သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု အယူခံ ထိုင်းတရားရုံးလက်ခံ


ထိုင်း တရားရုံးက သေဒဏ်ပေးခံ ထားရတဲ့ ဝင်းဇော်ထွန်း နဲ့ ဇော်လင်း တို့ကို ဒီဇင်ဘာ ၂၀၁၅ တွင် ရုံးထုတ်စစ်ဆေးစဉ်
ထိုင်း တရားရုံးက သေဒဏ်ပေးခံ ထားရတဲ့ ဝင်းဇော်ထွန်း နဲ့ ဇော်လင်း တို့ကို ဒီဇင်ဘာ ၂၀၁၅ တွင် ရုံးထုတ်စစ်ဆေးစဉ်

ထိုင်းနိုင်ငံက ကော့တောင်အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ဦး သတ်ဖြတ်ခံရမူနဲ့ ပတ်သက်လို့ ထိုင်း တရားရုံးက သေဒဏ်ပေးခံ ထားရတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမား လူငယ်၂ ဦး အတွက်အယူခံကို တရားရုံးက ဒီကနေ့ပဲ လက်ခံလိုက်ပါတယ်။ မြန်မာလူငယ် ၂ ဦး ဖြစ်တဲ့ ဝင်းဇော်ထွန်း၊ ဇော်လင်း တို့ရဲ့ အမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှ လူငယ် ၂ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လု့ိ မြန်မာနိုင်ငံသား ရွေပြောင်းလုပ်သား ၂ ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့နောက်မှာတော့ သူတို့အတွက် အယူခံကို တလချင်းအလိုက် ရက်တိုးပေးဖို့တောင်းဆိုခဲ့ရာမှာမှာ ၅လ မြောက်အဖြစ် ထိုင်းအယူခံ တရားရုံးက ခွင်ပြုပေးခဲ့တာပါ။ဒါပေမဲ့ ဒါဟာ နောက်ဆုံးထပ်တိုးပေးဖို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို အယူခံတရားရုံးကပြောဆိုထားတာပါ အခုအခါမှာတော့ အယူခံတရားရုံကနေ ပြန်လည်စစ်ဆေးဖို့အတွက်လက်ခံလိုက်ပြီဖြစ်တယ်လို့ တရာခံတွေရဲ့အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုုးသန့် ကပြောပါတယ်။

“အဓိကတော့ အန်ကယ်တို့ အယူခံမှာ စာမျက်နှာ ၂၀၀ ကျော်မှာ အမှုအတွင်းမှာ တောက်လျှောက်စစ်လာတဲ့ ထိုင်းရှေ့နေများကောင်စီရဲ့တွေ့မြင်ချက် နောက်တခါ မြန်မာနိုင်ငံကနေပြီးတော့ ဖွဲ့စည်းပေးထားတဲ့ ဥပဒေအရာရှိများရဲ့ အကြံပေးချက်နဲ့ နောက်တခါ မှုခင်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားမှုခင်းပညာရှင်တွေရဲ့ အကြံပေးချက်တွေနဲ့ ရေးထားတာပါ။ ဘာဖြစ်လို့ရေးထားသလဲဆိုရင် ဒီအမှုနဲ့ ပတ်သက်လို့ ထင်သာမြင်သာရှိတဲ့ အချက်တွေကို အဓိကထားပြီးတော့ ကျနော်တို့ရေးထားရခြင်းဖြစ်ပါတယ်။ အယူခံလျှောက်လွှာမှာရေးသား တင်ပြထားတာမို့ အယ်ကယ်တို့အနေနဲ့ အမှုတွဲနဲ့ ပတ်သက်လို့ အယူခံမှာလုံး၀ ရာနှုန်းပြည့် လက်ခံလိမ့်မယ်လို့လဲမျှော်လင့်ခဲ့တာဖြစ်ပါတယ်။”

အယူခံတရားရုံးကနေ ဘယ်လို ဆုံးဖြတ်သလဲဆိုတာ မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရားခံတွေရဲ့ အကျိုုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် ကပြောပါတယ်။

“သုံးသပ်မယ်ဆိုရင် အယ်ကယ်တို့တင်ထားတဲ့အမှုတွဲ အယူခံဟာ စာမျက်နှာ ၂၀၀ ကျော်ရှိပါတယ်။ ဒီစာမျက်နှာ ၂၀၀ ကျော်မှာ ဒီပေါ်မှာပါတဲ့ သက်သေတွေကိုပဲ အရေးကြီးတာ ပြန်လည်သုံးသပ်ဖို့ရှိမလား ။ ဒါမှမဟုတ်လို့ရှိရင် အရေးကြီးတဲ့ သက်သေခံအထောက်အထားတွေကို တင်ပြဖို့ရှိမလား၊ အရေးကြီးတဲ့ DNA နဲ့ ပတ်သက်တဲ့ဟာတွေကို သုံးသပ်စစ်ဆေးဖို့ လိုမလားဆိုတာကတော့ နောက်အယူခံတရားရုံးက တရားသူကြီးအဖွဲ့ရဲ့ သုံးသပ်ချက်အပေါ်မူတည်ပါတယ်။ အဲဒီကထွက်လာမယ့်အမိန့်ကို မူတည်ပြီးတော့ အန်ကယ်တို့ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပါတယ်။ သူတို့ လွှတ်မြောက်ရေးနဲ့ တရားမျှတစွာ စီရင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့တာပါ။မေလ၂၃ ရက်နေ့မှာတော့ သူတို့ အယူခံကို အယူခံတရားရုံးက ဆုံးဖြတ်ချက် ပေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG