သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသတွင်းနက်ကြီး ဓာတ်ပုံဆရာတွေ သိပ္ပံအော်စကာဆု ရရှိ


ဧပြီလ ၁၀ ရက်နေ့က black hole ဓါတ်ပုံ ရှင်းလင်းပွဲ
ဧပြီလ ၁၀ ရက်နေ့က black hole ဓါတ်ပုံ ရှင်းလင်းပွဲ

အလင်းနှစ် သန်းပေါင်း ၅၀ လောက်ရှိတဲ့အကွာအဝေးမှာ ရှိတဲ့ black hole လို့ခေါ်တဲ့ အာကာသ တွင်းနက်ကြီးရဲ့ ဓါတ်ပုံကို နိုင်ငံတကာသိပ္ပံပညာရှင် ၃၄၇ ဦးပူးပေါင်းကြိုးပမ်းပြီး ပထမဆုံး ပြသနိုင်ခဲ့တဲ့ အတွက် သူတို့ကို သိပ္ပံဆိုင်ရာ အော်စကာ Oscars of science ဆုချီးမြှင့်လိုက်ပါတယ်။

နက္ခတ္တဗေဒ ဆိုင်ရာ ရူပဗေဒပညာရပ်မှာ ထူးခြားတဲ့ အောင်မြင်မှုအဖြစ် ဒီ သိပ္ပံဆိုင်ရာ ထိုးထွင်းအောင်မြင်မှု Breakthrough Prize ဆုက ဒေါ်လာ ၃ သန်း ဆုကြေးငွေ ရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ မှန်ပြောင်းကွန်ယက်ကို သုံးပြီး သုတေသနပညာရှင်ပေါင်း ၃၀၀ ကျော်ပါဝင်တဲ့ Event Horizon Telescope စီမံကိန်းကနေ black hole ကို တိုက်ရိုက်လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က လိမ္မော်ရောင် မီးလျှံတွေနဲ့ အဖြူရောင်ဓါတ်ရောင်ခြည်တွေဖြာနေတဲ့ black hole အာကာသတွင်းနက်ကြီးရဲ့ ဓါတ်ပုံကို သုတေသနပညာရှင်တွေ ပထမဆုံးထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါဟာ ရူပ နက္ခတ္တဗေဒ ဆိုင်ရာ Harvard-Smithsonian စင်တာ ကနေ ရူပနက္ခတဗေဒပညာရှင် Shep Doelman ဦးဆောင်မှုနဲ့ သုတေသန ပညာရှင်တွေ ဆယ်စုနှစ် တခုကျော် ကြိုးပမ်းခဲ့တဲ့ အောင်မြင်မှု ရလဒ်လည်းဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်တွေ အဖြစ် အသိအမှတ်ပြုပေးအပ်တဲ့ ဒီ Breakthrough Prize ဆုမှာ လူမှုသိပ္ပံဆုနဲ့ သင်္ချာပညာရပ် ဆုတွေလည်း ပါဝင်ပြီး အလားတူ ဒေါ်လာ ၃ သန်းစီရရှိမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မြို့ NASA Ames သုတေသနစင်တာမှာ ဆုတွေကို ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG