သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်မှာ ဆန္ဒပြသူတွေကို တာလီဘန်တွေ နှိမ်နင်းမှုကြောင့် ၃ ဦးသေ


People carry Afghan flags as they take part in an anti-Taliban protest in Jalalabad, Afghanistan August 18, 2021 in this screen grab taken from a video. (Pajhwok Afghan News/Handout via REUTERS)
People carry Afghan flags as they take part in an anti-Taliban protest in Jalalabad, Afghanistan August 18, 2021 in this screen grab taken from a video. (Pajhwok Afghan News/Handout via REUTERS)

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်သိမ်းပြီး အာဏာခိုင်မာအောင် တည်ဆောက်နေတဲ့ တာလီဘန်အဖွဲ့က နိုင်ငံအရှေ့ပိုင်းမှာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ စစ်ပွဲအဆုံးသတ်ပြီဖြစ်ကြောင်းနဲ့ လက်တုံ့ပြန် အရေးယူတာတွေ လုပ်မှာမဟုတ်ကြောင်း တာလီဘန်အဖွဲ့က ကြေညာအပြီး နောက်တရက်မှာပဲ Jalalabad မြို့မှာ တာလီဘန်အလံကို ဖြုတ်ချပြီး အာဖဂန်အမျိုးသား အလံကို အစားထိုးလွှင့်ထူခဲ့ ဆန္ဒပြခဲ့တဲ့သူတွေကို တာလီဘန်တပ်ဖွဲ့တွေက လေထဲကို သေနတ်ပစ်ဖောက်၊ ဒုတ်တွေနဲ့ ရိုက်နှက် လူစုခွဲခဲ့ကြကြောင်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ ၃ ဦးထက်မနည်း သေဆုံးပြီး အတော်များများ ဒဏ်ရာတွေရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တာလီဘန်အဖွဲ့က တစုံတရာ မှတ်ချက်ပေးတာမရှိပါဘူး။

အင်္ဂါနေ့ ကတော့ အစ္စလာမ်ဥပဒေနဲ့အညီ အမျိုးသမီးအခွင့်အရေးကို လေးစားလိုက်နာမှာဖြစ်ပြီး၊ သက်ဆိုင်သူတွေ ပါဝင်တဲ့ အစ္စလာမ်အစိုးရ ဖွဲ့စည်းသွားမယ့်အကြောင်း ကတိပေးခဲ့ပါတယ်။

အမေရိကန် နဲ့ ဗြိတိန် တို့ကတော့ အာဖဂန်နစ္စတန် ဖွံဖြိုးတိုးတက်မှုရှိအောင် ပူးပေါင်းဆောင်ရွက်တဲ့ နည်းဗျုဟာကို တခြားနိုင်ငံတွေနဲ့အတူ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း တာလီဘန်တွေ ပေးထားတဲ့ကတိတွေကို လက်တွေ့ အကောင်အထည် ဖော်တဲ့အပေါ် မူတည်လိမ့်မယ်လို့လည်း ပြောဆိုခဲ့တာပါ။

အကြမ်းဖက်ဝါဒ၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ စာနာမှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်နဲ့ မိန်းကလေးတွေ ပညာသင်ခွင့် စတဲ့ကိစ္စတွေမှာ အပြောထက် လက်တွေ့လုပ်ရပ်အပေါ် မူတည်ဆုံးဖြတ်မှာ ဖြစ်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ဗုဒ္ဓဟူးနေ့မှာ ပါလီမန်ကို ပြောဆိုခဲ့ပါတယ်။

အာဖဂနစ္စတန်နိုင်ငံအရေး မဟာမိတ်တွေနဲ့ ဒီမိုကရေစီနိုင်ငံတွေကြား ပူးပေါင်း ဆောင်ရွက်ဖို့ အမေရိကန် သမ္မတ Joe Biden နဲ့လည်း ဗြိတိန်ဝန်ကြီးချုပ် အင်္ဂါနေ့က တယ်လီဖုန်းကနေ ဆွေးနွေးခဲ့ပြီး စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေ ရှေ့သီတင်းပတ်မှာ ဆွေးနွေးဖို့လည်း သဘောတူခဲ့ကြပါတယ်။

...............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG