သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တာေမြမွာ ရဲအင္အားအလံုးအရင္းနဲ႔ ႏွိမ္နင္း


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုေပၚမွာ ေတြ႔ရတဲ့ ဒိုင္းမ်ားကိုင္ေဆာင္ထားတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုရဲ႕ လမ္းေပၚမွာ ေတြ႔ရတဲ့ ျပည္သူလူထု။ (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)
ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုရဲ႕ လမ္းေပၚမွာ ေတြ႔ရတဲ့ ျပည္သူလူထု။ (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

ဒီကေန႔ညဦးပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမ္ိဳ႕နယ္၊ ေက်ာင္းေျမာင္းရပ္ကြက္ ေအာင္မဂၤလာလမ္းမမွာ စစ္တပ္က ဖြဲ႔စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီက ခန္႔ထားတဲ့ ရပ္ကြက္အုပ္ခ်ပ္ေရးမွဴးကို ရပ္ကြက္ေနလူထုက ဝိုင္းၿပီး ကန္႔ကြက္ေနခ်ိန္ ရဲအင္အား အလံုးအရင္းနဲ႔ ေရာက္လာခဲ့ပါတယ္။ ရပ္ကြက္ေနလူထုက ကန္႔ကြက္ေႂကြးေက်ာ္သံေတြ ေအာ္ဟစ္ၾကတဲ့အခ်ိန္မွာ ရဲေတြက လူအုပ္ထဲ အတင္း ဝင္႐ိုက္နွက္ၿပီးေတာ့ ေသနတ္နဲ႔လည္း ပစ္ခတ္တာကို အခင္းျဖစ္တဲ့ေနရာကေန Facebook မွာ တုိက္႐ုိက္ထုတ္လႊင့္တဲ့ ဗီဒီယိုေတြမွာ ေတြ႔ရပါတယ္။ ေသနတ္ပစ္ခတ္သံ ၁၀ ခ်က္ထက္မနည္းကို ဗီြအိုေအက လက္ခံရရွိတဲ့ ဗီဒီယိုထဲမွာ ၾကားရပါတယ္။

ေနာက္ထပ္ ရဲအင္အားအလုံးအရင္း စစ္ကားေတြနဲ႔ ထပ္ေရာက္လာတယ္လို႔ မ်က္ျမင္ေတြ႔သူေတြက ဗီြအိုေအကို ေျပာပါတယ္။ အဲဒီအခ်ိန္မွာ ရပ္ကြက္ေနလူထုကလည္း သံပုံးေတြတီးၿပီးေတာ့ ကန္႔ကြက္ေၾကာင္း ျပသၾကပါတယ္။

ည ၇ နာရီေက်ာ္ ပတ္၀န္းက်င္မွာ ရဲအင္အားအမ်ားအျပားဟာ မအူကုန္းရပ္ကြက္တြင္းက လမ္းေတြထဲကို ဒုိင္းေတြကိုင္ၿပီး ရင္ေဘာင္တန္း ၀င္ေရာက္တာကို တုိက္႐ုိက္လႊင့္တဲ့ ဗီဒီယိုေတြမွာေတြ႔ရပါတယ္။ ေရွ႕ဆုံးမွာေတာ့ ေသနတ္ကိုင္ရဲ ၃ ဦးထက္မနည္းကိုလည္း ေတြ႔ရပါတယ္။ ရပ္ကြက္ေနလူထု သံပုံးတီးရင္ပစ္မယ္လို႔ ရဲအႀကီးအကဲကေျပာတဲ့အေၾကာင္း အဲဒီေနရာကေန တုိက္႐ုိက္ထုတ္လႊင့္ေနတဲ့ သတင္းေထာက္တဦးကေျပာတာၾကားရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ရဲေတြက လမ္းလယ္ေခါင္မွာ ရပ္တန္႔ေနရာယူထားတာကို ေတြ႔ရပါတယ္။

ဖမ္းဆီးခံရတဲ့သူ ၁၅ ေယာက္ထက္မနည္းရွိတယ္လို႔ ရပ္ကြက္သူတဦးက ဗီြအိုေအကို ေျပာပါတယ္။

"လံုးဝတရားမွ်တမႈ မရွိဘူးေပါ့ေနာ္။ က်မတို႔ လုိခ်င္တဲ့ ဒီမိုကေရစီနဲ႔ က်မတို႔ လိုခ်င္တဲ့ ျပည္သူ႔ရဲဆိုတာ ဒါမ်ိဳးမဟုတ္ဘူးေနာ္။ ျပည္သူ႔ရဲေတြကို က်မေမးခ်င္တဲ့ ေမးခြန္းတခုက သူတို႔ ဘာေတြကို ေမွ်ာ္လင့္ၿပီးေတာ့ ျပည္သူလူထုဘက္မွာ မရပ္တည္ႏိုင္တာလဲဆိုတာေလး တခုပါ။"

ဒီကေန႔ည ၈ နာရီမွာေတာ့ ခါတိုင္းရက္ေတြလိုပဲ ရပ္ကြက္လူထုက သံပံုးတီးၾကၿပီး ပိုၿပီး က်ယ္ေလာင္တယ္လို႔ ရပ္ကြက္ေနသူတစ္ဦးက ဗီြအိုေအကိုေျပာပါတယ္။

[Unicode Version]

တာမွေမှာ ရဲအင်အားအလုံးအရင်းနဲ့ နှိမ်နင်း

ဒီကနေ့ညဦးပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွြေမို့နယ်၊ ကျောင်းမြောင်းရပ်ကွက် အောင်မင်္ဂလာလမ်းမမှာ စစ်တပ်က ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်ထားတဲ့ ရပ်ကွက်အုပ်ချပ်ရေးမှူးကို ရပ်ကွက်နေလူထုက ဝိုင်းပြီး ကန့်ကွက်နေချိန် ရဲအင်အား အလုံးအရင်းနဲ့ ရောက်လာခဲ့ပါတယ်။ ရပ်ကွက်နေလူထုက ကန့်ကွက်ကြွေးကျော်သံတွေ အော်ဟစ်ကြတဲ့အချိန်မှာ ရဲတွေက လူအုပ်ထဲ အတင်း ဝင်ရိုက်နှက်ပြီးတော့ သေနတ်နဲ့လည်း ပစ်ခတ်တာကို အခင်းဖြစ်တဲ့နေရာကနေ Facebook မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။ သေနတ်ပစ်ခတ်သံ ၁၀ ချက်ထက်မနည်းကို ဗွီအိုအေက လက်ခံရရှိတဲ့ ဗီဒီယိုထဲမှာ ကြားရပါတယ်။

နောက်ထပ် ရဲအင်အားအလုံးအရင်း စစ်ကားတွေနဲ့ ထပ်ရောက်လာတယ်လို့ မျက်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။ အဲဒီအချိန်မှာ ရပ်ကွက်နေလူထုကလည်း သံပုံးတွေတီးပြီးတော့ ကန့်ကွက်ကြောင်း ပြသကြပါတယ်။

ည ၇ နာရီကျော် ပတ်ဝန်းကျင်မှာ ရဲအင်အားအများအပြားဟာ မအူကုန်းရပ်ကွက်တွင်းက လမ်းတွေထဲကို ဒိုင်းတွေကိုင်ပြီး ရင်ဘောင်တန်း ဝင်ရောက်တာကို တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုတွေမှာတွေ့ရပါတယ်။ ရှေ့ဆုံးမှာတော့ သေနတ်ကိုင်ရဲ ၃ ဦးထက်မနည်းကိုလည်း တွေ့ရပါတယ်။ ရပ်ကွက်နေလူထု သံပုံးတီးရင်ပစ်မယ်လို့ ရဲအကြီးအကဲကပြောတဲ့အကြောင်း အဲဒီနေရာကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းထောက်တဦးကပြောတာကြားရပါတယ်။ နောက်ပိုင်းမှာတော့ ရဲတွေက လမ်းလယ်ခေါင်မှာ ရပ်တန့်နေရာယူထားတာကို တွေ့ရပါတယ်။

ဖမ်းဆီးခံရတဲ့သူ ၁၅ ယောက်ထက်မနည်းရှိတယ်လို့ ရပ်ကွက်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"လုံးဝတရားမျှတမှု မရှိဘူးပေါ့နော်။ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီနဲ့ ကျမတို့ လိုချင်တဲ့ ပြည်သူ့ရဲဆိုတာ ဒါမျိုးမဟုတ်ဘူးနော်။ ပြည်သူ့ရဲတွေကို ကျမမေးချင်တဲ့ မေးခွန်းတခုက သူတို့ ဘာတွေကို မျှော်လင့်ပြီးတော့ ပြည်သူလူထုဘက်မှာ မရပ်တည်နိုင်တာလဲဆိုတာလေး တခုပါ။"

ဒီကနေ့ည ၈ နာရီမှာတော့ ခါတိုင်းရက်တွေလိုပဲ ရပ်ကွက်လူထုက သံပုံးတီးကြပြီး ပိုပြီး ကျယ်လောင်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG