏိုင္ငံတကာ ဥပေဒအရ တားျမစ္ထားတာေၾကာင့္ စစ္ရာဇဝတ္မႈေျမာက္ႏိုင္ေၾကာင္းလည္း ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။

တာလီဘန္အဖြဲ႔ ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Zabiullah Mujahid ကေတာ့ Herat ၿမိဳ႕က ကုလသမဂၢ႐ုံးအတြက္ အႏၲရာယ္ရွိတဲ့ ၿခိမ္းေျခာက္မႈ တစုံတရာ မရွိခဲ့ေၾကာင္း Twitter ကေန ေၾကညာပါတယ္။ အနီးအနားက တိုက္ခိုက္မႈေတြအတြင္း ထိမွန္တာ ျဖစ္ႏိုင္ေၾကာင္းနဲ႔ တာလီဘန္တပ္ဖဲြ႕ေတြ ေရာက္ရွိသြားၿပီးေနာက္ အႏၲရာယ္မရွိေတာ့ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

Herat ၿမိဳ႕မွာေတာ့ ဗုဒၶဟူးေန႔ေႏွာင္းပိုင္းေလာက္ကစၿပီး တိုက္ခိုက္မႈေတြ ျဖစ္ပြားေနပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဖဂန်နစ္စတန်နိုင်ငံ Herat မြို့ က ကုလသမဂ္ဂရုံးဝန်းထဲကို သောကြာနေ့က ရော့ကတ်တွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ ရုံးအဆောက်အဦးအဖြစ် အမှတ်အသား အထင်အရှား ရှိနေတဲ့ အဆောက်အဦးရဲ့ အဝင်ဝကို အစိုးရဆန့်ကျင်သူတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“အာဖဂန်ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး၊ တခြားလူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ Herat မြို့ က အဓိက ရုံးဝန်းကို တိုက်ခိုက်မှုအတွက် အာဖဂနစ္စတန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။” လို့ တွဲဖက်ပြောခွင့်ရ Eri Kaneko က သောကြာနေ့ နယူးယောက်ရုံးချုပ်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အာဖဂနစ္စတန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အကူအညီပေးရေးလုပ်ငန်း တာဝန်ခံ Deborah Lyons ကတော့ ဝမ်းနည်းစရာ လုပ်ရပ်အဖြစ် အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

သေဆုံးခဲ့သူရဲတပ်ဖွဲ့ဝင်ရဲ့ မိသားစုအတွက် ဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရသူတွေ အမြန်ဆုံး ပျောက်ကင်းအောင် ဆန္ဒပြပါတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အာဖဂနစ္စတန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Lyons က ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ အဆောက်အအုံနဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်မျိုးကို နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားတာကြောင့် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်းလည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

တာလီဘန်အဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahid ကတော့ Herat မြို့က ကုလသမဂ္ဂရုံးအတွက် အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှု တစုံတရာ မရှိခဲ့ကြောင်း Twitter ကနေ ကြေညာပါတယ်။ အနီးအနားက တိုက်ခိုက်မှုတွေအတွင်း ထိမှန်တာ ဖြစ်နိုင်ကြောင်းနဲ့ တာလီဘန်တပ်ဖွဲ့တွေ ရောက်ရှိသွားပြီးနောက် အန္တရာယ်မရှိတော့ကြောင်းလည်း ပြောဆိုခဲ့တာပါ။

Herat မြို့မှာတော့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းလောက်ကစပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG