သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အာဏာ ရှင်စနစ် ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ရရှိဖို့ တက္ကသိုလ်ကျောင်း သားတွေ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ 10 D လှုပ်ရှားမှု- ငွေရတုအခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။ အခုလို ၂၅ နှစ်ကြာလာပြီဖြစ်ပေမယ့် အဲဒီ အချိန်က မျှော်မှန်း တောင်းဆိုခဲ့တဲ့ အရာတွေဟာ ခုချိန်မှာ တင်းပြည့်ကျပ်ပြည့် ဖြစ် မလာသေးဘူး လို့ 10 D လှုပ်ရှားမှုမှာပါခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ က ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်ကဆက်ပြီး တင်ပြပါမယ်။

10 D လှုပ်ရှားမှု ငွေရတုအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက် ဆိုင်မှာ ဒီကနေ့ ကျင်းပခဲ့ကြပြီး အဲဒီလှုပ်ရှားမှုမှာပါဝင်သူတွေ နဲ့ နိုင်ငံရေးနယ်ပယ် က ပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို၁၉၉၀ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် အဖြစ် ရွေးချယ်ချီးမြှင့်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒေါ်စု နေအိမ် အကျယ်ချုပ်ကျနေ တာကြောင့် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းက ရန်ကုန်တက္ကသိုလ် ပင်မ ထဲမှာ ကျောင်းသားတွေ စုဝေး ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြခဲ့ကြလို့ သူတို့ရဲ့လှုပ်ရှားမှုကို 10 D လှုပ်ရှားမှုလို့ နာမည်ပေးထားကြ တာ ဖြစ်ပါတယ်။ အဲဒီအချိန် စစ်အစိုးရကလည်း 10 D လှုပ်ရှားမှုမှာပါတဲ့ ကျောင်းသားရာကျော်ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဦးကိုကိုကြီး ဟာ 10 D လှုပ်ရှားမှုမှာပါတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ဒီလို အထိမ်းအမှတ်အခမ်းအနား ကျင်းပရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ခုလိုပြော လာပါတယ်။

“ အဓိကကတော့ လွန်ခဲ့တဲ့ ၂၅နှစ်က ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရရှိခြင်း အထိမ်းအမှတ် ဂုဏ်ပြုဆန္ဒပြပွဲ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ ဖြစ်ခဲ့တယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေ ရာနဲ့ချီပြီးတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်။ အဲဒီတုန်းက ကျနော်တို့ 10 D လှုပ်ရှားမှုမှာပါခဲ့တဲ့ ကျောင်းသား လူငယ်တွေ အားလုံး ပြန်ပြီးတော့ ဒီ၂၅နှစ်မြောက် ငွေရတုအခမ်းအနား အထိမ်း အမှတ် အဖြစ်နဲ့ စုစည်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ နောက်တခုက လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆွေးနွေး ကြတာတွေ ရှိပါတယ်။ ဒီအပြောင်းအလဲမှာ 10 D တုန်းကရှိခဲ့တဲ့ စိတ်ဓါတ် ခံယူချက်မျိုးနဲ့ ကျနော်တို့အားလုံး ဆက်ပြီးတော့ ဆောင်ရွက်ကြဖို့ ဒီအခမ်းအနားမှာ ပြောဆိုဆွေးနွေးကြတာပါ ”

10 D လှုပ်ရှားမှုတုန်းက အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့် အရေးတွေရဖို့ တောင်းဆိုခဲ့ကြပြီး ၂၅ နှစ်ကြာလာတဲ့ အခုချိန် အထိ သူတို့ မျှော် မှန်းတောင်းဆိုခဲ့တာတွေ တင်းပြည့်ကျပ်ပြည့် ဖြစ်မလာသေးဘူးလို့ ဦးကိုကိုကြီး က ပြောပါတယ်။

“ ထူးခြားတာက ၈၈၈၈ အရေးတော်ပုံကြီး ပြီးတဲ့နောက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်း သားတွေ အနေနဲ့ ဒါ .. စစ်အစိုးရကို စိန်ခေါ်ခဲ့တဲ့ လှုပ်ရှားမှု တခုအဖြစ်နဲ့ မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ အခုကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲ နောက်ပိုင်းမှာ လူထုကရွေးေ ကာက်တင်မြှောက်တဲ့ အစိုးရ၊ လွှတ်တော်ပေါ့လေ .. သို့သော် လွှတ်တော် အစိုးရ ဆိုတဲ့အခါမှာ ၇၅% လွှတ်တော်ပေါ့၊ နောက် အစိုးရဆိုတဲ့အခါမှာလည်း တင်းပြည့် ကျပ်ပြည့် မဟုတ်သေးပေမယ့်လို့ နိုင်ငံတော်သမ္မတ အဲဒီကနေ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဆိုတာတွေတော့ ဖြစ်လာတယ်။ သို့သော် တင်းပြည့် ကျပ်ပြည့် ကျနော်တို့ မျှော် လင့်ထားသလောက် ဖြစ်လာအောင်ကတော့ ကျနော်တို့ အများကြီး ဆက်လုပ်ရ ဦးမှာပါ ”

10 D ငွေရတုအခမ်းအနား တက်ရောက်ကြသူများ
10 D ငွေရတုအခမ်းအနား တက်ရောက်ကြသူများ

မြန်မာနိုင်ငံမှာတော့ အခုချိန်ထိတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေဆဲ ပဲလို့ ဦးကိုကိုကြီးက ပြောပါတယ်။

“ လူ့အခွင့်အရေး ချိုးဖေါက်မှုဆိုတာကတော့ ကျနော်တို့ လက်လှမ်းမမှီတဲ့ နယ်ပယ်ေ တွမှာ ရှိနေဆဲပါပဲ၊ တခုက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုပေါ့ .. ဆိုတော့ ပြည်သူကြားထဲမှာရော ဒီဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေ ကြားထဲမှာပါ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်တွေ ဖြစ်လာအောင် လုပ်ဖို့တွေ လိုပါသေးတယ်။ေ နာက်တခုက လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်လို့ ကာကွယ် တားဆီးနိုင်တဲ့ စနစ်ပေါ့၊ ဥပဒေတွေ အဖွဲ့အစည်းတွေ ဒါတွေလည်း ကျနော်တို့ ဆက်ပြီးဆောင်ရွက် ဖို့ကတော့ လိုနေပါသေးတယ်”

10 D လှုပ်ရှားမှု ၂၅နှစ်ပြည့် အခမ်အနားကို NLD ပါတီ နာယက ဦးတင်ဦးလည်း တက်ရောက် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ ဦးတင်ဦးက -

“ အဲဒီအချိန်တုန်းက ကျနော်တို့ အကျဉ်းထောင်ထဲမှာလေ ထောင်ကျနေကြတာကိုး။ အပြင်မှာ အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရတာနဲ့ ပတ်သက်လို့ နှစ်ပတ်လည်နေ့ လုပ်တာကို ကျနော်တို့တတွေဟာ ဒေါ်အောင်ဆန်း စုကြည်က အခုလုပ်လာတာ ပြောင်ပြောင်မြောက်မြောက် ရွတ်ရွတ်ချွံချွံ ငြိမ်းချမ်းရေး အတွက်ပဲ သူ့ခေါင်းထဲမှာ ရှိပြီးလုပ်တဲ့ကိစ္စရပ်တွေ အလေးအနက် ပြောပြီးတော့ သူတို့ရဲ့လုပ်ကိုင် ဆောင်ရွက်မှုလေးတွေကို ကျနော် အမှတ်တရ ပြောခဲ့တာပါပဲ ”

10 D လှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ရွေး ချယ်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG